Copy ကူးစရာမလိုဘဲ Paste လုပ်နိုင်မယ့် “Copyless Paste” Feature ကို Chrome မှာ စမ်းသပ်နေ

date_range 25 April 2017

Copy ကူးစရာမလိုဘဲ Paste လုပ်နိုင်မယ့် “Copyless Paste” Feature ကို Chrome မှာ စမ်းသပ်နေ

visibility 640 Views

                Copy ကူးစရာမလိုဘဲ Paste လုပ်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် Google ကတော့ ဒီလိုမဖြစ်နိုင်တာကို ဖြစ်အောင် ကြိုးစားဖို့အတွက် Chrome for Android မှာ စတင် စမ်းသပ်နေပြီဖြစ်ပြီး၊ မကြာမီ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ဖို့ ရှိပါတယ်။

                Google ဟာ သူ့ရဲ့ Browser တစ်ခုဖြစ်တဲ့ Chrome for Android မှာ “Copyless Paste” လို့ အမည်ပေးထားတဲ့ Feature အသစ်ကို အသုံးပြုဖို့အတွက် ပထမဆုံး Code ထည့်သွင်းလိုက်ပါပြီ။

                ဒီ Feature က ဘယ်လိုအလုပ်လုပ်သလဲဆိုတော့ ကျနော်တို့တွေ Chrome App ကို အသုံးပြုထားတဲ့ ဒေတာကို ပြန်ယူပြီး၊ Paste လုပ်ဖို့ Suggest လုပ်ပေးမှာပါ။ Google အနေနဲ့ ဒီ ဒေတာကို ဖုန်းထဲမှာ Save လုပ်မှာဖြစ်ပြီး၊ ဆာဗာဆီ လှမ်းယူမှာမဟုတ်ဘူးလို့တော့ ပြောထားပါတယ်။

                ဥပမာပြောရရင် ကျနော်တို့ Chrome browser ကနေ စားသောက်ဆိုင်တစ်ခုခုရဲ့ Website ကို သွားကြည့်တယ်ဆိုပါစို့။ ပြီးတော့ ဒီစားသောက်ဆိုင်ရဲ့ Maps တည်နေရာကို သိချင်လို့၊ Maps App ကို ဖွင့်လိုက်မယ်ဆိုရင်၊ Search Bar မှာ ခုန ကြည့်ထားတဲ့စားသောက်ဆိုင်နာမည်ကို ရိုက်ထည့်ဖို့ Suggest ပေါ်နေမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က ဒီအကြောင်းရှာတာမဟုတ်ဘူးဆိုရင်တော့ ကိုယ့်ဘာသာ ကြိုက်တာရိုက်ထည့်ပေါ့။

                လောလောဆည် ဒီ “Copyless Feature” ကို Developer တွေနဲ့ Feature အသစ်တွေကို စောစောစီးစီး စမ်းသပ်အသုံးပြုချင်သူတွေ သုံးကြတဲ့ ‘Chrome Canary’ မှာပဲ ပေါ်နေဦးမှာပါ။ ပေါ်နေဦးမှာလို့ ပြောရတာကတော့ Canary User တွေတောင် ဒီ Feature ကို အခုထိ တကယ်အသုံးမပြုနိုင်သေးဘဲ၊ ဘယ်လို အလုပ်လုပ်လဲဆိုတဲ့ Example ကိုပဲ ဖော်ပြထားတာတွေ့ရပါတယ်။

                စိတ်ဝင်စားလို့ ဖွင့်ပြီး စမ်းချင်တယ်ဆိုရင်တော့ Chrome Browser ရဲ့ စမ်းသပ်ဆဲ Feature တွေကို On/Off ပြုလုပ်ရတဲ့ Chrome Flags ထဲမှာ သွားဖွင့်ပေးရမှာပါ။ Chrome Flags ကို မိမိ Browser မှာ chrome://flags လို့ ရိုက်ပြီး ဝင်ရောက်နိုင်ပါတယ်။

                Google ဟာ ဒီ Feature ကို ဖေဖော်ဝါရီလလောက်ကနေ စတင်အကောင်အထည်ဖော်နေခဲ့တာဖြစ်ပြီး၊ ဒီ Feature အတွက် Code ကိုတော့ လွန်ခဲ့တဲ့အပတ်ထဲ စတင်ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ မကြာခင် လအနည်းငယ်အတွင်း ထွက်ရှိမယ့် Chrome 60 for Android ကျရင်တော့ တရားဝင်ပါလာလောက်ပါတယ်။

References
Venture Beat
About Author
Assinged Tags
Android Chrome Browser Chrome Canary Copyless Paste
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed