Browser Crash ဖြစ်တာတွေကို လျော့ချပေးနိုင်မယ့် နည်းပညာသစ်ပါရှိလာတဲ့ Firefox 53 ထွက်ရှိ

date_range 21 April 2017

Browser Crash ဖြစ်တာတွေကို လျော့ချပေးနိုင်မယ့် နည်းပညာသစ်ပါရှိလာတဲ့ Firefox 53 ထွက်ရှိ

visibility 150 Views

                လူသုံးအများဆုံး Web Browser တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Firefox အနေနဲ့ ဒီနေ့မှာပဲ Firefox 53 ကို Windows, Mac, Linux နဲ့ Android တို့အတွက် Release လုပ်ပေးလိုက်ပြီး၊ Desktop User တွေအနေနဲ့ firefox.com မှာသွားရောက် Download လုပ်ယူနိုင်ပေမယ့် Android User တွေအနေနဲ့ကတော့ Update ရ၊ မရ PlayStore မှာ ဝင်ရောက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

                iOS အတွက်ကတော့ Update မထွက်ရှိသေးပါဘူး။ အခုထွက်ရှိလာတဲ့ Update နဲ့အတူ Browser Crash ဖြစ်တာတွေကို လျော့ချပေးနိုင်မယ့် Quantum Compositor ဆိုတဲ့နည်းပညာသစ်ကိုပါ မိတ်ဆက်လိုက်ပါတယ်။ Firefox ရဲ့ကိုယ်ပိုင် Blog မှာတော့ 

“ဒီနည်းပညာဟာ အသုံးပြုသူ Screen ပေါ်မှာမြင်ရတဲ့မြင်ကွင်းတွေကို Broswer အနေနဲ့ မြင်ကွင်းတစ်ခုထဲ ဒါမှမဟုတ် Layer တစ်ခုထဲဖြစ်အောင်ချုံ့ပစ်ပြီး အသုံးပြုသူကို ပြန်လည်ပြသပေးမှာ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ဒီနည်းပညာဟာ Photoshop မှာ Image Layer တွေကို ပေါင်းလိုက်တာနဲ့ အနည်းငယ်ဆင်တူပါတယ်။

နောက်ပြီး Image Layer တွေဖြစ်တဲ့အတွက် Browser ဟာ CPU ပေါ်မှာ အလုပ်လုပ်မှာမဟုတ်ပဲ၊ GPU ပေါ်မှာအလုပ်လုပ်မှာ ဖြစ်ပါတယ်။ GPU ပေါ်မှာ အလုပ်လုပ်တာဖြစ်တဲ့အတွက် Browser ကအရမ်းမြန်ပါတယ်။

Quantum compositor ဟာ သီးသန့် Process တစ်ခုဖြစ်တာကြောင့် Crash ဖြစ်ခဲ့ရင်တောင်မှ အရင်ကလိုမျိုး Firefox ကိုပိတ်ပစ်တော့မှာ မဟုတ်ပါဘူး။ ဒီ့အပြင် Crash ဖြစ်သွားတဲ့ Tab ကိုတောင် ပိတ်ပစ်တော့မှာ မဟုတ်ပါဘူး။”

လို့ ရေးသားထားပါတယ်။

                Firefox ကတော့ ဒီနည်းပညာသစ်ဟာ Browser Crash ဖြစ်ခြင်းကို ၁၀% ထိလျော့ချနိုင်တယ်လို့ ဆိုထားပါတယ်။ အခုလောလောဆယ်အနေနဲ့ ဒီနည်းပညာသစ်ဟာ Intel, Nvidia ဒါမှမဟုတ် AMD Graphics Card တွေပါဝင်တဲ့ စက်တွေမှာပဲ အလုပ်လုပ်ဦးမှာ ဖြစ်ပါတယ်။

                macOS မှာကတော့ Graphics Compositing က Stable ဖြစ်ပြီးသားဖြစ်တာကြောင့် Compositor အတွက် သီးသန့် Process မလိုတော့ဘူးလို့ သိရပါတယ်။ ဒီနည်းပညာသစ်တင်မဟုတ်ပါဘူး Website Persmissions တွေပေးတဲ့နေရာနဲ့ HTML5 Audio and Video တွေရဲ့ အသွင်အပြင်တွေကိုလည်း အနည်းငယ်ပြုပြင်ထားပါသေးတယ်။ 

References
gadgets 360
About Author
Assinged Tags
Browser Firefox Firefox 53 Quantum Compositor
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed