Samsung Galaxy S8 နဲ့ S8+ ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်

date_range 04 April 2017

Samsung Galaxy S8 နဲ့ S8+ ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်

visibility 4540 Views

                Samsung ရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်းနှစ်မျိုးဖြစ်တဲ့ Galaxy S8 နဲ့ S8+ ကို ဧပြီလ ၃ ရက်နေ့၊ နေ့လည် ၂ နာရီက ရန်ကုန်မြို့၊ Novotel Hotel မှာ မြန်မာနိုင်ငံအတွက် စတင်မိတ်ဆက်သွားခဲ့ပါတယ်။

                လောလောဆည်တော့ မြန်မာနိုင်ငံမှာ Samsung Galaxy S8 နဲ့ S8+ ကို အနက်ရောင် (Midnight Black) ၊ ရွှေရောင် (Maple Gold) နဲ့ မီးခိုးရောင် (Orchid Gray) ဆိုပြီး သုံးမျိုး ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး၊ အပြာရောင် (Coral Blue) နဲ့ ငွေရောင် (Arctic Silver) တို့ကိုတော့ ဝယ်ယူရရှိနိုင်ဦးမှာမဟုတ်ပါဘူး။

                စျေးနှုန်းအနေနဲ့ Galaxy S8 ကို မြန်မာကျပ်ငွေ ၁,၀၆၀,၀၀၀ ကျပ်နဲ့ Galaxy S8+ ကို မြန်မာငွေကျပ် ၁,၁၉၀,၀၀၀ ကျပ်ရှိပြီး၊ ယနေ့၊ ဧပြီလ ၃ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့ အတွင်း(ပစ္စည်းလက်ကျန်ရှိတဲ့အထိ) Pre-Order မှာယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

                Pre-Order မှာယူချင်တဲ့သူတွေအနေနဲ့ ရန်ကုန်၊မန္တလေးအပါအဝင် မြို့ကြီး ၃၆ မြို့က Samsung Showrooms တွေနဲ့ အရောင်းမြှင့်တင်ရေးဆိုင်တွေမှာ စရန်ကျပ်ငွေ ငါးသောင်းသာ ပေးသွင်းပြီး Pre-Order မှာယူရမှာဖြစ်ပြီး၊ မေလ ၆ ရက်နေ့ကျရင် သတ်မှတ်ထားတဲ့အရောင်းဆိုင်တွေမှာ သွားရောက်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ Pre-Order မှာပြီး မေလ ၂၀ ရက်နေ့အထိ လာရောက်ထုတ်ယူခြင်းမရှိဘူးဆိုရင်တော့ စရန်ငွေ ဆုံးရှုံးရမှာပါ။

                Pre-Order မှာယူတဲ့သူတွေအနေနဲ့ တစ်ခုကောင်းတာက ကျပ်ငွေ ၁ သိန်းတန်ဖိုးရှိတဲ့ လက်ဆောင်ပစ္စည်းတွေ ( Clear Cover, Screen Protector, Wireless Charger Pad နဲ့ microUSB Cable) ကို ရရှိသွားမှာဖြစ်ပါတယ်။

                Galaxy S8 နဲ့ S8+ကို ဒီတိုင်းဝယ်ယူချင်သူတွေကတော့ လာမယ့် မေလ ၁၂ ရက်ကနေစပြီး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

                Galaxy S8 နဲ့ S8+ တို့ကို မှာယူ၊ဝယ်ယူသူအားလုံးကို Samsung နဲ့ MPT တို့ ပူးပေါင်းပြီး Special Packages တွေကို အခမဲ့အသုံးပြုနိုင်အောင် စီစဉ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ အစီအစဉ်အသေးစိတ်ကိုတော့ ပြောကြားခဲ့ခြင်းမရှိဘဲ၊ နောက်မှ အသေးစိတ်သတင်းထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

                US စျေးကွက်မှာ ဖြန့်ချိတဲ့ Galaxy S8 ကတော့ Snapdragon 835 နဲ့ ဖြစ်ပေမယ့်၊ မြန်မာနိုင်ငံအပါအဝင် အင်တာနေရှင်နယ်စျေးကွက်အတွင်း ရောင်းချမယ့်အလုံးတွေကတော့ Samsung ရဲ့ 10nm Exynos 8895 SoC နဲ့ ဖြစ်ပါတယ်။

                ကျန်တဲ့ ဖုန်း Specifications တွေကတော့ အတူတူပဲဖြစ်ပြီး၊ ဖုန်းနှစ်မျိုးလုံးက Android 7.0 Nougat နဲ့ ဖြစ်ပါတယ်။

                ကျနော်တို့ စမ်းသပ်အသုံးပြုခဲ့တဲ့ အတွေ့အကြုံအရတော့ Infinity Display က တော်တော်လေး မိုက်ပြီး၊ Ultra HD Alliance ရဲ့ Mobile HDR Premium အသိအမှတ်ပြု ပထမဆုံးစမတ်ဖုန်းဖြစ်တာကြောင့် မြင်ကွင်းအတွေ့အကြုံပိုင်းကတော့ လုံးဝရှယ်ပါပဲ။

                Samsung သုံးသူတွေ နည်းနည်းစိမ်းနေမယ့် တစ်ခုကတော့ UI ဖြစ်ပြီး၊ Samsung ဟာ Galaxy S8 နဲ့ S8+ မှာ ဖုန်းရဲ့ icon တွေကအစ UI ပိုင်းကို တော်တော်လေး ပြင်ထားတာတွေ့ရပါတယ်။

                မျက်နှာပြင်ဘောင်တွေကို ဖြုတ်ပစ်ပြီး၊ စခရင်အပြည့်လုပ်ဖို့အတွက် Home Button နဲ့ Back ခလုတ်တွေကို Display မှာ ထည့်ထားတာကလည်း အလေ့အကျင့်မရှိသေးရင် သုံးရတာ နည်းနည်းတော့  အစိမ်းသက်သက်ဖြစ်နေဦးမှာပါ။

                S8 နဲ့ S8+ မှာ အသစ်ပါဝင်လာတဲ့ Digital Assistant “Bixby” နဲ့ Security Features တွေဖြစ်တဲ့ Facial Recognition တို့ Iris Scanner တို့ကို စမ်းသပ်ချင်ပေမယ့်၊ ပြထားတဲ့အလုံးတွေမှာ Bixby မရသေးဘူးဆိုတာရယ်၊ Biometric Security ကို သုံးဖို့အတွက် SIM-card ထည့်ဖို့ လိုနေတာတွေရယ်ကြောင့် စမ်းသပ်ခွင့်မရခဲ့ပါဘူး။

                ပြီးတော့ Samsung တာဝန်ရှိသူတွေကို တစ်ခုအကြံပြုချင်တာက စမ်းသပ်ချိန်ကို ဒီထက် ကြာကြာပေးသင့်ပါတယ်။ Galaxy S8၊ S8+ နဲ့ တွဲသုံးနိုင်မယ့် Gear VR အသစ်တွေ၊ 360 Video ရိုက်နိုင်တဲ့ Gear 360 တွေ၊ S8 ဖုန်းကို ကွန်ပြူတာလို သုံးလို့ရမယ့် Dex တွေလည်း အများကြီးရှိတာကိုမှ စမ်းချိန်က နာရီဝက်လောက်လေးရတော့ ဖုန်းအပါအဝင် အကုန်စမ်းဖို့က ဘယ်လိုမှအချိန်မလောက်ပါဘူး။

                Galaxy S8 နဲ့ S8+ ရဲ့ Specifications အပြည့်အစုံကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Samsung Galaxy S8 Specifications

TitleSpecifications
Dimensions and Weight148.9 x 68.1 x 8.0 mm, 155g
Display5.8", Quad HD+ sAMOLED
CameraMain: Dual Pixel 12 MP OIS (f/1.7), Font: 8MP AF (f/1.7)
ProcessorOcta-core, Exyno 8895 10nm 
Water & Dust ResistanceIP 68 ( Protected from immersion in up to 1.5 m of fresh water for 30min)
NetworkLTE Cat.16 (May Differ by Country and Carrier)
Connectivity801.11 a/b/g/n/ac 2.4G+5 GHz, VHT80 MU-IMMO, Bluetooth 5.0, ANT+, USB Type C, NFC
MemoryRAM 4GB
Storage64 GB (microSD card up to 256GB) (Hybrid SIM tray)
Battery

3000 mAh

Galaxy S8+ Specifications

TitleSpecifications
Dimensions and Weight159.5 x 73.4 x 8.1 mm, 173g
Display6.2", Quad HD+ sAMOLED
CameraMain: Dual Pixel 12 MP OIS (f/1.7), Font: 8MP AF (f/1.7)
ProcessorOcta-core, Exyno 8895 10nm 
Water & Dust ResistanceIP 68 ( Protected from immersion in up to 1.5 m of fresh water for 30min)
NetworkLTE Cat.16 (May Differ by Country and Carrier)
Connectivity801.11 a/b/g/n/ac 2.4G+5 GHz, VHT80 MU-IMMO, Bluetooth 5.0, ANT+, USB Type C, NFC
MemoryRAM 4GB
Storage64 GB (microSD card up to 256GB) (Hybrid SIM tray)
Battery

3500 mAh

References
TechX Myanmar
About Author
Assinged Tags
Samsung Smartphones Samsung Galaxy S8 Local News Local Tech News
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed