Vivo က iPhone 8 နဲ့ Galaxy Note 8 ထက်အရင် Fingerprint Sensor ကို Screen အောက်မှာ ထည့်သွင်းထားနိုင်မလား?

date_range 16 June 2017

Vivo က iPhone 8 နဲ့ Galaxy Note 8 ထက်အရင် Fingerprint Sensor ကို Screen အောက်မှာ ထည့်သွင်းထားနိုင်မလား?

visibility 9460 Views

                Fingerprint sensor ကို ဖုန်း Screen အောက်မှာ ထားဖို့ကို Apple iPhone 8 နဲ့ Samsung Galaxy Note 8 မှာ အရင်ဆုံးပါဝင်လာမယ်လို့ ခန့်မှန်းထားပေမယ့် နောက်ဆုံးသတင်းတွေအရ Galaxy Note 8 မှာ Fingerprint sensor ကနေ Screen အောက်မှာထားဖို့တော့ မဖြစ်နိုင်လောက်ဘူးလို့ ကျွန်တော်တို့ ပြောခဲ့ဖူးပါတယ်။

ဒီတော့ Under-Glass Fingerprint Sensor ဟာ Apple iPhone 8 မှာပဲ အရင်ဆုံးပါဝင်လာမယ်လို့ ထင်ထားပေမယ့်၊ ယမန်နေ့က Weibo Website မှာ တက်လာတဲ့ Video file အရ Vivo ကနေဂျွန်လ ၂၈ ရက်နေ့မှာ ကြေငြာမယ်လို့ ထင်ရတဲ့ စမတ်ဖုန်းအသစ်မှာ Screen အောက် Fingerprint sensor ကို အသုံးပြုထားတာကို တွေ့ခဲ့ရပါတယ်။ 

                Video File အရတော့ ဖုန်း Screen ရဲ့ အောက်ခြေနားလောက်ကို လက်တင်လိုက်ပြီး Fingerprint ပုံစံပေါ်လာပြီး Unlock ဖြစ်သွားတာကိုတွေ့ခဲ့ရတာပါ။ Screen တစ်ခုလုံးမှာ Fingerprint Sensor ပါဝင်လား မပါဝင်လားတော့ မသိသေးပေမယ့် အခုလိုပြုလုပ်နိုင်တာက တကယ်ဆိုရင် Vivo က ပထမဆုံး Screen အောက်မှာ Fingerprint sensor ကို ထည့်သွင်းနိုင်တဲ့ဖုန်းဖြစ်လာမှာပါ။


                နီးစပ်သူတွေပြောပုံအရတော့ တလောကထွက်ရှိထားတဲ့ Vivo X9 Plus နဲ့ ဆင်တူတဲ့အဆိုပါဖုန်းဟာ ဂျွန်လ ၂၈ရက်နေ့၊ ရှန်ဟိုင်း MWC Conference မှာပြုလုပ်မယ့် Vivo Event မှာပြသမယ်လို့ သိရပါတယ်။ တကယ် Fingerprint ကို Screen အောက်မှာထည့်ထားနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

References
GizChina
About Author
Assinged Tags
Rumors Vivo iPhone 8 related news Galaxy Note 8 Fingerprint Scanner
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed