Siri နဲ့ AirPlay တို့ ပါဝင်မယ့် စမတ်စပီကာတစ်လုံးကို WWDC ပွဲမှာ Apple မိတ်ဆက်ဖွယ်ရှိ

date_range 29 April 2017

Siri နဲ့ AirPlay တို့ ပါဝင်မယ့် စမတ်စပီကာတစ်လုံးကို WWDC ပွဲမှာ Apple မိတ်ဆက်ဖွယ်ရှိ

visibility 290 Views

                Apple ဟာ Siri ပါဝင်မယ့် Speaker တစ်ဖြစ်တဲ့ Smart Home Device တစ်မျိုးကို ထုတ်လုပ်ဖို့ ကြိုးစားနေကြောင်း ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ မေလမှာ သတင်းစထွက်ပေါ်ခဲ့ပါတယ်။

                အခုအခါမှာတော့ Apple Product တွေအကြောင်း မထွက်ခင်ကတည်းက သတင်းထုတ်ဖော်နေကြ နာမည်ကြီး Leaker ဖြစ်သူ Sonny Dickson က Apple ရဲ့ စမတ်စပီကာအကြောင်း အသေးစိတ်အချက်အလက်အချို့ကို ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။

                Dickson ရဲ့ ပြောကြားချက်အရ Apple ဟာ Amazon Echo နဲ့ Google Home စမတ်စပီကာတွေကို ယှဉ်ပြိုင်မယ့် စမတ်စပီကာတစ်လုံးကို ယခုအခါ ဒီဇိုင်းပိုင်းအပြီးသတ်နေပြီဖြစ်ပြီး၊ အဆိုပါစပီကာမှာ Apple ရဲ့ Digital Assistant “Siri” နဲ့ AirPlay တို့ ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

                ဒီ့အပြင် “Beats Technology” လည်း ဒီစပီကာမှာ ပါဝင်လာမှာဖြစ်ပြီး၊ အသုံးပြုမယ့် OS ကတော့ “iOS ကို အခြေခံထားတဲ့ OS အသစ်” တစ်ခု ဖြစ်မယ်လို့ ဆိုပါတယ်။

                Apple အနေနဲ့ ဒီစပီကာကို နာမည်အတိအကျတော့ မပေးရသေးဘဲ၊ ကုမ္ပဏီတွင်းမှာ “B238” ဆိုတဲ့ Codename နဲ့ပဲ လုပ်ဆောင်နေတာပါ။

                ဒီဇိုင်းပိုင်းကတော့ Mac Pro ပုံစံအတိုင်းပဲ ဆလင်ဒါဒီဇိုင်းနဲ့ဖြစ်ကာ၊ အပေါ်ဘက်မှာ Controls ခလုတ်တွေ နဲ့ Device တစ်ခုလုံးမှာ စပီကာဆန်ခါကွက်တွေ အပြည့်နီးပါးပါဝင်မှာဖြစ်ပါတယ်။


                Dickson ကို သတင်းပေးခဲ့တဲ့ “Apple အတွင်းလူ” က ဒီစပီကာဟာ Google Home လိုမျိုး “Fat” ဖြစ်မယ်လို့ ဖွင့်ဟခဲ့တာကြောင့် ရှည်ရှည်မျောမျောပုံစံနဲ့တော့ တွေ့ရလောက်မှာမဟုတ်ပါဘူး။

                Apple အနေနဲ့ Product အသစ်ဖြစ်တဲ့ စမတ်စပီကာကို လာမယ့်ဂျွန်လထဲမှာ ပြုလုပ်မယ့် WWDC ( World Wide Developer Conference) 2017 မှာ မိတ်ဆက်ပြသသွားဖို့ ရှိတယ်လို့ ခန့်မှန်းထားပေမယ့်၊ Apple ရဲ့ ထုံးစံအတိုင်း အစီအစဉ်ကတော့ အပြောင်းအလဲရှိနိုင်ပါတယ်။

References
Mac Rumors
About Author
Assinged Tags
Siri Rumors Smart Home Smart Speaker Apple Smart Speaker
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed