Google Daydream VR Support ရရှိလာတဲ့ Samsung Galaxy S8/S8 Plus

date_range 01 August 2017

Google Daydream VR Support ရရှိလာတဲ့ Samsung Galaxy S8/S8 Plus

visibility 1900 Views

                Samsung Galaxy S8 နဲ့ S8 Plus ဟာ ယခုနှစ်အတွက် Samsung “S” Series ရဲ့နောက်ဆုံးထွက် Flagship ဖုန်းအမျိုးအစားတွေပဲဖြစ်ပါတယ်။ ဒီဇိုင်းဆန်းပြီး Infinity Display ပါ၀င်တဲ့ Samsung Galaxy S8 /S8 Plus အနေနဲ့ စတင်မိတ်ဆက် ခဲ့တုန်းကတော့ Google ရဲ့ VR Platform တစ်ခုဖြစ်တဲ့ Daydream VR Support ပါ၀င်လာခဲ့ခြင်းမရှိပါဘူး။

                ၀မ်းသာစရာသတင်းကတော့ Samsung Galaxy S8 နဲ့ S8 Plus စမတ်ဖုန်းတွေဟာ Daydream VR အတွက်လိုအပ်တဲ့ Support ကို ရရှိခဲ့ပြီဖြစ်ကြောင်း Google က အတည်ပြုပေးလိုက်ပါပြီ။ ဒါကြောင့်မို့ Samsung Galaxy S8/S8 Plus မှာ Daydream App နဲ့အတူ Daydream View VR Headset ကို အသုံးပြုလာနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် Samsung Galaxy S8/S8 Plus ဟာ Daydream VR ကော Gear VR နှစ်မျိုးစလုံးကို အသုံးပြုနိုင်တဲ့ ပထမဦးဆုံးစမတ်ဖုန်းတစ်လုံးလည်းဖြစ်ခဲ့ပါပြီ။


                Google ရဲ့ Daydream VR Support ကို လက်ရှိအချိန်မှာ Google Pixel နဲ့ Samsung Galaxy S8/S8 Plus အပါအ၀င် စမတ်ဖုန်း ၆ လုံးပဲ ရရှိပါသေးတယ်။ Google ဟာ Daydream VR Support ကို Samsung Galaxy S8/S8 Plus ကိုပေးဖို့ ကြန့်ကြာနေခဲ့တာဟာ Samsung နဲ့ Oculus တို့ပူးပေါင်းပြီးထုတ်လုပ်ထားတဲ့ Gear VR Platform Support ကြောင့်ဖြစ်ဖို့များပါတယ်။ Samsung ဟာ Daydream VR Support ရရှိဖို့အတွက် Oculus နဲ့ အငြင်းပွားမှုတွေဖြစ်ခဲ့ပုံရပါတယ်။ 

                အခုအချိန်မှာတော့ Samsung Galaxy S8/S8 Plus တို့အတွက် System Update ထဲမှာ Daydream VR Support ပါ၀င်လာတော့မှာဖြစ်ပါတယ်။ နေရာနဲ့ Carriers တွေအပေါ်မူတည်ပြီး System Update ထုတ်လုပ်ပေးတာ အနည်းငယ်ကြန့်ကြာနိုင်ပေမယ့် Bixby Voice လိုမျိုး အချိန်အများကြီးစောင့်ဆိုင်းရမှာတော့ မဟုတ်ပါဘူး။ 

References
Android Authority
About Author
Assinged Tags
Google Samsung Galaxy S8 VR Headset Virtual Reality Gear VR Oculus Galaxy S8 Galaxy S8 and S8+ Daydream Samsung Gear VR Daydream VR Google Daydream Google Daydream VR
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed