Intel အနေနဲ့ USB-C Ports တွေကို စျေးသက်သက်သာသာနဲ့အကောင်းဆုံးပြုလုပ်နိုင်အောင် License ကြေးမယူတော့

date_range 25 May 2017

Intel အနေနဲ့ USB-C Ports တွေကို စျေးသက်သက်သာသာနဲ့အကောင်းဆုံးပြုလုပ်နိုင်အောင် License ကြေးမယူတော့

visibility 500 Views

                Intel ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ Thunderbolt 3 နည်းပညာကိုအသုံးပြုထားတဲ့ USB-C Ports တွေကိုထုတ်လုပ်ရာမှာ License ကြေးမယူတော့ဘူးလို့ဆိုပါတယ်။ အခုလို License ကြေးမယူတော့တဲ့အတွက်ကြောင့် Hardware ထုတ်လုပ်သူတွေဟာ အရင်ကထက် Thunderbolt 3 အသုံးပြုထားတဲ့ USB-C Ports တွေ အမြောက်အများထုတ်လုပ်လာနိုင်မှာပဲဖြစ်ပါတယ်။

                USB-C (or) USB Type-C တွေအနေနဲ့ တခြားဘာနည်းပညာမှ အသုံးမပြုထားခဲ့ရင်တော့ ရိုးရိုး USB Port တစ်ခုသာသာပဲရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ USB-C ဟာ ကွန်ပျုတာနဲ့ အခြား Electronic Devices တွေအတွက် ဘယ်လောက်အထိအထောက်အကူပြုနိုင်တယ်ဆိုတာကို အရင် ဆောင်းပါးတစ်ပုဒ် မှာ ရှင်းပြခဲ့ပါသေးတယ်။ USB-C ကိုပဲ Power Port အနေနဲ့ အသုံးပြုထုတ်လုပ်ထားတာကိုလည်း Huawei မှထုတ်လုပ်ထားတဲ့ Notebook အသစ် Matebook X မှာတွေ့မြင်နေရပါပြီ။ 

                USB-C ကိုအခြေပြုထားတဲ့ Thunderbolt 3 နည်းပညာဟာဆိုရင် Data Transfer Speed အနေနဲ့ 40Gbps အထိ Support ပေးနိုင်တဲ့အပြင် 4K Resolution Monitor နှစ်လုံးကိုလည်း တစ်ပြိုင်နက်ချိတ်ဆက်ပေးနိုင်ပါသေးတယ်။ Power output အနေနဲ့ကတော့ 100W အထိ Transfer လုပ်ပေးနိုင်ပြီး Networking အနေနဲ့ 10GbE (Gigabit Ethernet) Speed အထိအထောက်အပံ့ပေးနိုင်မှာပါ။

                ဒါ့အပြင် External Graphics Support လည်းပါ၀င်သေးတာကြောင့် ဒီနည်းပညာနဲ့အတူ Notebook တွေပေါ်မှာပဲ နောက်ဆုံးထွက် ဂိမ်းတွေကို သတ်မှတ်ပေးထားတဲ့ Settings အပြင် ဒီထက်ပိုမြင့်တဲ့ Settings တွေနဲ့ဆော့လို့ရလာဦးမှာပါ။ USB 3.1 ကိုအပြည့်အ၀အသုံးပြုထားတဲ့ ဒီနည်းပညာဟာ သာမန် USB Type-C ထက်ပိုမိုကောင်းမွန်တဲ့အတွက် နောင်လာမယ့်အနာဂတ် Device တွေမှာထည့်သွင်းခဲ့ပါက Data နဲ့ Power Transfer ပြဿနာတွေအတော်လေးလျော့နည်းသွားမှာပါ။

                Thunderbolt 3 နည်းပညာအရလည်း ဘယ်လို Device ပုံစံတွေကွဲပြားပါစေ အလွယ်တကူချိတ်ဆက်နိုင်ပြီး ပိုမိုမြန်ဆန်ဖို့ကိုဦးတည်ထားတာမို့ ဒီနည်းပညာကိုအသုံးပြုထားတဲ့ CPU တွေကို အမြောက်အများတွေ့ရှိရတော့မှာပါ။ Intel ဘက်မှလည်း ဒီလို License ကြေးတွေမယူတော့တဲ့အတွက် အနာဂတ်မှာ USB-A ထက် အသုံးပြုရတာလွယ်ကူပြီး Feature တွေအများကြီး Support ပေးနိုင်တဲ့ USB-C Port တွေပြောင်းလဲဖို့ Technology Revolution ကို စ တင်လိုက်တာပဲဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
USB Type-C 4K Display Intel USB types USB related USB Type A Intel Chipset Thunderbolt Thunderbolt 3 4K Data Transfer Data External Graphic
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed