Screen to Body Ratio အမြင့်ဆုံးဖုန်းကို Sharp မှ သြဂုတ်လ ၈ ရက်နေ့တွင် မိတ်ဆက်ပြသမည်

date_range 05 August 2017

Screen to Body Ratio အမြင့်ဆုံးဖုန်းကို Sharp မှ သြဂုတ်လ ၈ ရက်နေ့တွင် မိတ်ဆက်ပြသမည်

visibility 8500 Views

                Sharp ကုမ္ပဏီဟာ Bezel-less Display Concept ကို ပထမဆုံးတီထွင်ခဲ့သူတစ်ဦးဖြစ်ပြီး အခုနောက်ပိုင်း ဖုန်းစျေးကွက်နဲ့ အနည်းငယ်အဆက်ပြတ်ခဲ့ပေမယ့်၊ ယခုအချိန်မှာတော့ ကုမ္ပဏီကနေ ဘေးဘောင်အပါးဆုံးဖုန်း၊ Screen to Body Ratio အမြင့်ဆုံးဖြစ်လာမည့် Sharp Aquos S2 Smartphone ကို လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ မိတ်ဆက်ပြသသွားမယ်လို့ သိရပါတယ်။


                Sharp Aquos S2 ဖုန်းဟာ 84.95% Screen-To-Body Ratio ရှိမှာဖြစ်ပြီး၊ Samsung S8 - 83.6%, S8 Plus - 84% နဲ့ Xiaomi Mi Mix - 83.6% တွေထက် များစွာသာလွန်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Sharp Aquos S2 ဖုန်းဟာ 5.5" Screen ကို တပ်ဆင်ပေးထားတယ်ဆိုပေမယ့် 5" Screen သုံးထားတဲ့ဖုန်းတစ်လုံးလောက်ပဲ ကြီးမှာဖြစ်ပါတယ်။ 


                Sharp Aquos S2 မှာ Bezel-less Display ပါလာပေမယ့် ဖုန်းပြောတဲ့ Earpiece နဲ့ Selfie Camera က ဖုန်းရဲ့ Display အပေါ်ဘက်မှာ ထွင်းထားတာဖြစ်ပါတယ်။ အဆိုပါဒီဇိုင်းနဲ့ ပြုလုပ်ဖို့အတွက် Free Form Display (FDD) နည်းပညာကို ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။ 

                လက်ရှိအချိန်မှာတော့ Sharp Aquos S2 Smartphone က Bezel-less Display ပါဝင်တယ်လို့ပဲကြော်ငြာထားပြီး ဖုန်းရဲ့ Specification တွေကိုတော့ မသိရသေးဘူးဖြစ်ပါတယ်။ 

                လက်ရှိခန့်မှန်းချက်တွေအရတော့ Qualcomm Snapdragon 630/660 CPU တွေကို RAM 4G/ 6GB နဲ့ ရောက်ရှိလာမှာဖြစ်ပါတယ်။ ကင်ရာအနေနဲ့ကတော့ Dual 12 Megapixels Camera ၂ လုံးကို သိမ်းထားရတာဖြစ်ပါတယ်။ Front Camera ကတော့ 8 Megapixel ပါမယ်လို့ထင်မိပါတယ်။ 

                Sharp Aquos S2 ဖုန်းကို တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ သြဂုတ်လ ၈ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီး စတင်ရောင်းချမယ့်ရက်ကတော့ သြဂုတ်လ ၁၄ ရက်နေ့ဖြစ်မှာပါ။ အဲ့ဒါကြောင့် ကျနော်တို့ မူလလက်ဟောင်း Sharp Smartphone အသစ်ရဲ့ Bezel-less Display ကို စောင့်ကြည့်ဖို့ အကြုံပြုလိုက်ပါတယ်။


References
Android Authority
About Author
Assinged Tags
Smartphones Xiaomi Mi MIX Sharp Bezel-Less Smartphones Sharp Aquos S2 Aquos S2
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed