Huawei Mate 10 ဟာ Apple iPhone 8 ထက် ပိုမိုကောင်းမွန်လာမှာလား

date_range 03 August 2017

Huawei Mate 10 ဟာ Apple iPhone 8 ထက် ပိုမိုကောင်းမွန်လာမှာလား

visibility 1700 Views

                Apple ကုမ္ပဏီကနေ Apple iPhone 8 ကိုလာမယ့် စက်တင်ဘာလမှာ ထုတ်ပြဖို့ ကျိန်းသေသလောက်ဖြစ်နေပါပြီ။ အဲ့ဒီအချိန်မှာ Huawei ကုမ္ပဏီရဲ့ Customer Division ဦးစီးသူ Richard Yu က Huawei ကနေ အသစ်ထုတ်လုပ်မယ့် Huawei Mate 10 Smartphone ဟာ Apple iPhone 8 ထက် ကဏ္ဍတော်တော်များများမှာ ပိုမိုကောင်းမွန်တယ် ဆိုပြီး ပြောကြားခဲ့ပါတယ်။ 

                Huawei ရဲ့ Flagship Series ဖြစ်တဲ့ Huawei Mate Series ဟာ ကုမ္ပဏီရဲ့အကောင်းဆုံးဖုန်းတွေလို့ပြောလို့ရတဲ့အပြင် ပြီးခဲ့တဲ့နှစ်ကလည်း Huawei Mate 9 ဖုန်းကို Porsche Design Edition နဲ့ပါ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ 

                Richard Yu ရဲ့ ပြောကြားချက်အရတော့ Huawei Mate 10 Smartphone ကို Apple iPhone နဲ့ အချိန်မကွာပဲ ထုတ်ဖော်ပြသသွားမယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် Huawei Mate 10 ကိုလည်း စက်တင်ဘာလထဲမှာပဲ တွေ့မြင်ရဖို့ရှိပါတယ်။ နောက်ပြီး Huawei Mate 10 ဖုန်းမှာ ပိုပြီးကြာရှည်ခံလာမယ့် Battery နဲ့ Screen အပြည့်ဖြစ်လာမယ့် Display ပါ၀င်လာမယ် လို့ပြောကြားသွားတဲ့အတွက် Huawei Mate 10 ဟာ ပထမဆုံး Huawei ရဲ့ Bezel-less Display စမတ်ဖုန်းတစ်လုံးဖြစ်လာဖို့ရှိပါတယ်။

                လက်ရှိကောလာဟလတွေအရတော့ Huawei Mate 10 မှာ Resolution 2160 × 1080 Pixels ရှိတဲ့ 6" Full Active Display ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ တခြား Features တွေအနေနဲ့ အားသွင်းတဲ့အခါ ပိုမိုမြန်ဆန်လာအောင်ပြုလုပ်ထားပြီး၊ ကင်မရာပိုင်းမှာလည်း ယခုလက်ရှိဖုန်းတွေထက် ပိုပြီးကောင်းမွန်မယ်လို့ သိရပါတယ်။ 

                နောက်ထပ် သေချာတဲ့အချက်တစ်ချက်ကတော့ Huawei Mate 10 မှာ Huawei ရဲ့ ကိုယ်ပိုင် CPU ဖြစ်တဲ့ HiSilicon Kirin 970 Processor ကိုအသုံးပြုသွားမှာဖြစ်ပြီး လက်ရှိသိရတဲ့သတင်းတွေအရတော့ Qualcomm ရဲ့ လက်ရှိအကောင်းဆုံး CPU ဖြစ်တဲ့ Snapdragon 835 CPU ထက်တောင် ပိုပြီးမြန်ဆန်မှာဖြစ်ပါတယ်။ 

                Richard Yu ရဲ့ စကားအရဆိုရင်တော့ Huawei Mate 10 ဟာ Apple iPhone 8 ကို တိုက်ရိုက်ယှဉ်ပြိုင်ဖို့အတွက်ထွက်ရှိလာမှာဖြစ်ပြီး၊ တကယ်ကော ပိုပြီးစွမ်းဆောင်ရည်ကောင်းနိုင်ပါ့မလား ဆိုတာကိုတော့ စက်တင်ဘာလမှာ မိတ်ဆက်တဲ့အခါကျ ပိုမိုသိရှိလာရမှာပါ။

References
Phandroid
About Author
Assinged Tags
Huawei iPhone 8 related news Huawei Mate 10 Huawei Vs Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed