Google Allo ကို မကြာမီ Desktop မှာ အသုံးပြုနိုင်တော့မည်

date_range 24 February 2017

Google Allo ကို မကြာမီ Desktop မှာ အသုံးပြုနိုင်တော့မည်

visibility Views

လွန်ခဲ့တဲ့နှစ်တုန်းက Google ကနေ စထုတ်ပေးခဲ့တဲ့ Allo app ကို သိလိုက်ကြသူတွေရှိမှာပါ။ Google Assistant တပါတည်းပါဝင်တာကြောင့် နာမည်ကြီးခဲ့တဲ့ မိုဘိုင်း App တစ်ခုဖြစ်ပြီး၊ အခုဆိုရင် ဒီ App ကို ကွန်ပြူတာမှာပါ အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

Google ရဲ့ ဆက်သွယ်ရေးပိုင်းဆိုင်ရာထုတ်ကုန်ဌာနမှူးဖြစ်တဲ့ Nick Fox ရဲ့ တွစ်တာ မှာ တင်ထားတဲ့ Screenshot ပုံမှာ Desktop ဗားရှင်း Allo App ကို တွေ့မြင်ခဲ့ရပြီး၊ Fox ရဲ့ ရေးသားချက်အရ Allo Desktop App ကို ရေးဆွဲနေတုန်းဖြစ်ပြီး၊ မကြာမီထွက်ရှိလာတော့မှာဖြစ်တော့လို့ သိရပါတယ်။


ပုံမှာပြထားတာကိုကြည့်မယ်ဆိုရင် Web version “Allo” မှာ စမတ်ဖုန်း app ကအတိုင်း Reply ပြန်ဖို့ အသင့်လျော်ဆုံးစကားလုံးကိုအလိုလိုဖော်ပြပေးမယ့် ‘Smart Reply’ ၊ စတစ်ကာတွေနဲ့ Google Assistant တို့ ပါဝင်တာကို တွေ့ရမှာပါ။

Google အနေနဲ့ Facebook ရဲ့ Messenger app အပါအဝင် တခြား Chat App တွေကို ယှဥ်ပြိုင်ဖို့အတွက် Allo ကို Desktop အထိခေါ်ဆောင်လာတာဖြစ်ပြီး၊ ကွန်ပြူတာပဲအသုံးများတဲ့ ကျနော်တို့လိုလူတွေအတွက် တော်တော်အဆင်ပြေမှာပါ။

References
Android Authority
About Author
Assinged Tags
Google Google Assistant Applications Allo Chat Apps
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed