Camera ၄ လုံးနဲ့ တရား၀င်ထွက်ရှိလာပြီဖြစ်တဲ့ Gionee S10

date_range 28 May 2017

Camera ၄ လုံးနဲ့ တရား၀င်ထွက်ရှိလာပြီဖြစ်တဲ့ Gionee S10

visibility 16060 Views

                Gionee ဟာ Android ဖုန်းထုတ်လုပ်တဲ့အထဲမှာ နာမည်အသင့်အတင့်ရထားတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ ပါးလွှာတဲ့ဖုန်းတွေ ထုတ်တဲ့နေရာမှာလည်း နာမည်ကြီးပါပဲ။ အခုတော့ ကျွန်တော်တို့ ကောလဟလသတင်း ထွက်ရှိခဲ့တဲ့အတိုင်းပဲ Gionee S10 ဟာ Camera ကို အရှေ့နှစ်လုံး နဲ့ အနောက်နှစ်လုံး၊ စုစုပေါင်း ၄လုံးနဲ့ တကယ်ထွက်ရှိလာပါပြီ။


                အနောက်ဘက်ကကင်မရာကိုတော့ 16 Megapixels နဲ့ 8 Megapixels ကင်မရာနှစ်လုံးကိုအသုံးပြုထားပြီး အရှေ့ဘက်က ကင်မရာကိုတော့ 20 Megapixels နဲ့အတူ 8 Megapixels ကင်မရာပါ၀င်ပါတယ်။ Selfie အတွက်အတော်ကောင်းမယ့် ဖုန်းတစ်လုံးပါပဲ။ Aperture ကတော့ F/1.8 ဖြစ်တာမို့ Low-Light အခြေအနေမှာ ဓာတ်ပုံအဆင်ပြေပြေ ရိုက်ယူနိုင်မှာပဲဖြစ်ပါတယ်။ Wide Angles တွေနဲ့အတူ 3D Effects တွေလည်းပါ၀င်လာမှာဖြစ်ပြီး အကွာအဝေးတွေပါတိုင်းတာနိုင်ဦးမှာပဲဖြစ်ပါတယ်။

                Gionee S10 ရဲ့ Specifications တွေအနေနဲ့ MediaTek Helio P25 Octa-Core Processor၊ RAM 6GB၊ 64GB Internal Storage၊ မျက်နှာပြင် 5.5 လက်မကျယ်၀န်းပြီး Resolution 1080p ထိ Support ပေးတဲ့ Display နဲ့အတူ 3,450 mAh Battery လည်းပါ၀င်ပါတယ်။ Android Version ကတော့ 7.0 (Nougat) နဲ့အတူ Amigo OS Version 4.0 ပါ၀င်လာမှာပါ။ ကောလဟာလအတိုင်း MediaTek 6755 ကိုအသုံးမပြုပဲ Helio P25 ကိုအသုံးပြုသွားခဲ့ပါတယ်။ 

                Specifications တွေအနေနဲ့ကတော့ မဆိုးဘူးလို့ ထင်ရပေမဲ့ MediaTek ကိုအသုံးပြုထားတာမို့လို့ ဂိမ်းဆော့တာနဲ့ Media Streaming ကြည့်တာတွေမှာ အဆင်သိပ်မပြေလောက်ပါဘူး။ RAM 6GB အသုံးပြုထားတာမို့ Apps တွေအမြောက်အများကို တစ်ပြိုင်နက်တည်းအသုံးပြုနိုင်၊ Run ထားနိုင်မှာမို့ အတော်လေးကောင်းပါတယ်။ Internal Storage အနေနဲ့ 64GB နဲ့အတူ microSD ကို 256GB အထိထပ်စိုက်နိုင်ဦးမှာမို့ Storage များများသုံးချင်သူတွေအတွက်အဆင်ပြေမှာပါ။မျက်နှာပြင် 5.5 လက်မကျယ်၀န်းတာကြောင့် Screen Size ကတော့ အနေတော်ပါပဲ။ Resolution 1080p ဖြစ်တဲ့အတွက်ကြောင့် Flagship ဖုန်းတစ်လုံးအနေနဲ့ ထုတ်မယ့်အတွက် မဆိုးပေမဲ့ နည်းတော့နည်းပါသေးတယ်။ Camera ပိုင်းကတော့ ထွေထွေထူးထူးဘာမှပြောစရာမရှိပါဘူး။ Selfie တွေ၊ Landscape တွေရိုက်ချင်တဲ့သူတွေကြိုက်နှစ်သစ်လောက်မယ့်ဖုန်းအမျိုးအစားပါပဲ။

                ဒီဖုန်းရဲ့ တစ်ခုတည်းသော အကြီးမားဆုံးအားနည်းချက်က လက်ရှိအချိန်မှာ တရုတ်ပြည်တွင်းမှာပဲဖြန့်ချီသေးတာမို့ ကိုင်ချင်တဲ့သူတွေအတွက်ကတော့ စောင့်ဆိုင်းရဦးမှာပါ။ စျေးအနေနဲ့ကတော့ တရုတ်ငွေ 2,599 Yuan ရှိပြီး USD နဲ့ဆို $380 လောက်ကျသင့်မှာပါ။ Camera လေးလုံးပါ၀င်တာကို စိတ်၀င်စားပါသလား? သင့်အနေနဲ့ဆိုရင်ကော၀ယ်ဖြစ်မလား? အခုဒီဖုန်းအကြောင်းကို ဖတ်ရှုနေတဲ့သူတွေ ဘယ်လိုမြင်သလဲဆိုတာကို ကျွန်တော်တို့ TechX Myanmar ရဲ့ Facebook Page အောက်မှာ Comment ၀င်ပေးကြည့်ပါဦး။

References
Android Authority
About Author
Assinged Tags
Android Nougat Android Nougat Dual Camera Smartphone MediaTek Dual Front Camera Smartphone Camera Dual Front and Back Camera Setups Smartphone Gionee Android Phone Gionee S10 Dual Camera Smartphones MediaTek 6755 MediaTek Helio P25 Dual Camera Four Camera Distance Measurements
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed