ဇွန်လ ၅ ရက်နေ့မှာ ကျင်းပတော့မယ့် Apple ရဲ့  WWDC 2017 ပွဲကို ကြိုတင်ရင်ခုန်ခြင်း

date_range 03 June 2017

ဇွန်လ ၅ ရက်နေ့မှာ ကျင်းပတော့မယ့် Apple ရဲ့ WWDC 2017 ပွဲကို ကြိုတင်ရင်ခုန်ခြင်း

visibility 1660 Views

                ကဲ၊ ဇွန်လထဲလည်းရောက်ပြီ။ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Apple ရဲ့ WWDC 2017 ကလည်း ဂျွန်လ ၅ ရက်နေ့မှာ ကျင်းပတော့မယ်ဆိုတော့ကား၊​ Apple အနေနဲ့ ဘာအသစ်အဆန်းတွေ မိတ်ဆက်သွားဖို့ရှိလည်း TechX Team နဲ့အတူ ရင်ခုန်ကြည့်ကြရအောင်လား...

                အသစ်အဆန်းတွေဆိုတဲ့နေရာမှာ Software ပိုင်းနဲ့ Hardware ပိုင်းဆိုပြီး နှစ်မျိုးနှစ်ပုံခွဲပြီး ကြည့်ရမှာဗျ။ အဲ့တော့ အရင်ဆုံး Software ပိုင်းကို အရင်ကြည့်လိုက်ရအောင်...

Software

                Software ပိုင်းမှာ တိတိကျကျ ခန့်မှန်းလို့ရတာကတော့ Apple အနေနဲ့ iOS, macOS, tvOS နဲ့ watchOS တို့ကို Features အသစ်တွေ၊ ဒီဇိုင်းပြောင်းလဲမှုတွေနဲ့အတူ ပွဲထုတ်သွားမယ်ဆိုတာပါပဲ။ ဘာလို့တိတိကျကျ ခန့်မှန်းနိုင်လည်းဆိုတော့ နှစ်တိုင်းနှစ်တိုင်း၊ WWDC ပွဲတိုင်းမှာ Apple အနေနဲ့ သူတို့ရဲ့ OS မှန်သမျှကို Features အသစ်ထည့်တာတွေ၊ ဒီဇိုင်းပြောင်းလဲမှုလုပ်တာတွေ ပြုလုပ်ပြီး တက်ရောက်လာတဲ့ Developer တွေ၊ သတင်းမီဒီယာတွေကို မိတ်ဆက်နေကြပါ။

                မိတ်ဆက်ပြီးမကြာခင်မှာ Developer Previews တွေ ထုတ်ပေးပြီး၊ နှစ်ကုန်ပိုင်းလောက်မှာ Public Release လုပ်ပေးပါတယ်။ ဒီနှစ် WWDC ပွဲမှာလည်း အရင်နှစ်တွေတုန်းကလိုပဲ စဉ်ဆက်မပြတ် ပြုလုပ်သွားမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် OS Update အပြင်၊ Software ပိုင်းအတွက် ဘာတွေများ အသစ်အသစ်တွေ မိတ်ဆက်သွားနိုင်လည်းဆိုတာ အောက်မှာဆက်ကြည့်လိုက်ရအောင်...

iOS 11 မှာ ဒီဇိုင်းပြောင်းလဲမှုတွေ တွေ့ရနိုင်


                အရင်လတုန်းက Bloomberg မီဒီယာက ကျွမ်းကျင်သူတွေ ခန့်မှန်းထားချက်အရ iOS 11 မှာ UI ပြောင်းလဲမှုတွေ တွေ့ရနိုင်တယ်လို့ သိရပါတယ်။ Apple အနေနဲ့ macOS က “Dark Mode” ကို iOS ကို ခေါ်ယူလာမယ်လို့ ခန့်မှန်းရပါတယ်။ 

                ဒီခန့်မှန်းချက်ဟာ တကယ်ဖြစ်လာမယ်လို့တော့ မပြောနိုင်ပေမယ့် သေချာသလောက်တော့ ရှိပါတယ်။ Apple အနေနဲ့ OLED Display ကို iPhone တွေမှာ တပ်ဆင်တော့မယ်ဆိုတာ သေချာသွားပြီဆိုတော့ (ဒီသတင်းကို ဒီမှာ ဖတ်ရှုပါ) iOS 11 မှာ “Dark Mode” သာ ပါဝင်လာခဲ့မယ်ဆိုရင်၊ “Dark Mode” က တစ်ချို့ Pixels တွေကိုပိတ်ထားတာကြောင့် Battery စားတာ သက်သာသွားမှာ ဖြစ်ပါတယ်။

Apple Pencil အတွက် Support များ ပိုပြီးများလာနိုင်


                Apple Pencil အနေနဲ့ အခုအချိန်မှာ Designer တွေနဲ့၊ ပန်းချီဆရာတွေအတွက်လောက်ပဲ အသုံးဝင်သေးတာပါ။ ရှင်းရှင်းပြောရရင် Samsung ရဲ့ S Pen လောက်တောင် တွင်တွင်ကျယ်ကျယ်သုံးလို့ မရပါဘူး။

                ဒါကြောင့် Apple အနေနဲ့ Mail တို့၊ Safari တို့လို App မျိုးတွေမှာလည်း Pencil ကို Support ပေးနိုင်မယ့် Update တွေ ထုတ်ပေးသွားနိုင်ပါတယ်။

iPad တွေမှာ တကယ့် Pro Features တွေ ပါဝင်လာနိုင်


                Apple အနေနဲ့ iPad Pro ကို တကယ့်ကွန်ပျူတာတစ်လုံးလို သုံးလို့ရကြောင်း၊ Pro တွေအတွက်လည်း အသုံးဝင်ကြောင်း ကြော်ငြာဗီဒီယိုတွေ လုပ်ခဲ့ပေမယ့် Microsoft တို့၊ Samsung တို့အပြင်၊ Pro တွေကပါ လှောင်ပြောင်ခြင်း ခံခဲ့ရပါသေးတယ်။

                ဒါကြောင့် Apple အနေနဲ့ iPad တွေရဲ့ Multitasking Feature ကို Drag-and-Drop Feature ထည့်ပေးခြင်း၊ macOS မှာလိုမျိုး Multiple User Accounts တွေကို Support ပေးခြင်း၊ စတာတွေနဲ့ အဆင့်မြှင့်တင်သွားမယ်လို့ ခန့်မှန်းရပါတယ်။

App Updates များ တွေ့ရနိုင်ခြင်း


                မနှစ်တုန်းက WWDC မှာလည်း Apple အနေနဲ့ iMessage, Photos စတဲ့ Apps တွေကို ဒီဇိုင်းပိုင်းပြောင်းလဲမှုတွေ လုပ်ခဲ့တဲ့အပြင်၊ Features အသစ်တွေလည်း ထည့်သွင်းပေးခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် iMessage အကြောင်းကိုပဲ ၁၀ မိနစ်လောက်ကြာအောင် ပြောနေလို့ မီဒီယာတွေက လှောင်တာတောင် ခံခဲ့ရပါသေးတယ်။

                သို့သော်လည်းပဲ၊ iMessage မှာ ထည့်သွင်းပေးလိုက်တဲ့ Features တွေကို လူကြိုက်များခဲ့ကြပါတယ်။ ဒါ့ကြောင့် Apple အနေနဲ့ ဒီနှစ် WWDC မှာလည်း မနှစ်က iMessage တုန်းက အောင်မြင်မှုအရှိန်ကိုယူပြီး Apple Apps တွေထဲက တစ်ခုခုကို Update ကြီးကြီးမားမား လုပ်သွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

Peer-To-Peer ငွေခြေစနစ်ကို Support ပေးနိုင်


                Recode က ပေးပို့ထားတဲ့ Report တစ်ခုအရ Apple အနေနဲ့ Venmo တို့၊ Square Cash တို့လိုမျိုး Peer-To-Peer ငွေခြေစနစ် ဝန်ဆောင်မှုကို Support ပေးသွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

                ဒါပေမယ့် ဒီငွေခြေစနစ်ကို Apple Pay မှာပဲ ထည့်သွင်းသွားမလား၊ iMessage မှာပဲ Cash-Exchange Feature တစ်ခုအနေနဲ့ ထည့်သွင်းသွားမလား၊ နှစ်မျိုးစလုံးလုပ်သွားမလား ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

Siri က ပိုပြီး Smart ဖြစ်လာနိုင်


                ဒီအချက်နဲ့ပက်သက်တဲ့ ကောလဟာလ သတင်းတွေ၊ ဘာတွေ ထွက်မလာပါဘူး။ သို့သော်လည်းပဲ လက်ရှိအခြေအနေမှာ ပြိုင်ဘက် AI တွေက Siri ထက် ပိုသာပြီး၊ ပိုပြီးလည်း Smart ဖြစ်နေကြပြီဆိုတော့ Apple အနေနဲ့ Siri ကို အရင်ကထက်ပိုပြီး တွေးခေါ်နိုင်အောင်၊ Smart ဖြစ်လာအောင် Update လုပ်ပေးသွားမယ်ဆိုတာကတော့ သေချာသလောက် ရှိပါတယ်။

macOS မှာ ပြောင်းလဲမှုလေးတွေ တွေ့ရနိုင်


                မနှစ်တုန်းက Siri ကို macOS မှာ စတင်ထည့်သွင်းပေးခဲ့ပေမယ့် Third-Party Support တော့ မပေးခဲ့ပါဘူး။ ဒီနှစ်မှာတော့ Third-Party Support ပေးသွားနိုင်ပြီး အခြား Minor-Update လေးတွေလည်း ပြုလုပ်သွားနိုင်ပါတယ်။

Hardware 

                ကဲ၊ Software ပိုင်းကို ခန့်မှန်းသင့်သလောက် ခန့်မှန်းကြပြီးပြီဆိုတော့ Hardware ပိုင်းကို ဆက်ကြည့်လိုက်ရအောင်...

Siri Speaker ကို မိတ်ဆက်သွားနိုင်


                Apple ခင်ဗျာမှာလည်း AI ပြိုင်ဘက်တွေနဲ့အတူ ဈေးကွက်လုဖို့အတွက် Amazon Echo တို့၊ Google Home တို့လိုမျိုး Smart Speaker တစ်လုံးကို တိတ်တဆိတ် ထုတ်လုပ်နေတယ်လို့ ကောလဟာလ သတင်းတွေထွက်ရှိခဲ့ပါတယ် (အပြည့်အစုံကို ဒီမှာ ဖတ်ရှုပါ)။

                ကောလဟာလသတင်းတွေအရ Apple အနေနဲ့ WWDC 2017 မှာ Siri Speaker ကို မိတ်ဆက်သွားဖွယ် ရှိပါတယ်။ Bloomberg က ပြောပုံအရ Apple က Siri Speaker ကို စတင်ထုတ်လုပ်နေပြီဖြစ်ပြီး အသံ Quality ပိုမိုကောင်းမွန်စေဖို့အတွက် “Virtual Surround Sound” နည်းပညာကိုလည်း ထည့်သွင်းသွားနိုင်တယ်လို့ သိရပါတယ်။

                ဆက်လက်ပြီး Siri Speaker ဟာ Apple ရဲ့ Smart Home System ဖြစ်တဲ့ HomeKit အတွက် Hub တစ်ခုအနေနဲ့ လက်တွဲသွားမယ်လို့လည်း ခန့်မှန်းကြတာကြောင့် မှန်ကန်လာခဲ့တယ်ဆိုရင်တော့ ဒီအချက်ဟာ Siri Speaker အတွက် Highlight ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။

1.05 in iPad Pro ကို မိတ်ဆက်သွားဖွယ်ရှိ


                Ming-Chi Kuo ဆိုသူဟာ Apple Analyst တစ်ယောက်ဖြစ်ပြီး ဒီဘဲကြီးပြောသမျှတွေကလည်း မှန်တတ်ပါတယ်။ သူပြောပုံအရ Apple အနေနဲ့ 10.5 in iPad Pro အသစ်အတွက် အလုပ်တွေရှုပ်နေပြီး ဒီနှစ် WWDC မှာ ပွဲထုတ်သွားနိုင်ပါတယ်လို့ သိရပါတယ်။

                အခု iPad Pro မော်ဒယ်လ်အသစ်ဟာ လက်ရှိ 9.7 in iPad Pro နဲ့ အရွယ်အစား အတူတူပဲဖြစ်ပေမယ့် Bazel တွေကို လျှော့ချလိုက်တာကြောင့် Display ကတော့ ပိုကြီးသွားမှာ ဖြစ်ပါတယ်။ Apple ပွဲတွေရဲ့ အစဉ်အလာအရ WWDC မှာ iPad ကို မိတ်ဆက်လေ့မရှိပေမယ့် မတ်လမှာတုန်းက iPad အသစ်ကို မိတ်ဆက်ခဲ့တာကြောင့် ဒီနှစ် WWDC မှာလည်း မိတ်ဆက်သွားနိုင်ခြေရှိပါတယ်။

MacBook နဲ့ MacBook Pro များ Update ရရှိနိုင်


                မော်ဒယ်အသစ်တွေအနေနဲ့မဟုတ်ပဲ Specs လေးတွေမှာတော့ Update လေးတွေ ရှိနိုင်ပါတယ်။ နောက်ပြီး နောက်ဆုံးထွက်ရှိထားတဲ့ Intel ရဲ့ Kaby Lake Processors တွေကို Support ပေးနိုင်ဖို့အတွက်လည်း Apple အနေနဲ့ ကြိုးစားသွားနိုင်ပါတယ်။

                ဆက်လက်ပြီး MacBook Pro လို့သာခေါ်တာ၊ RAM ကျတော့ Pro ဆန်ဆန်မရရှိတဲ့ MacBook Pro တွေအတွက် RAM ပမာဏတိုးနိုင်ဖို့ Option ပေးသွားနိုင်တယ်လို့ ကောလဟာလသတင်းကလည်း ထွက်ရှိထားပါသေးတယ်။ တကယ်ကြီး ဖြစ်လာလို့ကတော့ MacBook Pro ပရိတ်သတ်တွေအတွက် ဝမ်းသာစရာသတင်းပဲ ဖြစ်မှာပါ။

MacBook Air တွေလည်း Update ရရှိဉီးမည်


                Update မလုပ်တာ နှစ်နှစ်လောက်ကြာနေပြီဖြစ်တဲ့ MacBook Air တွေကိုလည်း Update လုပ်သွားဦးမယ်လို့ သိရပါတယ်။ အစကတော့ Apple အနေနဲ့ MacBook Air တွေကို ဆက်လက်ထုတ်လုပ်သွားဖို့ အစီအစဉ်မရှိပေမယ့် အခုအချိန်ထိ ရောင်းအားကောင်းနေဆဲဖြစ်တာကြောင့် USB-C Port တွေ၊ Kaby Lake Processor တွေ တပ်ဆင်ပေးပြီး Update လုပ်သွားနိုင်ခြေ ရှိပါတယ်။

နိဂုံး

                အထက်မှာဖော်ပြခဲ့တာတွေ အကုန်လုံးဟာ ကောလဟာလသတင်းတွေနဲ့ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်တွေအားလုံးကို စုပေါင်းပြီး ဇွန်လ ၅ ရက်နေ့မှာ ကျင်းပတော့မယ့် Apple ရဲ့ WWDC 2017 ပွဲကို အကြိုရင်ခုန်ကြည့်တာပဲ ဖြစ်ပါတယ်။

                Apple အနေနဲ့ ပရိတ်သတ်တွေကို ပါးစပ်အဟောင်းသားဖြစ်အောင်ပဲ လုပ်မလား၊ စိတ်ပျက်အောင်ပဲလုပ်မလား ဆိုတာကတော့ WWDC 2017 ပွဲပြီးမှပဲ တိတိကျကျ သိရှိရမှာပဲ ဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
iOS macOS Rumors iPad Siri MacBook MacBook Pro iPad Pro Apple Smart Speaker WWDC 2017 tvOS WatchOS MacBook Air
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed