Huawei ရဲ့ ပထမဦးဆုံး Laptop "Matebook X"

date_range 24 May 2017

Huawei ရဲ့ ပထမဦးဆုံး Laptop "Matebook X"

visibility 5690 Views

                Microsoft ကနေ Surface Laptop တွေမိတ်ဆက်ပြီး သိပ်မကြာခင်မှာပဲ Huawei ကုမ္ပဏီမှ Make It Possible ဆိုတဲ့ Motto နဲ့အညီ အပါးလွှာဆုံး Notebook Model အသစ်တွေကို မိတ်ဆက်ပေးလိုက်ပါတယ်။ Matebook X လို့အမည်ပေးထားတဲ့ Notebook ကို Huawei ဘက်မှစျေးကွက်ထဲကို ဖြန့်ချီဖို့အသင့်ဖြစ်နေပါပြီ။ Business သုံးဖို့ ပိုပြီးအဓိကထားထားပေမဲ့ အိမ်သုံး၊ ရုံးသုံး အကုန်သင့်လျော်တဲ့၊ သယ်သွားရလွယ်ကူပြီး ပါးလွှာတဲ့ Matebook X ဟာ Apple ကနေထုတ်လုပ်ထားတဲ့ မျက်နှာပြင် 12 လက်မ Macbook ဒီဇိုင်းနဲ့ဆင်တူပါတယ်။ 


                Matebook X ရဲ့မျက်နှာပြင်မှာ ၁၃ လက်မရှိပြီး ဘေးဘောင်အကျယ်အ၀န်းဟာ 4.4mm ပဲရှိတာကြောင့် ဘောင်ပျောက်နေသလောက်ကိုပဲ ပါးလွှာပါတယ်။ Power ခလုပ်မှာ Fingerprint Sensor လည်းထည့်သွင်းပေးထားသေးတာမို့ အသုံးပြုသူတွေအနေနဲ့ User Account ကို Log In/Out ပြုလုပ်ရာမှာ လွယ်ကူလာမည်ဖြစ်ပြီး Password ပြန်ရိုက်နေရတဲ့ဒုက္ခကနေ ကင်းဝေးသွားမှာပဲဖြစ်ပါတယ်။

                Apple ရဲ့ Butterfly Keyboard နဲ့အနည်းငယ်ဆင်တူတဲ့ 1.2mm travel သာရှိတဲ့ Chiclet Keyboard ကိုလည်း Matebook X မှာတွေ့မြင်ရဦးမှာပါ။ Splash-resistant လည်းပါ၀င်တာကြောင့် ရေ၀င်တာတွေ၊ ကော်ဖီခွက်မှောက်ကျတာတွေ အတွက်စိတ်ပူစရာမလိုတော့ပါဘူး။ 

                Matebook X လေးကို Core i7 (7th Generation) Processor အသုံးပြုထားပြီး RAM 8GB၊ 512GB SSD ပါ၀င်တာကြောင့် Performance ပိုင်းကတော့ ပြောစရာမရှိအောင် ကောင်းမွန်ပါတယ်။ ဒါ့အပြင် Matebook X Battery ဟာလည်း 1080p Video ကို Playback ဆယ်နာရီဆက်တိုက်ဖွင့်နိုင်လောက်အောင် ကြာရှည်ခံထားမို့ အပြင်အမြဲတမ်းသွားနေရတဲ့ Businesss လုပ်ငန်းရှင်တွေအတွက် အထူးသင့်လျော်ပါတယ်။

                Matebook X ရဲ့ Display Resolution အနေနဲ့ 2160 x 1440 Pixels (2K Resolution) ထိ Support ပေးပါသေးတယ်။ အားနည်းတာလေးတစ်ခုကတော့ နေရောင်အောက်မှာဆိုရင် Display ဟာ မှောင်ကျသွားပြီး သေချာကြည်လင်ပြတ်သားစွာ မြင်ရမှာမဟုတ်ပါဘူး။ Corning Gorilla Glass ကိုအသုံးပြုထားတာမို့ Display Protection ဟာအနည်းငယ်မာကျောတယ်လို့ဆိုရမှာပါ။ 

                အသံပိုင်းဆိုင်ရာအတွက် Dolby Atmos Sound System ကိုအသုံးပြုထားသေးတာကြောင့် သေးငယ်သလောက် ကြည်လင်ပြတ်သားပြီး အသံကျယ်ကျယ်နဲ့ ကြားရမယ့် Surround Sound System လည်းပါ၀င်လာမှာပါ။ 

                USB Ports တွေအနေနဲ့ USB Type-C Port နှစ်ခုပဲပါ၀င်လာမှာဖြစ်ပြီး တစ်ခုကို Charging သွင်းဖို့အပေါက်အနေနဲ့အသုံးပြုရမှာမို့ ကျန်တဲ့ Slot ကိုပဲ တခြား Input Devices တွေနဲ့တွဲဖက်အသုံးပြုလို့ရမှာပါ။ ဒါပေမဲ့ Huawei ဘက်ကနေပြီးတော့ Dock တစ်ခုထည့်သွင်းပေးထားမှာမို့ အဆင်မပြေစရာ မရှိတော့ပဲ HDMI၊ USB A၊ USB C နဲ့ VGA Port တွေ Dock မှာပါ၀င်လာမှာပါ။ microSD Card Slot တော့ပါ၀င်လာမှာမဟုတ်ပါဘူး။ ဒီနေရာမှာတော့ ကျွန်တော်တို့ အရင် USB Type အကြောင်း မှာပြောခဲ့သလိုပဲ USB Type-C Port ကို Power Port အနေနဲ့ပါ အသုံးပြုလာကြတာကို တွေ့မြင်ရမှာပါ။ Overheat ပြဿနာအတွက် ကာကွယ်ဖို့ကိုလည်း Aerospace Engeering Technology ကိုအသုံးပြုပြီးထုတ်လုပ်မှာမို့လို့ ဒီပြဿနာတွေဟာ အတိတ်မှာပဲကျန်ခဲ့ပြီလို့ Huawei ဘက်မှပြောကြားထားပါသေးတယ်။ 

                Huawei ဟာ Matebook X နဲ့အတူ အခြား Performance မြင့်တဲ့ Matebook D နဲ့ E ကိုထပ်မံမြင်တွေ့ရဦးမှာပါ။ လက်ရှိမှာတော့ တန်ဖိုးဘယ်လောက်နဲ့ဖြန့်ချီမယ်ဆိုတာကိုတော့ Huawei ဘက်ကနေ ပြောကြားထားခြင်းမရှိသေးပါဘူး။ အသေးစိတ် Specifications တွေကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။ ဒီနှစ်အတွင်းမှာဖြန့်ချိမယ့် Huawei ရဲ့ Matebook X ဟာ Microsoft Surface နဲ့ Apple Macbook တွေအတွက် ပြိုင်ဘက်ကောင်းတစ်ခု ဟုတ်၊ မဟုတ်ဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ စိတ်၀င်တစား စောင့်ကြည့်ရမှာပါ။ 

Updated Price from Gadgets360: Matebook X ရဲ့ Price ဟာတော့ $1570 မှ $1900 အတွင်းရှိနိုင်ပါတယ်။ Matebook E 2-in-1 Hybrid အနေနဲ့ $1200 မှ $1500 အတွင်းရှိနိုင်ပြီး Matebook D အနေနဲ့ကတော့ $900 မှ $1200 အတွင်းရှိမှာပါ။

                အသေးစိတ် Specifications တွေကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။


TitleSpecifications
Size


ColourPrestige Gold/Rose Gold/Space Grey
Display

Size: 13 inches

Type: IPS

Corning® Gorilla® glass 

Resolution: 2160 x 1440 pixels

Colours: sRGB 100% colour gamut

Contrast: 1000:1

Brightness: 350 nits

CPU

WT-W09: 7th Generation Intel® Core™ i5-7200U processor

WT-W19: 7th Generation Intel® Core™ i7-7500U processor

GPU: Intel® HD Graphics 620


Operating SystemWindows 10 64-bit Home
Memory256 GB / 512 GB SSD
4 GB / 8 GB LPDDR3
NetworkIEEE 802.11a/b/g/n/ac, 2.4/5 GHz 2x2 MIMO
Connectivity 
Standard: Bluetooth 4.1 (compatible with 3.0 and 2.1 + EDR)
SensorsAmbient light sensor, fingerprint sensor, accelerometer, and Hall sensor
Battery41.4 Wh (5449 mAh@7.6 V)
In The BoxHUAWEI MateBook Charger
Quick Start Guide
HUAWEI MateDock 2 (Standard in some models)
USB-C to USB-A cable (Standard in some models)
Energy Efficiency Products that earn the ENERGY STAR® prevent greenhouse gas emissions by meeting strict energy efficiency requirements set by the U.S. Environmental Protection Agency.


References
Engadget
About Author
Assinged Tags
Huawei USB Type-C Intel Laptop USB types Next Generation Devices Corning Huawei Matebook Huawei Matebook X Notebook Dolby Atmos Intel Core i7 Generation 2K Display Corning Gorilla Glass USB Type A
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed