ဂျွန်လ ၂၈ ရက်နေ့ MWC Shanghai ပွဲမှာ ကမ္ဘာ့ပထမဆုံး In-Screen Fingerprint Sensor ဖုန်းကို Vivo မိတ်ဆက်ဖွယ်ရှိ

date_range 27 June 2017

ဂျွန်လ ၂၈ ရက်နေ့ MWC Shanghai ပွဲမှာ ကမ္ဘာ့ပထမဆုံး In-Screen Fingerprint Sensor ဖုန်းကို Vivo မိတ်ဆက်ဖွယ်ရှိ

visibility 360 Views

                ပြီးခဲ့တဲ့အပတ်တုန်းက Screen Display မှာ Fingerprint ပါဝင်တဲ့ ဖုန်းကို Vivo က ပြုလုပ်နေတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာပြီးနောက်၊ Vivo ဟာ ယခု လာမယ့် ဂျွန်လ ၂၈ ရက်နေ့၊ ရှန်ဟိုင်းမှာ ကျင်းပမယ့် Mobile World Congress 2017 ပွဲမှာ အဆိုပါဖုန်းကို မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။ 


                Vivo ကနေ မိတ်ဆက်ခဲ့တဲ့ Teaser Image မှာ Unlock the Future လို့ရေးထားပြီး၊ ပုံ Background မှာ Fingerprint ပုံစံက Screen အတွင်း ရောက်နေတာကို တွေ့မြင်ရမှာပါ။ ဒီပုံအတိုင်းသာဆိုရင်တော့ ကမ္ဘာ့ပထမဆုံး Screen အတွင်းမှာ Fingerprint ထည့်သွင်းထားတဲ့ ဖုန်းအသစ်တစ်မျိုး ဒါမှမဟုတ် နည်းပညာတစ်ခုကို Vivo က အရင်ဆုံး မိတ်ဆက်ပြသသွားနိုင်ခြေ ရှိနေပါတယ်။

                လက်ရှိအချိန်မှာတော့ Vivo ကနေ Teaser Image ကလွဲပြီး အခြားဘာမှတရားဝင်ပြောကြားခြင်းမပြုသေးပေမယ့် တကယ်သာ Screen အတွင်းမှာ Fingerprint ထည့်သွင်းလာနိုင်ခဲ့ရင် လက်ရှိ Smartphone တွေရဲ့ အနာဂတ်ကို ပြောင်းလဲသွားနိုင်စေမှာဖြစ်ပါတယ်။

                ပြီးတော့ ထိပ်သီးစမတ်ဖုန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Samsung နဲ့ Apple တို့က ဒီလို Fingerprint Sensor မျိုးကို ကုမ္ပဏီရဲ့ မော်ဒယ်အသစ်ဖုန်းတွေမှာ ထည့်သွင်းဖို့ တိုင်ပတ်နေချိန်မှာ Vivo က အရင်အကောင်အထည်ဖော်နိုင်မယ်ဆိုရင်တော့ ကုမ္ပဏီအတွက်လည်း သမိုင်းမှတ်တိုင်အသစ်တစ်ခု ဖြစ်လာမှာပါ။

References
GSM Arena Gadgets NDTV
About Author
Assinged Tags
Smartphones Vivo Under Display Fingerprint In-Screen Fingerprint Sensor
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed