Samsung Galaxy S8 မှာ Screen ကိုဖွင့်ပြီးအားသွင်းပါက Fast Charging အလုပ်လုပ်မည်မဟုတ်

date_range 15 May 2017

Samsung Galaxy S8 မှာ Screen ကိုဖွင့်ပြီးအားသွင်းပါက Fast Charging အလုပ်လုပ်မည်မဟုတ်

visibility 5250 Views

                Samsung Galaxy S8  မှာ Rapid Charging Features တွေနဲ့အတူ Adaptive Fast Charger တစ်ခုလည်းပါ၀င်လာပါတယ်။ Fast Cable Charging Feature ကို S8 မှာဆိုရင် Settings ထဲက Device maintenance > Battery > Advanced Settings ထဲမှာ အဖွင့်/အပိတ် ပြုလုပ်လို့ရပါသေးတယ်။ ဒီ Feature ကိုဖွင့်လိုက်ပြီဆိုတာနဲ့ S8 နဲ့အတူ ပါ၀င်လာတဲ့ Adaptive Fast Charger ဒါမှမဟုတ် Qualcomm Quick Charge 2.0 Charger နဲ့ အားသွင်းမယ်ဆို 0% ကနေ 100% ထိအားသွင်းဖို့ကို ခန့်မှန်းခြေ နှစ်နာရီလောက်ပဲ ကြာမြင့်မှာပါ။


                ဒါပေမဲ့လည်း Galaxy S8 လေးဟာ Screen On ပြီးအားသွင်းမယ်ဆိုရင် Fast Charging ဟာအလုပ်မလုပ်ပါဘူး။ ဒီအားနည်းချက်ကို ထောက်ပြခဲ့တာကတော့ Phandroid Community က Chris Chavez ပဲဖြစ်ပါတယ်။ (သူ့ရဲ့အသေးစိတ်ရှင်းပြချက်ကိုတော့ ဒီ Link မှာ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။) သူဟာ Galaxy S8 ရဲ့ Fast Charging ကို Screen ဖွင့်ပြီးစမ်းသပ်ခဲ့ရာမှာ 0% ကနေ 100% ထိပြည့်ဖို့ အချိန် ၂ နာရီနဲ့ ၅၁ မိနစ်ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။

                ZTE Blade V8 Pro (3,140 mAh battery နဲ့အတူ Quick Charge 2.0 ပါတဲ့) ဖုန်းနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ YouTube ဖွင့်ထားရင်းနဲ့ပဲအားသွင်းခဲ့တာ 0% ကနေ 100% ထိကို အချိန် ၁ နာရီနဲ့ ၃၂ မိနစ်ခန့်ပဲကြာမြင့်ခဲ့ပါတယ်။ Galaxy S8 မှာတော့ Battery ပမာဏ 3,000 mAh သာပါ၀င်ပြီး ကြာမြင့်ချိန်ဟာ ZTE Blade ထက်နှစ်ဆနီးပါး မြင့်တက်နေခဲ့တာကို တွေ့ရမှာပါ။  (ကိုယ်တိုင်လည်းစမ်းသပ်ချင်တယ်ဆိုရင်တော့ Settings > About Phone ထဲက Build Number ဆိုတဲ့နေရာကို ခုနှစ်ချက်ဆက်တိုက်ခေါက်ပြီး Developer options ကိုဖွင့်၊ ပြီးတာနဲ့ Settings > Developer Options ထဲမှာ Stay Awake ဆိုတာလေးကို On ပေးလိုက်ပြီး စမ်းကြည့်နိုင်ပါသေးတယ်။)

                ဒါပေမဲ့လည်း Fast Charging ဟာလုံး၀အလုပ်မလုပ်တာတော့ မဟုတ်ပါဘူး။ Galaxy S8 ဖုန်းပိုင်ရှင်တွေအနေနဲ့ကတော့ အပြင်သွားစရာရှိတာပဲဖြစ်ဖြစ်၊ အလျင်လိုနေတာပဲဖြစ်ဖြစ် အခြေအနေတစ်ခုခုကြောင့် ဖုန်းကိုအလျင်အမြန်အားပြည့်စေချင်ရင် Screen ပိတ်ပြီးသာ အားသွင်းကြိုးထိုးထားပေးဖို့ အကြံပြုပါတယ်။ 

References
Cnet Phandroid
About Author
Assinged Tags
Samsung Samsung Galaxy Samsung Galaxy S8 Galaxy S8 Quick Charging related Fast Charging related ZTE Blade series smartphone Screen issues related
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed