iOS 11 ကို မိတ်မဆက်ခင် App Store Search Results မှာ 32-Bit Apps တွေကို မပြသတော့တဲ့ Apple

date_range 05 June 2017

iOS 11 ကို မိတ်မဆက်ခင် App Store Search Results မှာ 32-Bit Apps တွေကို မပြသတော့တဲ့ Apple

visibility 1050 Views

                ဒီနေ့ည မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲအတိမှာ ကျင်းပတော့မယ့် Apple ရဲ့ WWDC 2017 ပွဲကြီးမှာ Apple အနေနဲ့ iOS 11 ကို တက်ရောက်လာတဲ့ ကမ္ဘာအနှံ့က Developer တွေနဲ့ သတင်းမီဒီယာတွေကို မိတ်ဆက်ပြသသွားမှာပါ။ ဒီအကြောင်းကို TechX ရဲ့ ဆောင်းပါးတစ်ပုဒ် မှာလည်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ 

                ဒီတော့ Apple အနေနဲ့ iOS 11 ကို မမိတ်ဆက်ခင်မှာ App Store မှာရှိနေတဲ့ 32-Bit Apps တွေကို Search Results မှာ မပြသတော့ပဲ၊ ဖျောက်ထားလိုက်ပါတယ်။ Direct Link မရှိခဲ့ဘူးဆိုရင် 32-Bit Apps တွေကို App Store မှာ လုံးဝရှာလို့ရမှာ မဟုတ်ပါဘူး။

                Apple အနေနဲ့ App Store မှာရှိနေတဲ့ 32-Bit Apps တွေနဲ့ပက်သက်ပြီး အခုမှဒီလိုမျိုး လုပ်တာမဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ၊ iPhone 5s ကို မိတ်ဆက်ခဲ့ချိန်၊ ပထမဆုံးအနေနဲ့ 64-Bit Apps တွေကို Support ပေးလိုက်တဲ့ အချိန်ထဲကစပြီး 64-Bit Standard ကို စတင်ပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။

                အဲ့ဒီ့နောက်မှာတော့ ၂၀၁၅ ခုနှစ်၊ ဖော်ဖော်ဝါရီလကနေစပြီး Developer တွေကို 64-Bit Apps တွေသာ ရေးသားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ iOS 9 မှာတော့ အသုံးပြုသူတွေရဲ့ Device ထဲမှာ 32-Bit Apps တွေရှိနေခဲ့ရင် “ဒီ App က သင့်စက်ရဲ့ Performance ကို လျော့နည်းစေပါတယ်” ဆိုပြီး စတင် Warning ပေးခဲ့ပါတယ်။

                iOS 10.2.1 ရောက်တဲ့အခါမှာတော့ အသုံးပြုသူတွေတင် မဟုတ်ပဲ၊ “ဒီ App က နောက်ထွက်လာမယ့် iOS Version တွေမှာ အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး၊ ဒီ App ကို ရေးသားတဲ့ Developer ဟာ App ကို Update လုပ်သင့်နေပါပြီ” လို့ သက်ဆိုင်ရာ Developer တွေကိုပါ Warning ပေးခဲ့ပါတယ်။

                APFS File System စတင်ပြောင်းလဲခဲ့တဲ့ iOS 10.3 ထွက်ရှိခဲ့တုန်းကလည်း အထက်ကဖော်ပြခဲ့ပြီးသား Warning မျိုးတွေကို Developer တွေနဲ့၊ အသုံးပြုသူတွေကို ပြသခဲ့ပါသေးတယ်။

                ဒါတွေတင်မကသေးပါဘူး။ Apple အနေနဲ့ နောက်ထပ်ထွက်ရှိလာမယ့် မျိုးဆက်သစ် Chip တွေမှာလည်း 32-Bit Standard ကို လုံးဝ Support ပေးတော့မှာ မဟုတ်ပါဘူး။ နောက်ပြီး App Store မှာရှိနေတဲ့ လုံးဝ Active မဖြစ်တော့တဲ့ App တွေ၊ အသုံးပြုသူကို ဒုက္ခပေးနိုင်တဲ့ App တွေ၊ အရေအတွက်ပေါင်း ၅၀,၀၀၀ နီးပါးလောက် ရှင်းထုတ်ပြီးပြီလို့လည်း သိရပါတယ်။

References
9to5Mac
About Author
Assinged Tags
Applications iOS APFS App Store iOS App Related 32-Bit Apps 64-Bit Apps iOS 11
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed