သိန်း ၇၀ ခန့်ကျသင့်မှာဖြစ်တဲ့ Google ရဲ့ 4K Digital Whiteboard

date_range 10 March 2017

သိန်း ၇၀ ခန့်ကျသင့်မှာဖြစ်တဲ့ Google ရဲ့ 4K Digital Whiteboard

visibility 120 Views

                နည်းပညာနဲ့ပက်သက်တဲ့ ပစ္စည်းဆိုတာ Personal သုံးမှ မဟုတ်ပါဘူး။ ရုံးသုံး၊ ကျောင်းသုံး အကုန်လုံးအတွက် ကိုက်ညီတဲ့ ပစ္စည်းတွေကို နည်းပညာကုမ္ပဏီတွေက အပြိုင်အဆိုင် ထုတ်လုပ်ကြပါတယ်။ ယခု Google ရဲ့ Jamboard ဆိုတာကတော့ ကျနော်တို့၊ ခင်ဗျားတို့အတွက် Personal သုံးမဟုတ်ပဲ၊ ရုံးခန်းတွေမှာသုံးဖို့အတွက် သီးသန့်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

                Jamboard ကို အောက်တိုဘာလထဲက ပွဲထုတ်ခဲ့တယ်ဆိုပေမယ့် ဒီနေ့ Google Next ညီလာခံကျတော့မှ ဈေးနှုန်းနဲ့၊ Specification တွေကို အတိအကျ ထုတ်ပြောခဲ့တာဖြစ်ပါတယ်။ Google က Jamboard အတွက် Android OS ကိုပဲ အသုံးပြုထားပြီး ကြီးမားတဲ့ ၅၅ လက်မ Display မှာ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် Whiteboard App ကကူညီပေးသွားမှာပါ။ 

                Microsoft က Surface Hub ဆိုပြီး ထုတ်တယ်ဆိုတော့ Google ကလည်း အားကျမခံ Jamboard ဆိုပြီး အပြိုင်အဆိုင်ထုတ်တယ်ဆိုပေမယ့် သေချာတာကတော့ Google ရဲ့ Jamboard က အများကြီးဈေးချိုတယ် ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ များမကြာမီ မတ်လကမှ စတင်ရောင်းချခဲ့တဲ့ Surface Hub ဟာ မျက်လုံးပြူးချင်စရာ အမေရိကန်ဒေါ်လာ ၈,၉၉၉ ဒေါ်လာတောင် ရှိလို့ဖြစ်ပါတယ်။

                Surface Hub မှာရော Jamboard မှာပါ ရုံးခန်းသုံး App တွေပါရှိပြီးသားဆိုပေမယ့် အနောက်နိုင်ငံက ရုံးခန်းတွေက Microsoft ရဲ့ Bing နဲ့ Miracast ထက် Google ရဲ့ Google Search နဲ့ Google Cast ကိုအသုံးပြုရတာ ပိုပြီး Comfortable ဖြစ်တာကြောင့် အဲ့ဒီ့လိုရုံးခန်းတွေအတွက်ကတော့ ဝမ်းသာစရာသတင်းပဲ ဖြစ်မှာပါ။ 


Jamboard ရဲ့ Specification တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • 55-inch 4K UHD Display
  • 120 Hz Touch Scan Rate 
  • 60 Hz Video Refresh Rate
  • 16 Simultaneous Touch Points
  • Handwriting and Shape Recognition
  • Built-In Tilt Support
  • Built-In Wide-Angle Camera
  • Down-Firing Speakers
  • Built-In Microphones
  • NFC
  • HDMI 2.0
  • USB Type C
  • 2x USB 3.0
  • SPDIF Audio Output
  • Wi-Fi 802.11ac 2x2
  • 1 Gigabyte Ethernet
  • Google Cast
  • 2 x Fine Tip Passive Stylus 
  • Eraser
  • Microfiber Cloth
References
The Verge
About Author
Assinged Tags
Google Microsoft Android Bing Digital Whiteboard 4K Display Surface Hub Jamboard Whiteboard App Miracast Google Search Google Cast
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed