Essential ဖုန်းမှာ Bootloader Unlock လုပ်ခွင့် လွယ်လွယ်ကူကူ ရရှိလာမည်

date_range 04 June 2017

Essential ဖုန်းမှာ Bootloader Unlock လုပ်ခွင့် လွယ်လွယ်ကူကူ ရရှိလာမည်

visibility 800 Views

                Android ဖန်တီးသူ Andy Rubin ရဲ့ Essential PH-1 စမတ်ဖုန်း ကို မေလ ၃၀ ရက်နေ့က စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီသတင်းနဲ့အတူ Essential ဖုန်းဆိုတာ Android စမတ်ဖုန်းအသုံးပြုသူ တွေကြားမှာ Popular ဖြစ်လာခဲ့ပြီး အားလုံးကလည်း ဒီဖုန်းကိုထွက်ရှိလာဖို့ စောင့်မျှော်နေကြပါတယ်။ Essential ဖုန်းအနေနဲ့ Flagship Series တွေဖြစ်တဲ့ Samsung Galaxy S8/S8+, Xioami Mi 6, OnePlus 5 တို့နဲ့လည်း ပြိုင်ဆိုင်ရဖို့လည်းရှိပါတယ်။ 

                Essential ဖုန်းကို အော်ဒါ မှာတဲ့အခါမှာ 360 Degree Camera လည်းပါ၀င်လာမှာဖြစ်ပါတယ်။ အဲ့ကင်မရာအတွက်ကိုတော့ $50 အပိုဆောင်းပေးရဖွယ်ရှိပါတယ်။ Snapdragon 835 SoC နဲ့အတူ 128GB Internal Storage ပါ၀င်လာမယ့်ဖုန်းတစ်လုံးဖြစ်လို့ စိတ်၀င်စားစရာကောင်းတာတော့အမှန်ပါပဲ။ ဒါပေမဲ့လည်း နောက်ပိုင်းမှာထွက်ရှိလာမယ့် Flagship ဖုန်းတွေနဲ့ ယှဉ်မယ်ဆိုရင်တော့ သာမန်လောက်ပဲရှိပါတယ်။


                သတင်းကောင်းပါပဲ။ Bootloader Unlock လုပ်လို့ရလာမှာလား ဆိုပြီး Twitter မှ Ruvort ဆိုတဲ့သူရဲ့ မေးမြန်းမှုအပေါ်မှာ Essential Team ကနေပြီးတော့ Unlock လုပ်ခွင့်ရမယ်လို့အတည်ပြု ဖြေကြားလိုက်ပါတယ်။ Rooting လုပ်တာနဲ့အတူ Custom Kernel နဲ့ ROM တွေ မြင်ရမယ်ဆိုတဲ့သဘောပါပဲ။ Developers တွေအတွက်လည်း ဒီ ဖုန်းကိုပိုပြီး ထဲထဲ၀င်၀င် လေ့လာလို့ ရလာဖွယ်ရှိပါတယ်။ 

                Google မှထုတ်လုပ်ခဲ့တဲ့ Nexus တို့၊ Pixel တို့နဲ့အတူ OnePlus မှထုတ်လုပ်ထားတဲ့ဖုန်းတွေကတော့ Bootloader Unlocking အတွက် “fastboot oem unlock” ဆိုတဲ့ Command တစ်ချက်တည်းနဲ့ Lock ပွင့်တာရှိသလို၊ မလုပ်တတ်တဲ့သူတွေအတွက်လည်း စိတ်ချရတဲ့ One-Click Tool တွေလည်းအများအပြားရှိပါတယ်။ ဒါကြောင့်မို့ Bootloader ကို Unlock ခွင့်ရတာဟာ အရမ်းကြီးအထူးအဆန်းတော့မဟုတ်ပေမဲ့ Lock အသေချထားတာမဟုတ်ဘူးလို့ သိရှိရတဲ့အတွက် ၀မ်းသာစရာပါပဲ။ 

                Unlocked Bootloader တစ်ခုတည်းရှိရုံနဲ့တော့ Custom Kernel နဲ့ ROM တွေထွက်ပေါ်လာဖို့ ဆိုတာမလွယ်ကူပါဘူး။ သက်ဆိုင်တဲ့ Hardware ရဲ့ Source တွေလည်းလိုအပ်ပါတယ်။ ဒါတွေကို ထုတ်ပေး၊ မပေးဆိုတာကလည်း Essential Team ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်ပါတယ်။ 

                Essential ဖုန်းကို ဖတ်ရှုသူတွေ အနေနဲ့ နောက်ထပ် ဘာတွေမျှော်လင့်ထားလဲ? ဘယ်လိုပုံစံနဲ့ထွက်ရှိလာမယ် နဲ့ နောက်ဆုံးပေါ် Flagship ဖုန်းတွေကို ယှဉ်ပြိုင်နိုင်မှာလား ဆိုတာကို TechX Myanmar Facebook Page အောက်မှာ Comment ၀င်ပေးကြည့်ပါဦး။

References
XDA Developers
About Author
Assinged Tags
Android Andy Rubin Android Creator Essenial Android Phone Kernel Bootloader related Root Essential PH-1 Bootloader Unlock OEM Fastboot Essential Smartphone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed