တရားဝင်မိတ်ဆက်ပေးလိုက်ပြီဖြစ်တဲ့ Sharp Aquos  S2

date_range 09 August 2017

တရားဝင်မိတ်ဆက်ပေးလိုက်ပြီဖြစ်တဲ့ Sharp Aquos S2

visibility 3460 Views

                Sharp Company ကနေပြီးတော့ စမတ်ဖုန်းအသစ်တစ်မျိုးဖြစ်တဲ့ Sharp Aquos S2 ကို မိတ်ဆက်ပြသလိုက်ပြီဖြစ်ပါတယ်။ ကောလာဟလတွေထွက်ရှိခဲ့သလိုတော့  4K Display ပါ၀င်လာခဲ့ခြင်းမရှိပဲ In-Screen Fingerprint လည်းပါ၀င်လာခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့လည်း မိတ်မဆက်ခင် သိရှိခဲ့ရတဲ့သတင်း ထဲက Specifications တွေအတိုင်း ကွာခြားမှုမရှိပဲ ပွဲဦးထွက်လာခဲ့တာဖြစ်ပါတယ်။

                Aquos တုန်းကလိုမျိုး ဘေးဘောင်၊ အပေါ်ဘက်ဘောင်အားလုံး အတော်လေးကိုပါးလွှာတဲ့ Design နဲ့ထွက်ပေါ်လာခဲ့ပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့ iPhone 8 မှာအသုံးပြုလာဖွယ် Design တစ်ခုဖြစ်တဲ့ ကျောဘက် Dual Camera ကို ဒေါင်လိုက်နေအထားပုံစံ ဖုန်းရဲ့ဘယ်ဘက်ထောင့်အပေါ်ဘက်မှာ တပ်ဆင်ထားတာပဲဖြစ်ပါတယ်။ 

                Aquos S2 ကို 5.5 လက်မမျက်နာပြင်အကျယ်အဝန်း၊ 1080 x1920 Full HD Display ပါ၀င်လာမှာဖြစ်ပြီး ဘေးဘက်နှင့်အပေါ်ဘက်ရှိဘောင်များ ပျောက်လုနီးပါးပုံစံ (Bezel-Less) Design ကြောင့် Screen To Body Ratio အနေနဲ့ 87.5% ထိရှိမှာဖြစ်ပါတယ်။  အထူးခြားဆုံးအနေနဲ့ကတော့ Essential Phone နဲ့ iPhone 8 မှာအသုံးပြုလောက်မယ်လို့ သိရှိထားတဲ့ ဖုန်းအပေါ်ပိုင်းက Speaker နဲ့ Sensor တွေကို ကွေ့ဝိုက်သွားမယ့် Screen Design နဲ့ Aquos S2 ဟာ ပွဲဦးထွက်လာမှာဖြစ်ပါတယ်။


                Aquos S2 ကိုတော့ Version 2 မျိုးဖြင့် ထုတ်လုပ်မှာဖြစ်ပြီး Snapdragon 660 အသုံးပြုထားတဲ့ Version မှာတော့ RAM 6GB/Internal Storage 128GB၊ Snapdragon 630  အသုံးပြုထားတဲ့ Version မှာတော့  RAM 4GB/Internal Storage 64GB  ပါ၀င်လာမှာဖြစ်ပါတယ်။

                Aqous S2  ဟာ Snapdragon 660 ကိုပထမဆုံး အသုံးပြုထားတဲ့ဖုန်းဖြစ်ပြီး၊ 14nm ရှိတဲ့  Snapdragon 660 မှာ Octacore CPU ကို အသုံးပြုထားပါတယ်။ Bluetooth 5.0 ထိပါဝင်လာပြီး၊ 12MP+8MP  ရှိတဲ့ Dual Camera လည်းပါ၀င်လာမှာဖြစ်ပါတယ်။ Secondary Camera အတွက်  8MP  တပ်ဆင်ပေးထားပါတယ်။  Fingerprint sensor  ကိုတော့ အရှေ့ဘက်  Home Button  မှာပါ၀င်လာမယ်လို့ သိရှိရပါတယ်။ 


                Aquous S2 မှာ NFC ကိုလည်းတပ်ဆင်ပေးထားပြီး Android Pay ကို အဆင်ပြေပြေအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Dual Sim အမျိုးအစားဖြစ်ပြီးတော့ Sim 2 ကို Hybrid Sim အနေဖြင့်အသုံးပြုထားတဲ့အတွက် Memory Card  ဒါမှမဟုတ် Sim Card တစ်ခုခုကိုရွေးချယ်ထည့်သွင်းအသုံးပြုရမှာ ဖြစ်ပါတယ်။ SD Card Storage အနေနဲ့ 128GB အထိ Support ပေးနိုင်မှာဖြစ်ပါတယ်။ 

                Aquous S2 အတွက် 3.5mm headphone jack ပေါက်ပါဝင်လာခြင်းမရှိတော့ပဲ USB Type C ပေါက်မှာပဲ Audio အတွက်အသုံးပြုနိုင်မှာဖြစ်ပြီး၊ Type C audio cable adapter တစ်ခုကိုတော့ ဗူးအတွင်းမှာထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

                ဆက်လက်ပြီးတော့ Sharp အနေနဲ့ သူတို့ကိုယ်တိုင်ပြုလုပ်ထားတဲ့ Smile UI အသစ်ကို မိတ်ဆက်ပေးခဲ့ပြီး Aquos 2 မှာ စတင်အသုံးပြုထားမှာ ဖြစ်ပါတယ်။ အရောင်တွေအနေနဲ့တော့ Crystal Black, Glazed, White, Blue နဲ့ Mint Green  စတဲ့ အရောင်တွေကို ရွေးချယ်၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းတွေအနေနဲ့တော့ Snapdragon 660 version အတွက်  $522 ခန့်၊ Snapdragon 630 version အတွက် $418  ခန့်ဖြင့် သြဂုတ်လ ၁၄ ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

This Article is Contributed By Aung Kyaw Thu
References
Gizmo China
About Author
Assinged Tags
Curved Screen Dual Camera Smartphone Snapdragon 660 Sharp Sharp Aquos S2 Aquos S2 Curved Display
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed