လွန်ခဲ့တဲ့ ၉ နှစ်မှာ အစောဆုံး browser တွေထဲက တစ်ခုဖြစ်တဲ့ Netscape ကို ရပ်ဆိုင်းခဲ့ပါတယ်

date_range 02 March 2017

လွန်ခဲ့တဲ့ ၉ နှစ်မှာ အစောဆုံး browser တွေထဲက တစ်ခုဖြစ်တဲ့ Netscape ကို ရပ်ဆိုင်းခဲ့ပါတယ်

visibility Views

Browser တွေထဲမှာ ပထမဆုံး အခကြေးငွေပေးဝယ်ရတဲ့ Web Browser တစ်ခုဖြစ်တဲ့ Netscape browser (Netscape Navigator) ကို လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှာ  AOL ကုမ္ပဏီက ရပ်ဆိုင်းခဲ့ပါတယ်။ ရပ်ဆိုင်းချိန်မှာ Netscape major browser ဗားရှင်း ၉ ခုတိတိ ထုတ်ပြီးဖြစ်ပါတယ်။

Netscape Navigator လို့ ခေါ်တဲ့ Netscape browser ဟာ ၁၉၉၀ ပြည့်နှစ်အလယ်ပိုင်းလောက်မှာ World Wide Web အင်တာနက်ကို လူသုံးများအောင် လုပ်ပေးခဲ့တဲ့ အစောဆုံး Web Browser တွေထဲက တစ်ခုဖြစ်ပြီး၊ အစကြေငြာတုန်းက “အခမဲ့” ဆိုပြီး ကြေငြာခဲ့ပေမယ့် နောက်ပိုင်းမှာ အခမဲ့ဗားရှင်းနဲ့ ပိုက်ဆံပေးဝယ်ရတဲ့ဗားရှင်းဆိုပြီး နှစ်မျိုးထွက်ပေါ်ခဲ့တာြဖစ်ပါတယ်။

နောက်ပိုင်းမှာ Microsoft က IE (Internet Browser) ကို အလကားပေးသုံးပြီး Netscape ကို ဖိုက်ရာကနေ ပထမဆုံး Browser စစ်ပွဲကြီးဖြစ်ပေါ်ခဲ့ပြီး၊ နောက်ဆုံးမှာ Netscape က အညံ့ခံခဲ့ရပါတယ်။ 

IE နဲ့ Netscape တို့က စခဲ့တဲ့ Brower စစ်ပွဲကို အခုကျနော်တို့အသုံးပြုနေကြတဲ့ Mozilla Firefox ၊ Google Chrome ၊ Safari ၊ Opera ၊ Microsoft Edge တို့က ဆက်လက်ဆင်နွှဲတုန်းဖြစ်ပြီး၊ User ဝေစု ဘယ်သူပိုများမလဲဆိုတာ အစွမ်းကုန်ပြိုင်ဆိုင်နေကြတာကို တွေ့ရမှာပါ။

References
This Day in Tech History
About Author
Assinged Tags
Internet Netscape Browser Software
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed