Android O ကို သြဂုတ်လ ၂၁ ရက်မှာ မြင်တွေ့လာရဖွယ်ရှိ

date_range 13 August 2017

Android O ကို သြဂုတ်လ ၂၁ ရက်မှာ မြင်တွေ့လာရဖွယ်ရှိ

visibility 780 Views

                Google မှ နောက်ဆုံးထွက်ရှိလာမယ့် Android O ကို သြဂုတ်လ ၂၁ ရက်မှာ မြင်တွေ့လာရဖွယ်ရှိတယ်လို့ Venture Beat မှ Evan Blass ရဲ့ Tweet တစ်ခုအရသိရှိရပါတယ်။ Android Nougat ကိုလည်း Google မှ လွန်ခဲ့တဲ့နှစ် သြဂုတ် ၂၂ ရက်မှာ မိတ်ဆက်ပေးခဲ့ပြီး Android O အတွက်ကိုတော့ မနှစ်ကထက် တစ်ရက်စောပြီး မြင်တွေ့လာရဖွယ်ရှိပါတယ်။ 


                Android O အတွက် Developer Preview Build 4 ကို လွန်ခဲ့တဲ့ ဇူလိုင်လကုန်ပိုင်း လောက်မှာထုတ်လုပ်ပေးခဲ့ပြီး ကျန်ရှိနေသေးတဲ့ Bugs တွေရှင်းလင်းပေးဖို့နဲ့ Developers တွေစမ်းသပ်အသုံးပြုနိုင်အောင် ရည်ရွယ်ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

                Google ဟာ Android O ကိုထုတ်လုပ်ပေးဖို့ အသင့်ဖြစ်နေပြီဆိုပေမဲ့ နာမည်ပေးဖို့ရာအတွက် Oreo လား၊ ကောလာဟလတွေ ထွက်ရှိခဲ့တဲ့အတိုင်း Orangina ပဲဖြစ်မလားဆိုတာတော့ အတိအကျမသိရှိရသေးပါဘူး။ စာရေးသူအမြင်အနေနဲ့ကတော့ Android O အတွက် Logo ကို လိမ္မော်ရောင်စက်၀ိုင်းပုံစံ အသုံးပြုထားတဲ့အတွက် Orangina ဖြစ်ဖို့ ပိုများတယ်လို့ ထင်မြင်မိပါတယ်။ 

                Android O မှာ Security ပိုမိုကောင်းမွန်လာပြီး App Performance နဲ့ Boot Time တွေပိုမိုမြန်ဆန်လာမယ်လို့ သိရှိထားရပါတယ်။ Android O ထွက်ရှိလာတဲ့အချိန်ကျရင် Nexus 5X, Nexus 6P, Nexus Player, Google Pixel C, Gogle Pixel နဲ့ Google Pixel XL တို့မှာ System Update အနေနဲ့ ဦးဦးဖျားဖျားရရှိလာမှာဖြစ်ပါတယ်။ 

                လက်ရှိအချိန်မှာတော့ Android O မှာ ဘာတွေအသေးစိတ်ပြောင်းလဲသွားမလဲဆိုတာကို အတိအကျမသိရှိရသေးပါဘူး။ ဒါကြောင့်မို့ Google ကနေ Android O ကို တရား၀င်မိတ်ဆက်လာတဲ့အခါကျမှသာ Android O ရဲ့ တရား၀င်နာမည်နဲ့ Features တွေကို အသေးစိတ် ထပ်မံဖော်ပြပေးသွားပါမယ်။

References
XDA Developers
About Author
Assinged Tags
Google Android Android Operating System Orangina Official Official Release Android O Android Version Android 8.0
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed