VR Support ရရှိလာပြီဖြစ်တဲ့ Firefox

date_range 08 August 2017

VR Support ရရှိလာပြီဖြစ်တဲ့ Firefox

visibility 180 Views

                Internet Browser တွေထဲမှာ နာမည်ကြီး Browser တစ်ခုဖြစ်တဲ့ Firefox ဟာ Version 55 မှာ Virtual Reality Support ရရှိလာပြီဖြစ်ပါတယ်။ ၂၀၁၇ နှစ်ဦးပိုင်းလောက်မှာပဲ VR Support ကို Google Chrome နဲ့ Microsoft Edge စတဲ့ Internet Browser တွေထဲမှာ မြင်တွေ့ခဲ့ကြရပါတယ်။ Firefox ဟာလည်း တခြားနာမည်ကြီး Browser တွေကိုအမီလိုက်ဖို့အတွက် VR Support ကိုပါထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။

                Firefox ဟာ တခြား Browser တွေနဲ့ယှဉ်ပြိုင်နိုင်ဖို့အတွက် Browser Crash ဖြစ်တာကိုလျှော့ချပေးတဲ့နည်းပညာMulti-Process နည်းပညာ နဲ့အတူ အခြား 1TB ဖိုင်တွေကိုပါ Sharing ပြုလုပ်နိုင်ဖို့နဲ့ Feature အသစ်တွေကို Test Pilot မှာထည့်သွင်းစမ်းသပ်တာ စ တဲ့ နည်းပညာမျိုးစုံနဲ့အတူ အမြဲတိုးတက်ကောင်းမွန်အောင်ကြိုးစားနေခဲ့ပါတယ်။

                အခုထွက်ရှိလာတဲ့ Firefox 55 ဟာ Windows ပေါ်မှာ HTC Vive ဒါမှမဟုတ် Oculus Rift VR Headset တွေအသုံးပြုပြီး Web-Based VR Content တွေကို ကြည့်ရှုလို့ရလာမှာဖြစ်ပါတယ်။ ဒီ Features တွေကို Google Chrome နဲ့ Microsoft Edge တို့မှာ နှစ်ဦးပိုင်းကတည်းက ရရှိပြီးသားဖြစ်တာမို့ အနည်းငယ်နောက်ကျတယ်ဆိုပေမဲ့လည်း VR Support ကိုလက်ရှိမှာ Browser တွေအတွက် သိပ်အသုံးမပြုသေးတာကြောင့် Firefox ဟာ ဒီလိုထည့်သွင်းပေးဖို့အတွက် မေ့လျော့နေတယ်လို့မဆိုနိုင်ပါဘူး။ 

                ဒါပေမဲ့လည်း Firefox ဟာ သူတို့ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ Google Chrome ကိုတော့ VR Support မှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Chrome ဟာ HTC Vive နဲ့ Oculus Rift အပြင် Google ရဲ့ကိုယ်ပိုင် VR Platform ဖြစ်တဲ့ Daydream VR နဲ့ Google Cardboard ကိုပါအသုံးပြုပြီး VR Content တွေကိုကြည့်ရှုနိုင်တာကြောင့်ဖြစ်ပါတယ်။


                လက်ရှိ Firefox 55 မှာ VR Support အပြင် Firefox Screenshot ဆိုတဲ့ Feature အသစ်ပါ၀င်လာဦးမှာပါ။ ဒီ Feature ရဲ့ထူးခြားချက်ကတော့ Screenshot တွေကို Clipboard ထဲမှာလည်းသိမ်းဆည်းနိုင်တဲ့အပြင် Cloud ပေါ်မှာပါ အလိုအလျောက်သိမ်းဆည်းထားပေးနိုင်မှာဖြစ်ပါတယ်။ Cloud ပေါ်မှာရှိတဲ့ Screenshots တွေဟာ ၂ ပတ်ကြာတဲ့အခါ အလိုအလျောက် ပျောက်ပျက်သွားမှာဖြစ်ပြီး၊ ၂ ပတ်ထက်ပိုကြာကြာထားချင်ရင်လည်း အသုံးပြုသူကိုယ်တိုင် Screenshots တွေရဲ့သက်တမ်းကို စိတ်ကြိုက်ရွေးချယ်ပြီး Cloud ပေါ်မှာ ဆက်လက်ထားရှိနိုင်မှာဖြစ်ပါတယ်။ 

References
The Verge
About Author
Assinged Tags
Browser Firefox Web Internet Browser Firefox 55 Web Browser
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed