Google Assistant ပါဝင်တဲ့ Headphone တစ်ခုကို ထုတ်လုပ်ဖွယ်ရှိတဲ့ Google

date_range 23 August 2017

Google Assistant ပါဝင်တဲ့ Headphone တစ်ခုကို ထုတ်လုပ်ဖွယ်ရှိတဲ့ Google

visibility 180 Views

                Apple ကနေ Air Pods Earphones တွေကို ထုတ်လုပ်ပြီးနောက်ပိုင်းမှာ Google ကလည်း သူရဲ့ကိုယ်ပိုင် Google Assistant ပါဝင်တဲ့ Earphones ဒါမှမဟုတ် Headphone တစ်မျိုးကို ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။ 

                အဆိုပါသတင်းကို 9to5Google ကနေ သိရှိခဲ့တာဖြစ်ပြီး ယခုနောက်ဆုံးထွက်ရှိလာတဲ့ Google App (7.10) မှာ ပါဝင်လာတဲ့ Code Line တွေကြောင့် သိရှိခဲ့တာဖြစ်ပါတယ်။ ယခု Code Line တွေအရ Google ရဲ့ Earphones ဒါမှမဟုတ် Headphone ဖြစ်လာမယ့် Product ကို Codename "Bisto" လို့ ပေးထားပြီး

<string name=”bisto_magic_pairing_assistant_prop_text”>”Your headphones have the Google Assistant. Ask it questions. Tell it to do things. It’s your own personal Google, always ready to help.”</string>

                ဆိုတဲ့ Code Line ကိုလည်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

                ဒီ Code တစ်ခုထဲက Google Assistant ပါဝင်တဲ့ Headphone ကို ပြုလုပ်နေတယ်လို့ ပြောလို့မရပေမယ့်၊ 9to5Google က Teardown လုပ်ထာတဲ့ တခြား Code Line တွေအရ Notifications တွေကို ပြောပြပေးပြီး Reply ပြန်နိုင်တဲ့ Feature၊ Assistant ကို Disable လုပ်ထားနိုင်တဲ့ Feature စတဲ့ Headphone တစ်ခုမှာ Google Assistant ကို အသုံးချနိုင်တဲ့ တခြား Feature တွေလည်း တွေ့မြင်ခဲ့ရတာကြောင့်၊ သေချာသလောက်ရှိနေပါတယ်။

                Headphone တစ်ခုဆိုတာကို သေချာစေတဲ့ နောက်ထပ်တစ်ချက်ကတော့

<string name=”voice_query_wrong_button4″>To talk to me or ask me a question, press and hold the Google Assistant button on the left earcup while talking.</string>

                ဆိုပြီး အဓိပ္ပါယ်ရတဲ့ Code နောက်တစ်ကြောင်းကြောင့်ပဲဖြစ်ပါတယ်။ အခု ဒီ Codeline တွေကြောင့် Google က ထုတ်လုပ်လာမယ့် Headphone က အနည်းဆုံး Physical Buttons တစ်ခုတော့ အနည်းဆုံးပါဝင်လာမယ်လို့ ခန့်မှန်းရပါတယ်။

                Google အနေနဲ့ Google Assistant ပါဝင်တဲ့ Headphone တစ်မျိုးမျိုးကို ဒီနှစ်ကုန်ပိုင်းလောက်မှာ ကြေငြာဖို့ရှိတယ်လို့ ခန့်မှန်းရပြီး၊ Google Pixel 2 Smartphone နဲ့အတူ ကြေငြာသွားမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

References
9to5Google The Verge
About Author
Assinged Tags
Google Google Assistant Google Headphone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed