USB Type များအကြောင်းသိကောင်းစရာ

date_range 08 May 2017

USB Type များအကြောင်းသိကောင်းစရာ

visibility 450 Views

မိတ်ဆက်

                နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ဘ၀မှာ Electronic Devices တွေ (Laptops, Smartphones, Tablets, Music Players, Storage Devices & Media Streaming Devices) ကို ထိတွေ့နေရတာနဲ့အမျှ Data၊ Electric Current တွေကို Transfer လုပ်တာ၊ Host ကနေအခြား Devices တွေကို Media Streaming တွေ၊ တခြား Function တွေ လုပ်တာကို Wireless ဆိုရင် (Bluetooth, Wifi, NFC, Cellular Data) စတဲ့ နည်းလမ်းတွေမျိုးစုံသုံးကြသလို Cable ဆိုရင်တော့ (Ethernet, LAN, USB, ADSL, Fiber Optic) စတဲ့နည်းလမ်းမျိုးစုံသုံးပြီး Transfer လုပ်ကြရပါတယ်။ 

                ဒီနေရာမှာတော့ ကျွန်တော် USB (Universal Serial Bus) လို့ခေါ်တဲ့ Data transfer ပဲဖြစ်ဖြစ်၊ Device Charging ပဲဖြစ်ဖြစ် လူအတော်များများအသုံးပြုကြတဲ့ Cable Communication Protocol တစ်မျိုးအကြောင်းကိုကျွန်တော်ရှင်းပြချင်ပါတယ်။

USB Type များနဲ့ 1.1, 2.0, 3.0 ရှင်းလင်းချက်

                အတော်တော့ ခေါင်းစားတာဗျ။ ရုတ်တရက်ကြည့်ရင် ရှင်းမလိုလိုနဲ့ Type A, B, C ထဲမှာမှ Mini တွေကော Micro တွေကော၊ ဒီထဲမှာမှ 1.1, 2.0, 3.0 အဲ့လိုကရှိသေးတယ်။ သေချာရှင်းလင်းသွားအောင် ပုံတစ်ပုံနဲ့အတူ  ကျွန်တော်တွဲပြီး ရှင်းပြပေးပါမယ်။


                အပေါ်မှာ မြင်တွေ့ရတဲ့ပုံမှာဆိုရင်  USB 1.1၊ 2.0၊ 3.0၊ 3.1 တွေဟာဆိုရင် USB တွေရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ Speed တွေကို ကိုယ်စားပြုထားတာဖြစ်ပြီး Cable Configuration ဆိုတာကတော့ USB Port အမျိုးအစားတွေပဲဖြစ်ပါတယ်။ Power Direction နဲ့ Cable Configuration ဟာ USB Type C မှာမှပြောင်းလဲလာတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ 

USB Type A နဲ့ Type B အကြောင်း


                ကျွန်တော်တို့ Type A တွေ Type B တွေ မပြောခင်မှာ အရင်ဆုံး Host၊ Port နဲ့ Receptor အကြောင်း ပြောကြရအောင်။  Host ဆိုတာကတော့ ကျွန်တော်တို့ PC တွေမှာပဲဖြစ်ဖြစ်၊ Laptops တွေမှာပဲဖြစ်ဖြစ် တခြားသောဂိမ်းစက်အချို့ နဲ့ Device များမှာ မြင်နေကြဖြစ်တဲ့ USB ကြိုးထိုးရတဲ့ အပေါက်လေးတွေပဲဖြစ်ပါတယ်။  Port ဆိုတာကတော့ အဲ့ Host ပေါက်ထဲကိုထိုးသွင်းရတဲ့ USB ခေါင်းဖြစ်ပြီး Receptor ဆိုတာကတော့ အလွယ်ဆုံးပြောရရင် Smartphones တွေ Tablets တွေကိုထိုးသွင်းတဲ့ USB ခေါင်းပဲဖြစ်ပါတယ်။

                Popular အဖြစ်ဆုံးကတော့ Type A ခေါင်းတွေပဲဖြစ်ပြီး ကျွန်တော်တို့အပေါ်မှာပြောထားတဲ့အတိုင်း ကွန်ပျုတာတွေ၊ လက်ပ်တော့တွေနဲ့ Game Console တွေမှာ များသောအားဖြင့်တွေ့ရသလို၊ USB Type B ကလည်း Smartphones တွေ Tablets တွေနဲ့ အခြား Peripheral devices တွေအတော်များများမှာ တွေ့မြင်နိုင်မှာပါ။  လက်ရှိလည်း USB Type C ထက်လူသုံးပိုများပြီး Host to peripheral အဖြစ် Power ကော Data Transfer ကောပြုလုပ်ရာမှာ Direction တမျိုးပဲပြုလုပ်လို့ရမှာဖြစ်ပါတယ်။ (ဥပမာ။ ကွန်ပျုတာကနေ Smartphone ကိုချိတ်ဆက်မယ်ဆိုရင် Smartphone ကနေပြီး Host Computer ဆီက ဖိုင်များကိုလှမ်းယူလို့ရမှာမဟုတ်ပါဘူး။ ကွန်ပျုတာကတဆင့် လှမ်းထည့်ပေးမှပဲရမှာပါ။) 

USB Type C အကြောင်း


                USB Type C ဟာဆိုရင် Apple ရဲ့ 12 လက်မ Macbook စတင် Launch လုပ်ခဲ့တဲ့အချိန်မှာ လူသိများလာခဲ့ပြီး USB Type C Design နဲ့ပေါင်းစပ်ပြုလုပ်ထားတဲ့ ပထမဦးဆုံး Notebook အနေနဲ့ထွက်ရှိခဲ့ပါတယ်။

                USB Type C ရဲ့ပုံစံဟာ Micro USB Type B ရဲ့ပုံစံနှင့် အနည်းငယ်ဆင်တူပြီး Reversible နည်းပညာကြောင့် USB ခေါင်းကိုဘယ်လိုပုံစံထိုးထိုး မှားနိုင်စရာအကြောင်းမရှိတာကြောင့် USB Plug ထိုးတိုင်းကြုံတွေ့နေကြဖြစ်တဲ့ အပေါ်အောက်မှားတဲ့ပြဿနာ အတော်ကြီးကိုသက်သာသွားပါတယ်။  Type C အနေနဲ့ USB 3.1 ကို Support ပေးနိုင်ပြီး Speed ကိုအမြင့်ဆုံးအနေနဲ့ 10 Gbps ထိ Support ပေးနိုင်ပါတယ်။ (တစ်ခုသတိထားရမှာက Device ရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး Data transfer speed ချင်းမတူနိုင်ပါ။ အမြင့်ဆုံး Support ပေးနိုင်တာကိုပဲဖော်ပြထားတာပါ။) Power Output အနေနဲ့လည်း 20 Volts (100 Watt) နှင့် 5 Amperes ထိသယ်ယူပို့ဆောင်ပေးနိုင်ပါသေးတယ်။ (သာမန် Laptop တစ်လုံးရဲ့ Power consumption ဟာ 40-70 Watts လောက်ပဲရှိတာကြောင့် USB Type C ကို Charging port တစ်ခုအဖြစ်အနေနဲ့လည်း လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်တဲ့အနေအထားမှာရှိပါတယ်။) 

                USB Type C ဟာ ယခင် Type A နဲ့ Type B လို Host to peripheral သွားတာမျိုးမဟုတ်ပဲ Bi-directional အသွားကော အပြန်ကော Power Supporting ပေးနိုင်သလို Data transfer မှာလည်း Device နှစ်ခုသာ Support ပေးနိုင်ခဲ့မယ်ဆို ချိတ်ဆက်ထားခဲ့ရင် Device နှစ်လုံးစလုံးထဲက Data ကိုပါ အသွားအပြန် Transfer  လုပ်ပေးနိုင်တာကြောင့် အတော်လေးကောင်းမွန်တဲ့ USB Type အမျိုးအစားတစ်ခုပါပဲ။ 

                ဒီလောက်ဆိုရင် USB Type တွေအကြောင်းကို နားလည်သွားကြလောက်ပြီထင်ပါတယ်။ သိလိုသည်များကိုလည်း TechX Myanmar Facebook Page ကနေတစ်ဆင့် မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာ။

References
Science ABC
About Author
Assinged Tags
USB Type-C USB USB types Type A Type B Type C USB related USB 3.0 USB 2.0 USB 1.1
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed