Samsung Galaxy S8 နဲ့ S8+ Display တွေဟာ သာမန်ထက်ပိုပြီး အနီရောင်သန်းတဲ့ ပြဿနာရှိနေ

date_range 22 April 2017

Samsung Galaxy S8 နဲ့ S8+ Display တွေဟာ သာမန်ထက်ပိုပြီး အနီရောင်သန်းတဲ့ ပြဿနာရှိနေ

visibility 8800 Views

                Samsung ရဲ့ နောက်ဆုံးပေါ် Smartphone တွေဖြစ်တဲ့ Galaxy S8 နဲ့ S8+ တို့ဟာ လက်ရှိမှာအကောင်းဆုံးနဲ့ အမိုက်ဆုံးဖုန်းတွေလို့ သတ်မှတ်ကြပေမယ့် ဝယ်ယူသုံးစွဲသူတစ်ချို့အနေနဲ့ Display ပြဿနာတစ်ခုကို ကြုံတွေ့နေရပါတယ်။

                ပြဿနာကလည်း အကြီးစားကြီးတော့ မဟုတ်ပါဘူး။ အနီရောင်ကိုပိုပြီး စူးရှစေချင်တဲ့အတွက် Deep Red AMOLED ကိုအသုံးပြုလိုက်ရာမှာ Color Balance ပြဿနာလေးတက်သွားတာ ဖြစ်ပါတယ်။ Color Balance မှာ အနီရောင်က တခြားအရောင်တွေထက် များနေတာကြောင့် Display က သာမန်ထက်ပိုပြီး အနီရောင်သန်းသွားရခြင်းပဲ ဖြစ်ပါတယ်။


                Samsung အနေနဲ့ ဒီပြဿနာကို မဖြစ်နိုင်ဘူးလို့ ငြင်းခဲ့ပါတယ်။ ဖုန်းရဲ့ Color Balance ကို ပြန်ချိန်ရင်ရတယ်ဆိုပြီး ဖြေရှင်းချက်ပေးခဲ့ပါတယ်။ သို့သော်လည်း တစ်ချို့ User တွေက ဖုန်းရဲ့ Color Balance ကို ပြန်ချိန်ရင်တောင် မရဘူးဆိုပြီး Complain တက်ကြပါတယ်။

                နောက်ဆုံးမှာတော့ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အဖြေတစ်ခုကို ရှာပေးခဲ့ပါတယ်။ လက်ရှိ S8 နဲ့ S8+ ကို ကိုင်ဆောင်သူတွေအနေနဲ့ မိမိဖုန်းမှာ ဒီလိုပြဿနာမျိုးရှိခဲ့တယ်ဆိုရင်လည်း Service Center တွေ၊ ဘာတွေ တကူးတကသွားပြနေစရာမလိုပါဘူး။ Samsung ကပြောပုံအရ Software Update လုပ်လိုက်တာနဲ့တင် အဆင်ပြေသွားမယ်လို့ သိရပါတယ်။

                ဒီ Software Update ကို Samsung ဘက်က ဧပြီလအကုန်မှာ Release လုပ်ပေးသွားမှာဖြစ်ပါတယ်။ Software Update နဲ့တင် အဆင်ပြေသွားမယ်ဆိုသော်လည်း Samsung ပရိတ်သတ်တွေအနေနဲ့ကတော့ Software Update လုပ်ပြီးမှပဲ သိရမှာဖြစ်ပါတယ်။

References
Gadgets 360 9to5Google
About Author
Assinged Tags
Samsung Samsung Galaxy S8 Red Tint Display
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed