1 GB Size ဖိုင်တွေကို Share ပေးနိုင်တဲ့စနစ်အပြင်၊ Notes နဲ့ Voice Search ကိုပါ စမ်းသပ်ထည့်သွင်းလိုက်တဲ့ Firefox Test Pilot

date_range 04 August 2017

1 GB Size ဖိုင်တွေကို Share ပေးနိုင်တဲ့စနစ်အပြင်၊ Notes နဲ့ Voice Search ကိုပါ စမ်းသပ်ထည့်သွင်းလိုက်တဲ့ Firefox Test Pilot

visibility 380 Views

                Mozilla Firefox ဟာ Features အသစ် ၃ ခုကို Firefox ရဲ့ Experimental Features တွေကို စမ်းသပ်တဲ့ Firefox Test Pilot မှာ ထည့်သွင်းပေးလိုက်ပါတယ်။

                အခု Features အသစ်တွေနဲ့ Mozilla Firebox ဟာ Google Chrome အသုံးပြုသူတွေကို ဆွဲဆောင်လာနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ မကြာသေးမီကလည်း Firefox 54 မှာ User တိုင်း စောင့်မျှော်နေတဲ့ Multi-Process နည်းပညာက တရားဝင်ပါလာပြီဆိုတော့ Firefox ခြေလှမ်းတွေက အားရစရာလို့ ဆိုနိုင်ပါတယ်။

                အခု Firefox Test Pilot ( စမ်းသပ်ဗားရှင်း) မှာ ပါဝင်လာတဲ့ Features သုံးခုထဲက၊ ပထမဆုံး Feature ကတော့ Voice Fill လို့ အမည်ရတဲ့ Speech to Text program တစ်ခုပဲဖြစ်ပါတယ်။


                Voice Fill က လက်ရှိအချိန်မှာ Google, Yahoo နဲ့ DuckDuckGo Search တွေအတွက် အလုပ်လုပ်မှာဖြစ်ပြီး၊ Search Bar ဘေးက Microphone ကိုနှိပ်ကာ ကိုယ်အလိုရှိရာကို စကားပြောဆိုရုံနဲ့ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Mozilla ရဲ့ ပြောကြားချက်အရတော့ Voice Fill မှာ AI Voice Recognition စနစ်ပါဝင်တဲ့အတွက် အချိန်ကြာလာတာတဲ့အမျှ ရှာဖွေမှုကို စာရိုက်တာထက် ပိုပြီး မြန်ဆန်တိကျတဲ့အဖြေတွေကို ရှာဖွေပေးလာနိုင်မယ်လို့ သိရပါတယ်။

                ဒုတိယ Feature ကတော့ Web Browser တွေထဲမှာ လိုအပ်တယ်လို့ ပြောလို့ရတဲ့ Notes Feature ပါ။


                အခု Test Pilot မှာ  Firefox အသုံးပြုတွေအနေနဲ့ မှတ်သားထားချင်တဲ့စာသားရှိရင် Notes မှာမှတ်ထားနိုင်ပြီး၊ အဲ့ဒီမှတ်ထားတဲ့ Notes တွေကလည်း Firefox account နဲ့ Sync လုပ်ထားတဲ့အတွက် ဘယ်ကွန်ပျူတာမှာပဲဖြစ်ဖြစ် Firefox Account ဝင်လိုက်ရုံနဲ့ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ 

                Firefox Test Pilot ရဲ့ နောက်ဆုံး Feature ကတော့ Send ဆိုတဲ့ Feature ဖြစ်ပါတယ်။


                ဒီ Feature မှာဆိုရင် တစ်ယောက်ယောက်ကို ပို့ပေးချင်တဲ့ File ရှိရင် Send ကနေတစ်ဆင့် Mail, Facebook Messenger ဒါမှမဟုတ် စာတိုနဲ့ပဲဖြစ်ဖြစ် ပေးပို့နိုင်တဲ့ Download Link ကို ရရှိမှာဖြစ်ပါတယ်။ အဆိုပါ Send နဲ့ ပေးပို့တဲ့ File တွေဟာ Encrypted လုပ်ထားသလို၊ File Size အနေနဲ့လည်း 1GB အထိ ပေးပို့နိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုကောင်းတာက Download ၁ ခါပြုလုပ်ပြီးရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ၂၄ နာရီပြည့်သွားတာပဲဖြစ်ဖြစ် ပေးပို့တဲ့ File က အလိုအလျောက်ပျက်သွားမှာဖြစ်ပါတယ်။

                Mozilla Firefox ရဲ့  ယခု Features အသစ်တွေဟာ လက်ရှိအချိန်မှာ စမ်းသပ်နေဆဲဖြစ်ပြီး Mozilla Firefox Stable Version မှာတော့ အကုန်ပါဝင်လာနိုင်၊ မလာနိုင်က မသေချာသေးပါဘူး။ တကယ်လို့ စမ်းသပ်သုံးစွဲကြည့်ချင်တယ်ဆိုရင် ယခု Link ကနေ စမ်းသုံးကြည့်နိုင်ပါတယ်။ ဒါပေမယ့် စမ်းသပ်ဆဲဖြစ်တာကြောင့် စင်းလုံးချောတော့ မဖြစ်နိုင်ဘဲ၊ Bugs လေးတွေ ရှိနိုင်တာကို သတိပြုစေလိုပါတယ်။

References
Hot Hardware Firefox Test Pilot
About Author
Assinged Tags
Features Browser Firefox Firefox Test Pilot Test Pilot Voice Fill Notes File Sending Mozilla
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed