iOS 11 ကို မိတ်မဆက်ခင် “Files” ဆိုတဲ့ App အသစ်ကို App Store မှာ တိတ်တဆိတ် တင်ထားတဲ့ Apple

date_range 05 June 2017

iOS 11 ကို မိတ်မဆက်ခင် “Files” ဆိုတဲ့ App အသစ်ကို App Store မှာ တိတ်တဆိတ် တင်ထားတဲ့ Apple

visibility 4040 Views

                Apple အနေနဲ့ WWDC 2017 ပွဲကြီးမစခင်မှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီဖြစ်ပါတယ်။ Apple အနေနဲ့ iOS 11 မိတ်မဆက်ခင် App Store Search Results မှာ 32-Bit Apps တွေကို မပြသတော့ခြင်း အပြင်၊ အခုလည်းထပ်ပြီး iOS 11 နဲ့ အထက်မှာပဲ အသုံးပြုလို့ရတဲ့ “Files” ဆိုတဲ့ Apple-Developed App လေးကို App Store မှာ တိတ်တဆိတ် တင်ထားပြန်ပါပြီ။

                တိတ်တဆိတ် တင်ထားပေမယ့်လည်း စပ်စပ်စုစု Developer တစ်ယောက်ရဲ့လက်ကတော့ ပြေးမလွတ်ခဲ့ပါဘူး။ ဒီ App အသစ်လေးကို Developer တစ်ယောက်ဖြစ်တဲ့ Steven Troughton-Smith က တွေ့ရှိခဲ့တာဖြစ်ပြီး၊ သူ့ရဲ့ Twitter စာမျက်နှာ မှာ ဓာတ်ပုံနှင့်တကွ Tweet လုပ်ခဲ့ပါတယ်။ သူ့ရဲ့ Tweet ကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။


                App နဲ့ပက်သက်ပြီး App Store မှာ တိတိကျကျ အချက်အလက်တွေတော့ မတွေ့ရပါဘူး။ Description မှာ “Files App For iOS” လို့ ရေးသားထားတာကိုပဲ တွေ့ရပါသေးတယ်။ Categrory အနေနဲ့ Utilities ထဲမှာ ထည့်သွင်းထားပါတယ်။ Screenshots မှာလည်း ဘာဓာတ်ပုံမှ မတင်ထားပါဘူး။ Apple Logo လေးပဲ တင်ထားပါတယ်။ 

                ဒီ App လေးကို iPhone ရော၊ iPad မှာပါ အသုံးပြုလို့ရမယ်ဆိုပေမယ့် iOS 11 နှင့် အထက်တော့ လိုအပ်မှာဖြစ်ပါတယ်။ App အတွက် Logo လေးကတော့ macOS က Folder ပုံစံလေးအတိုင်း ပြုလုပ်ထားပါတယ်။ အခုအချိန်မှာတော့ Down လို့ရမှာ မဟုတ်ပေမယ့် iOS 11 ကို တရားဝင် Release ပြီးရင်တော့ iOS 11 နှင့်တကွ ပါဝင်လာမယ်လို့တော့ ခန့်မှန်းရပါတယ်။ 

                အခု App အသစ်ကို Apple အနေနဲ့ App Store မှာ တိတ်တဆိတ် တင်ထားတဲ့ကိစ္စနဲ့ပက်သက်ပြီး နည်းပညာကျွမ်းကျင်သူတွေနဲ့ Apple Analyst တွေကတော့ iOS 11 မှာ File Management ထည့်သွင်းသွားမယ့် အဓိပ္ပါယ်သက်ရောက်တယ်လို့ ကောက်ချက်ချကြပါတယ်။

                အရင်တုန်းက iOS အတွက် File Management မလိုဘူးလို့ ငြင်းဆန်ခဲ့တဲ့ Apple အနေနဲ့ အခုမှာတော့ iOS အတွက် File Management ထည့်သွင်းသွားဖို့ စီစဉ်နေပါပြီ။ ဒီ App သစ်ကို WWDC 2017 မှာ တရားဝင်မိတ်ဆက်သွားမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

References
9to5Mac The Verge
About Author
Assinged Tags
iOS App Store WWDC 2017 iOS 11 iOS File Management Files For iOS
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed