Multi-Process နည်းပညာပါဝင်လာပြီဖြစ်တဲ့ Firefox 54

date_range 16 June 2017

Multi-Process နည်းပညာပါဝင်လာပြီဖြစ်တဲ့ Firefox 54

visibility 2220 Views

                နောက်ဆုံးမှာတော့ Firefox ပရိတ်သတ်တွေ နှစ်ရှည်လများ စောင့်မျှော်နေတဲ့ Multiprocess နည်းပညာဟာ အခုအသစ်ထွက်ရှိလာတဲ့ Firefox 54 မှာ ပါဝင်လာပြီဖြစ်ပါတယ်။

                Firefox team အနေနဲ့ Electrolysis (E10S) လို့ Codename ပေးထားတဲ့ Multi-Process နည်းပညာကို အကောင်အထည်ဖော်နေတာ ၈ နှစ်တိုင် ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ ပထမဆုံး Firefox 48 မှာ beta အနေနဲ့ စမ်းသပ်ထည့်ပေးခဲ့ကာ၊ အခု Firefox 54 မှာတော့ ဒီနည်းပညာက တရားဝင်ပါရှိလာပြီဖြစ်ပါတယ်။

                အရင် Firefox တွေတုန်းက Single-Process နဲ့ပဲ အလုပ်လုပ်တာဖြစ်တာကြောင့် Heavy Website တွေကို ဖွင့်မယ်ဆိုရင် တခြား Tab တွေမှာပါ Performance ကျသွားပြီး၊ Browser တစ်ခုလုံး Crash ဖြစ်သွားတာတွေ ဖြစ်ခဲ့ပါတယ်။ ပြိုင်ဘက် Browser တွေဖြစ်တဲ့ Google Chrome တို့ Safari တို့မှာက Multi-process နည်းပညာက ပါဝင်နေတာ ကြာပါပြီ။ ဒီ Browser တွေဟာ Tab တစ်ခုချင်းဆီကို Process တစ်ခုအနေနဲ့ Run တာကြောင့် Tab အများကြီးဖွင့်လည်း RAM သာ လိုက်နိုင်ရင် Browser Performance သိသိသာသာ ကျသွားခြင်း မရှိခဲ့ဘဲ၊ Brower တစ်ခုလုံး Crash ဖြစ်တာမျိုး သိပ်မရှိခဲ့ပါဘူး။


“ ဒီနေ့ ထုတ်ပေးခဲ့တဲ့ Firefox 54 မှာ၊ ဖွင့်ထားသမျှ Tabs တွေ အကုန်လုံးကို Process အများဆုံး လေးခု အထိ အသုံးပြုသွားမှာဖြစ်ပါတယ်။ Tab တွေကို Process ခွဲလိုက်ခြင်းအားဖြင့်၊ User တွေရဲ့ Computer Hardware ကို ပိုမိုကောင်းကောင်း အသုံးချလာနိုင်မှာဖြစ်ပြီး၊ Web Browsing ပို မြန်မြန်လုပ်လာနိုင်မှာပါ”

                လို့ Firefox က သူတို့ရဲ့ Blog Post မှာ ရေးသားထားပါတယ်။

                ဒီမှာ တစ်ခုသတိပြုရမှာက Firefox ဟာ Tab တွေအကုန်လုံးကို Process လေးခုအထိပဲ Default သုံးခွင့်ပေးထားမှာ ဆိုတာပါ။ Chrome ဆို Tab ဖွင့်သလောက် Process တွေ လိုက်သုံးနေတာ ဖြစ်ပေမယ့်၊ Firefox ကတော့ အများဆုံး လေးခုအထိပဲ အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်ပေးထားတာက Hardware သိပ်မကောင်းတဲ့ ကွန်ပျူတာတွေမှာလည်း Firefox ကို ကောင်းကောင်း အသုံးချနိုင်ဖို့ ဖြစ်တယ်လို့ Firefox ရဲ့ Senior Marketing Manager Ryan Pollock က ဆိုပါတယ်။

                ဒါပေမယ့် Firefox 54 ရဲ့ Multi-Process ကို 4 ကနေ မြှင့်ချင်တယ်ဆိုရင် Browser address bar မှာ “about:config” လို့ ရိုက်ပြီး၊ ပေါ်လာတဲ့ List ထဲမှာ “dom.ipc.processCount” ကို Right-click နှိပ်ကာ Modify နဲ့ နံပါတ် ပြန်ပြင်လို့ ရပါတယ်။ အောက်မှာ ကျနော် နမူနာပြထားပေးပါတယ်။ ပြီးရင် Firefox မှာ Tab တွေ အများကြီး ဖွင့်ကြည့်ပြီး၊ Windows ကနေ Task Manager ခေါ်ကြည့်ရင် Firefox က Process ၃-၄ ခု သုံးနေတာ တွေ့မြင်ရမှာပါ။ ကိုယ့် Computer က RAM 8GB နဲ့ အောက်ဆိုရင်တော့ 4 အတိုင်းပဲ ထားတာကောင်းတယ်လို့ Ryan Pollock က အကြံပြုထားပြီး၊ RAM 8GB အထက်ဆိုရင်တော့ မြှင့်နိုင်ပါတယ်။ 


                Firefox အနေနဲ့ Multi-process ကို Chrome လို မဟုတ်ဘဲ၊ Speed နဲ့ Memory Usage ပိုင်းကို Balance ဖြစ်အောင် အတွက်ဖြစ်ပြီး၊ အခုလို 4 Process ပဲ အသုံးပြုထားပေမယ့်၊ မြန်နှုန်းကတော့ Chrome တို့ Safari တို့ထက် မြန်တယ်လို့ ဆိုပါတယ်။ Online Browser Test တစ်ခုမှာ Tab 20 ကျော် ဖွင့်ပြီး စမ်းသပ်ရာမှာတောင် Firefox က Score ပိုမြင့်နေတယ်လို့ ရေးသားထားပေမယ့်၊ ကျနော်တို့ကတော့ စမ်းသပ်ခြင်းမပြုရသေးလို့ အတည်မပြောနိုင်သေးပါဘူး။


References
Ars Technica Engadget Ryan Pollock
About Author
Assinged Tags
Chrome Browser Firefox Firefox 54 Electrolysis Multi-Processing
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed