iPhone 8 ရဲ့ Face ID ကို ‘Crown Jewel’ လို့ နာမည်ပေးထားပြီး၊ မီလီစက္ကန့်အနည်းငယ်အတွင်း ဖုန်းကို Unlock လုပ်နိုင်မည်

date_range 24 August 2017

iPhone 8 ရဲ့ Face ID ကို ‘Crown Jewel’ လို့ နာမည်ပေးထားပြီး၊ မီလီစက္ကန့်အနည်းငယ်အတွင်း ဖုန်းကို Unlock လုပ်နိုင်မည်

visibility 1320 Views

                ခန့်မှန်းခြေ လာမယ့်စက်တင်ဘာလအတွင်း မိတ်ဆက်ပေးသွားဖွယ်ရှိနေတဲ့ iPhone 8 နဲ့ ပတ်သတ်ပြီး၊ သတင်းတွေကတော့ တစ်ခုပြီးဆိုသလို ဆက်တိုက်ထွက်ပေါ်နေပါတယ်။

                iPhone 8 နဲ့ ပတ်သတ်ပြီး အခုနောက်ထပ်သိရှိရတဲ့ Bloomberg ရဲ့ Report တစ်ခုအရ၊ iPhone 8 မှာ ပါဝင်လာမယ့် ဖုန်းရှေ့ဘက် 3D Sensor (Face ID) ကို Apple အနေနဲ့ “Crown Jewel” လို့ ခေါ်ဆိုသွားမှာဖြစ်ပြီး၊ iPhone 8 ကို “ မီလီစက္ကန့် ရာဂဏန်းအနည်းငယ်” အတွင်းမှာ Unlock လုပ်နိုင်မယ်လို့ သိရပါတယ်။ တစ်စက္ကန့်မှာ ၁,၀၀၀ မီလီစက္ကန့်ရှိတာကြောင့်၊ iPhone 8 ဟာ စက္ကန့်ဝက်တောင် မကြာတဲ့အချိန်တွင်းမှာ ပိုင်ရှင်ရဲ့ မျက်နှာနဲ့တင် ဖုန်းကို Unlock ပြုလုပ်လာနိုင်ဖို့ ရှိပါတယ်။

                Apple ဟာ သူ့ Devices တွေက Fingerprint Sensor ကို “Touch ID” လို့ နာမည်ပေးထားပေမယ့် iPhone 8 ရဲ့ 3D Face Scanner ကိုတော့ “Face ID” လို့ မခေါ်ဘဲ၊ “Crown Jewel” လို့ နာမည်ပေးထားတာကတော့ နည်းနည်းထူးဆန်းတယ်လို့ ပြောရမှာပါ။ Apple Watch မှာပါတဲ့ Crown ကိုလည်း “Digital Crown” လို့ နာမည်ပေးထားတာဆိုပေမယ့်၊ နာရီက Crown နဲ့ ဖုန်းက 3D Sensor နဲ့က ဘာမှမဆိုင်တာကြောင့် “Crown Jewel” ဆိုတဲ့ နာမည်သာ တကယ်ဖြစ်သွားရင်တော့ သဘောကျမိမှာမဟုတ်ပါဘူး။

                Pearl ID လို့ကော Pearl ID လို့ပါ လတ်တလော နာမည်ထွက်နေတဲ့ 3D Sensor ဟာ ပိုင်ရှင်ရဲ့ မျက်နှာကို 3D ပုံရိပ်အဖြစ် ဖမ်းယူမှတ်သားထားမှာဖြစ်ပြီး၊ Apple Pay ဝယ်ယူမှုတွေကိုလည်း ပြုလုပ်လာနိုင်ဖွယ်ရှိပါတယ်။

                iPhone 8 ဟာ iPhone သက်တမ်း ဆယ်နှစ်ပြည့်မှာ ထွက်ရှိမယ့် iPhone အသစ်ဖြစ်တာကြောင့်၊ ဒီနှစ်ထဲမှာ ဖုန်းပရိတ်သတ်အားလုံးရဲ့ စိတ်ဝင်စားမှုအများရနေတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

References
Mac Rumors
About Author
Assinged Tags
iPhone 8 related news 3D Facial Recognition Face Unlock Pearl ID Apple Face ID Crown Jewel 3D Face Sensor
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed