၇၉ ဒေါ်လာနဲ့ Pre-Order မှာယူနိုင်ပြီဖြစ်တဲ့ Microsoft Surface Arc Mouse

date_range 05 May 2017

၇၉ ဒေါ်လာနဲ့ Pre-Order မှာယူနိုင်ပြီဖြစ်တဲ့ Microsoft Surface Arc Mouse

visibility 610 Views

                Microsoft ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ပြုလုပ်ခဲ့တဲ့ ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲမှာ Windows 10 SSurface Laptop တို့နဲ့အတူ Arc Touch Mouse ဗားရှင်းကိုလည်း မိတ်ဆက်ပြသသွားခဲ့ပါတယ်။

                “Microsoft Surface Arc Mouse” လို့ အမည်ပေးထားတဲ့ အဆိုပါ Mouse ကို ယခုအခါ Microsoft Website ကနေ Pre-Order မှာယူနိုင်ပြီဖြစ်ပြီး၊ စျေးနှုန်းကတော့ ၇၉.၉၉ ဒေါ်လာပါ။ ပြိုင်ဘက် Apple ရဲ့ Magic Mouse 2 ကလည်း ၇၉ ဒေါ်လာဆိုတော့ စျေးအတူတူပဲဖြစ်နေတာကို တွေ့ရမှာပါ။

                Surface Arc Mouse အသစ်ဒီဇိုင်းဟာ အရင် Arc Mouse ဗားရှင်းတွေနဲ့ သိပ်တော့ ကွာခြားမှုမရှိဘဲ၊ ထူးခြားတာဆိုလို့ Left and Right Click ခလုတ်တွေနဲ့ ၊ Touch Button တွေကို သက်သက်စီမြင်တွေ့ရမှာ မဟုတ်ဘဲ၊ Mouse အပေါ်ဘက်တစ်ခြမ်းလုံးက Touch Surface နဲ့ ဖြစ်သွားတာပဲ ရှိပါတယ်။

                အရင် Arc Touch Mouse တွေလိုပဲ Mouse ကို သုံးချင်ရင် ကိုယ်ထည်ကို ကွေးလိုက်တာနဲ့ Power ပွင့်လာမှာဖြစ်ပြီး၊ ပိတ်ချင်ရင် Mouse ကို ဖိချလိုက်ရုံပါပဲ။ Left and Right Clicks တွေက မျက်နှာပြင်နဲ့ တစ်ဆက်တည်းဖြစ်နေပြီး၊ Touch မျက်နှာပြင်တစ်ခုလုံးကို စိတ်တိုင်းကျ Scroll ဆွဲ အသုံးပြုနိုင်မှာပါ။

                Bluetooth 4.0 နဲ့ ချိတ်ဆက်အသုံးပြုရမှာဖြစ်တာကြောင့် တစ်ချို့ Apple စက်တွေနဲ့ Windows 7 စက်တွေမှာတော့ အသုံးပြုနိုင်မှာမဟုတ်ကြောင်းကိုလည်း Microsoft က ရေးသားထားပါတယ်။

                Apple Magic Mouse 2 နဲ့ မတူတာက Microsoft Arc Mouse က အားပြန်သွင်းနိုင်တဲ့ Built-in Lithium-ion ဘက်ထရီနဲ့မဟုတ်ဘဲ AAA ဘက်ထရီနှစ်လုံးထည့်ပြီး အသုံးပြုရမှာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ပြောကြားချက်အရ အားအပြည့် AAA ဘက်ထရီနှစ်လုံးထည့်ထားရင် ခြောက်လတိတိအသုံးပြုနိုင်တယ်လို့ သိရပါတယ်။

                Surface Arc Mouse ကို Surface Laptop အရောင်တွေနဲ့လိုက်အောင် Burgundy ကြက်သွေးရောင်၊ Light Gray မီးခိုးရောင်နဲ့ Cobalt Blue အပြာရောင်ဆိုပြီး သုံးမျိုး ထုတ်လုပ်သွားမှာဖြစ်ကာ၊ ကုမ္ပဏီ Website ကနေပဲ Pre-Order မှာယူလို့ရမှာဖြစ်ပါတယ်။

References
Gadgets NDTV
About Author
Assinged Tags
Microsoft Surface Laptop Surface Arc Mouse
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed