ရှေ့ကင်မရာနှစ်လုံး၊ နောက်ကင်မရာနှစ်လုံးပါရှိတဲ့ Alcatel ရဲ့ Flash စမတ်ဖုန်း

date_range 05 April 2017

ရှေ့ကင်မရာနှစ်လုံး၊ နောက်ကင်မရာနှစ်လုံးပါရှိတဲ့ Alcatel ရဲ့ Flash စမတ်ဖုန်း

visibility 3650 Views

                အခုစမတ်ဖုန်းတွေမှာ ခေတ်စားနေတာက ကင်မရာနှစ်လုံးအသုံးပြုမှု (Dual-Camera Setup) လို့ ပြောရမှာပါ။

                Huawei P10 လို ကျောကင်မရာနှစ်လုံးပါတဲ့ ဖုန်းတွေရှိသလို၊ Oppo F3 Plus လို ရှေ့ကင်မရာနှစ်လုံးပါတဲ့ စမတ်ဖုန်းတွေလည်း ပေါ်ထွက်ပြီးဖြစ်ပါတယ်။

                ဒါပေမယ့် Dual-Camera Setup ကို အရှေ့ကော၊ အနောက်မှာပါ ထည့်လိုက်ရင် ပိုမမိုက်ပေဘူးလား။

                Alcatel ကနေ ယခုအသစ်မိတ်ဆက်လိုက်တဲ့ “Flash” စမတ်ဖုန်းမှာတော့ (တကယ်ကြီးကို) ရှေ့ကင်မရာကော၊ နောက်ကင်မရာပါ နှစ်ဘက်စလုံး၊ Dual-Camera Setup တွေ ပါဝင်လာပါတယ်။

                Alcatel Flash ရဲ့ ကျောကင်မရာနှစ်လုံးမှာ နှစ်လုံးစလုံးက 13-Megapixel Sensors တွေဖြစ်ပြီး၊ ရှေ့ကင်မရာနှစ်လုံးမှာတော့ တစ်လုံးက 8-Megapixel နဲ့ နောက်တစ်လုံးက 5-Megapixel ဖြစ်ပါတယ်။


                ကင်မရာလေးလုံးစလုံးက Dual 6P Lens တွေဖြစ်ပြီး၊ အားလုံးက f/2.0 ၊ Dual-Tone Flash မီးနှစ်လုံး နဲ့ Closed Loop PDAF စနစ်တွေ ပါဝင်ပါတယ်။ ရှေ့ကော နောက်ကော ကင်မရာနှစ်လုံးစီဖြစ်တာကြောင့်၊ Selife ရိုက်ရင်ဖြစ်ဖြစ်၊ နောက်ကင်မရာနဲ့ ပုံရိုက်ရင်ဖြစ်ဖြစ်၊ ပုံရဲ့ Background, Foreground ဖြစ်ဖြစ်၊ ပုံတစ်ပုံလုံးကိုဖြစ်ဖြစ် Blur ကို ကစားလို့ရမှာပါ။ နောက်ကင်မရာနဲ့ ရိုက်ထားတဲ့ပုံတွေကိုပဲ RAW ထုတ်လို့ ရမှာကိုတော့ သတိပြုရမှာပါ။

                Alcatel Flash ရဲ့ တခြား Specifications တွေကတော့ Android Marshmallow နဲ့ ဖြစ်မယ်။ မျက်နှာပြင်က ၅.၅ လက်မအကျယ် full-HD (1080x1920 pixels) IPS LCD Display ဖြစ်ပြီး၊ deca-core MediaTek Helio X20 Processor ကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ 3GB ပါရှိပြီး၊ Built-in Storage ကတော့ 32 GB ပါ။ microSD ကတ် နဲ့ 128GB အထိ ထပ်တိုးလို့ရတယ်လို့ သိရပါတယ်။

                Fingerprint ဆန်ဆာကို ဖုန်းရဲ့ ကျောဘက်မှာ တွေ့မြင်ရပြီး၊ Connectivity ပိုင်းမှာ Wi-Fi 802.11/b/g/n ၊ WiFi Direct ၊ Wifi Display ၊ FM Radio ၊ Bluetooth 4.1 ၊ USB OTG နဲ့ USB Type-C တို့ ပါဝင်မှာပါ။

                3.5mm Headphone Jack ပေါက် ပါဝင်လားဆိုတာကိုတော့ ဖော်ပြထားတာမတွေ့ရပါဘူး။ ဘက်ထရီကတော့ 3100mAh ဘက်ထရီနဲ့ပါ။ ဖုန်းရဲ့ Specifications အပြည့်အစုံကို ဒီမှာ သွားကြည့်နိုင်ပါတယ်။

                ကင်မရာစုစုပေါင်း လေးလုံးပါတဲ့ Alcatel Flash ဖုန်းပြီးနောက်၊ ကင်မရာခြောက်လုံးပါတဲ့ စမတ်ဖုန်းတွေများ နောက်ထပ်ထွက်လာဦးမလား မသိပါဘူး။

References
Gadgets NDTV Alcatel
About Author
Assinged Tags
Smartphones Dual Front and Back Camera Setups Smartphone Alcatel Alcatel Flash
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed