macOS ကို VR Headset ဖြင့် အသုံးပြုလို့ရတော့မည်

date_range 26 February 2017

macOS ကို VR Headset ဖြင့် အသုံးပြုလို့ရတော့မည်

visibility 410 Views

                Application Developer တစ်ယောက်ဖြစ်တဲ့ Cindori ဆိုသူဟာ “VR Desktop For Mac” ဆိုတဲ့ Application တစ်ခုကို ကိုယ်တိုင်ရေးသားပြီး၊ လူသိများတဲ့ VR Headset တစ်ခုဖြစ်တဲ့ Oculus Rift ရဲ့ အကူအညီနဲ့ macOS မှာ Virtual Reality အရသာကို ခံစားလို့ရအောင် တီထွင်ဖန်တီးခဲ့ပါတယ်။

                ဒီ Idea ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အသုံးပြုနေသူအား “Virtual Multi-Monitor Workspace” (တစ်ခုထပ်ပိုသော Monitor များနဲ့ အလုပ်လုပ်နိုင်မယ့် Virtual စနစ်) ကိုပေးနိုင်အောင်ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့၊ macOS ကို “VR Desktop For Mac” Application နဲ့ အသုံးပြုနေသူဟာ Virtual Screen တွေကို ကိုယ်တိုင်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

                ဒီ Application ဟာ အခုလောလောဆယ်မှာတော့ Oculus Rift ရဲ့ Development Kit မှာပဲ အလုပ်လုပ်ဦးမှာပဲ ဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ အခြား VR Headset တွေမှာလည်း အသုံးပြုလို့ရသွားမှာပါ။

အရင်နှစ် မတ်လတုန်းက Oculus ကုမ္ပဏီက

“Mac တွေကို Oculus က Official Support ပေးသွားမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ Mac တွေဟာ ကုမ္ပဏီက Recommand လုပ်ထားတဲ့ GPU Specification တွေနဲ့ မကိုက်ညီလို့ပါ။”

လို့ပြောခဲ့ပါတယ်။

                Oculus က ၂၀၁၅ ခုနှစ် မေလတုန်းကတော့ Mac တွေမှာ Support လုပ်ပေးဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် Development Process ကို Windows မှာပဲ အာရုံစိုက်ခဲ့တာကြောင့် Mac အတွက် Development Process ဟာ နှောင့်နှေးခဲ့ရပါတယ်။

Oculus က အဲ့လိုတွေလုပ်ခဲ့တာကို Cindori က 

“Mac ဟာ VR Platform မဟုတ်ဘူးလို့ ဘူးခံငြင်းနေသူတွေ အများကြီးပါ။ အခု ကျနော်တို့ Team က Mac တွေဟာ အသုံးဝင်တဲ့ VR Application တွေကို ကောင်းကောင်း Run နိုင်တယ်ဆိုတာကို သက်သေပြလိုက်တာပါ။ ကျနော်တို့ရဲ့ ဒီ “VR Desktop For Mac” Application လေးဟာ Graphic Card ပါတဲ့ Mac မော်ဒယ်အသစ်တွေမှာ ချောချောမွေ့မွေ့ Run နိုင်မှာပါ”

လို့ပြောလိုက်ပါတယ်။

                “Virtual Multi-Monitor Workspace” ရရှိမယ့်အပြင်၊ ဒီ Application လေးဟာ ရုပ်ရှင်တွေ၊ ဂိမ်းတွေကို အသုံးပြုသူစိတ်ကြိုက် Virtual Environment တွေလုပ်လို့ရမယ်ဆိုတာကို Cindori က ရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်ကြည့်နေတဲ့ ပုံစံနဲ့ ကြီးမားလှတဲ့ “Curved Screen” (မျက်နှာပြင်ကွေး) မှာ ဂိမ်းဆော့နေတဲ့ ပုံစံတွေကိုချပြခဲ့ပါတယ်။


                အခုလောလောဆယ်တော့ ဒီ Application ကို Run ဖို့ Oculus Rift Development Kit 2 နဲ့ macOS 10.11 နှင့်အထက်တို့ လိုအပ်မှာဖြစ်ပါတယ်။ 

                ဒီ Application လေးဟာ အမေရိကန်ဒေါ်လာ ၁၉.၉၉ ဒေါ်လာကျသင့်မှာဖြစ်တာကြောင့် ကျနော့်အမြင်ကတော့ အရမ်းတန်တယ်လို့ထင်ပါတယ်။ အကယ်လို့ ခင်ဗျားတို့အနေနဲ့ မဝယ်ခင်စမ်းသုံးကြည့်ချင်တယ်ဆိုရင်လည်း Trial Version လည်းရှိသေးတာဆိုတော့ ပိုမိုက်ပါတယ်။

References
9to5Mac
About Author
Assinged Tags
Virtual Reality macOS VR Headset Oculus Rift Cindori VR Desktop For Mac Development Kit VR Platform Curved Screen Virtual Screen
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed