Galaxy S8 အသုံးပြုသူတွေအနေနဲ့ Bixby Voice Support ရရှိရန် ထပ်မံစောင့်ဆိုင်းရဖွယ်ရှိ

date_range 01 June 2017

Galaxy S8 အသုံးပြုသူတွေအနေနဲ့ Bixby Voice Support ရရှိရန် ထပ်မံစောင့်ဆိုင်းရဖွယ်ရှိ

visibility 1500 Views

                Bixby Assistant ကို Galaxy S8 နဲ့ S8+ မှာ စ တင်တွေ့မြင်ရခဲ့ပြီး Google Assistant၊ Cortana နဲ့ Siri ပုံစံ Virtual Assistant အသစ်တစ်မျိုးကို Samsung မှထည့်သွင်းပေးခဲ့ပါတယ်။ Samsung Galaxy S8 ဖုန်းပေါ်မှာလည်း Bixby ခလုပ်တစ်ခုပါ၀င်ပြီး ခလုပ်ကလေးနှိပ်လိုက်တာနဲ့ Bixby လေးဟာ သင့်လိုအပ်ချက်ကိုကူညီဖို့ အသင့်ဖြစ်နေမှာပါ။ 

                ဒါပေမဲ့လည်း Samsung Galaxy S8 နဲ့ S8 Plus ကို Samsung ကနေ စတင်မိတ်ဆက်ပြီး ရောင်းချခဲ့တဲ့အချိန်မှာ တခြား Virtual Assistant တွေလိုမျိုး Voice Support ပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒီအကြောင်းကို ကျွန်တော်တို့ ဆောင်းပါးတစ်ခု မှာဖော်ပြခဲ့ပါသေးတယ်။ အခုအခါမှာလည်း Samsung ကနေပြီး Bixby Assistant ပေါ်ကို Voice Command တွေအသုံးပြုဖို့ Update ကိုထုတ်ပေးရာမှာ နောက်ကျဦးမယ်လို့ Wall Street Journal မှဆိုပါတယ်။ ခန့်မှန်းခြေအနေနဲ့ June လကုန်လောက်မှ Update ထုတ်ပေးနိုင်ဖွယ်ရှိတယ်လို့လည်းဆိုပါတယ်။

                Samsung က သူတို့ရဲ့ Bixby လေးဟာ အခုမှမွေးဖွားလာတာ သိပ်မကြာသေးတဲ့ အတွက် Galaxy သုံးတဲ့သူတွေကို ကောင်းကောင်းမွန်မွန် နဲ့ စိတ်ကျေနပ်မှုရအောင်ကူညီပေးနိုင်ဖို့ အချိန်ယူနေတာလည်း ဖြစ်နိုင်ပါတယ်။  WSJ မှလည်း Source တစ်ခုအပေါ်မူတည်ပြီး ပြောကြားခဲ့တာကတော့ Bixby လေးဟာ အခုထက်ထိတိုင်အောင် English ဘာသာစကားကို စကားလုံး နဲ့ သဒ္ဒါ ကွဲကွဲပြားပြားနားလည်ဖို့ကို ကြိုးစားနေရသေးတယ်လို့လည်းဆိုပါတယ်။

                Samsung Galaxy S8 နဲ့ S8+ ပေါ်မှာ စ တင်ပါ၀င်လာတဲ့ Bixby Assistant လေးမှာ Voice Support မပါ၀င်ခဲ့တာဟာ အားနည်းချက်တစ်ခုလိုဖြစ်ခဲ့ပေမဲ့လည်း ဒီဖုန်းတွေရောင်းချမှုအပေါ်မှာ ကြီးမားတဲ့သက်ရောက်မှု တစ်ခုတော့မရှိခဲ့ပါဘူး။ Samsung ကနေ May လတွင်းမှာပဲ Samsung Galaxy S8 နဲ့ S8+ ကို အလုံးပေါင်း ၅ သန်းကျော်ရောင်းချခဲ့ရပြီး အလုံးပေါင်း ၁၀ သန်းကျော်ကိုလည်း နိုင်ငံတကာမှ သက်ဆိုင်ရာ Retail ဆိုင်များသို့ တင်ပို့ခဲ့ပြီးပြီ ဖြစ်ပါတယ်။ 

                Samsung Galaxy S8 နဲ့ S8+ မှာ Bixby Assistant ရဲ့ Voice Support မရသေးတဲ့အပေါ် Galaxy S8 အသုံးပြုသူတွေအနေနဲ့ ဘယ်လိုမြင်ပါသလဲ? ရရှိလာခဲ့တဲ့အချိန်ကျရင်ကော ဘယ်လို Feature တွေပါ၀င်လာဖို့ မျှော်လင့်လဲဆိုတာကို ဖတ်ရှုသူတွေအနေနဲ့ TechX Myanmar Facebook Page ကနေ Comment ဝင်ပေးကြည့်ပါဦး။

References
Android Authority Wall Street Journal
About Author
Assinged Tags
Samsung Android Digital Assistant Samsung Galaxy Samsung Galaxy S8 Virtual Assistant Bixby Samsung Bixby Android Phone Bixby Assistant
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed