Leica တံဆိပ် ရှေ့ကင်မရာ၊ ကျောကင်မရာတွေနဲ့ ထွက်ရှိလာတဲ့ Huawei P10 နဲ့ P10 Plus

date_range 27 February 2017

Leica တံဆိပ် ရှေ့ကင်မရာ၊ ကျောကင်မရာတွေနဲ့ ထွက်ရှိလာတဲ့ Huawei P10 နဲ့ P10 Plus

visibility 320 Views

                စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ယခုကျင်းပလျက်ရှိတဲ့ Mobile World Congress (MWC) 2017 ပွဲမှာ Huawei က P10 နဲ့ P10 Plus စမတ်ဖုန်းနှစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။

                P10 ဖုန်းတွေမှာ P9 တုန်းကလိုပဲ Leica အမှတ်တံဆိပ် ကျောကင်မရာနှစ်လုံး ပါရှိလာပြီး၊ P9 နဲ့ မတူတာက ရှေ့ကင်မရာကပါ Leica ကင်မရာဖြစ်လာတာကို တွေ့ရပါတယ်။ ဒီဇိုင်းပိုင်းလည်း ပြောင်းလဲထားတာတွေ့ရပြီး  P9 တုန်းက လက်ဗွေရာဆန်ဆာက ကျောဘက်မှာ ဖြစ်ပေမယ့် ယခု P10 နဲ့ P10 Plus မှာတော့ လက်ဗွေရာက ဖုန်း Home ခလုတ်မှာ ထည့်သွင်းထားတာ တွေ့ရမှာပါ။ နောက်ထပ်ထူးခြားတာကတော့ Huawei P10 နဲ့ P10 Plus ကို စုစုပေါင်း အရောင် ၈ ရောင်အထိ ရွေးချယ်ဝယ်ယူနိုင်မှာပါ။

                P10 နဲ့ P10 Plus မှာ အဓိကကွာတာက မျက်နှာပြင်အရွယ်အစားဖြစ်ပြီး၊ P9 ဖုန်းက ၅.၁ လက်မအကျယ် full HD Diplay နဲ့ဖြစ်ကာ၊ P10 Plus က ၅.၅ လက်မအကျယ် WQHD Display နဲ့ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ Corning ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် Gorilla Glass 5 မှန်သားကို အသုံးပြုထားပြီး၊ ကုမ္ပဏီကိုယ်တိုင်ထုတ် octa-core Kirin 960 ပရိုဆက်ဆာ၊ Mali-G71MP GPU၊ RAM 4GB နဲ့ 64GB တို့ ပါဝင်မှာပါ။ P10 Plus ကတော့ RAM 6GB နဲ့ 128GB Storage မော်ဒယ်သက်သက်ထွက်ရှိဦးမှာပါ။ ဖုန်းအားလုံးမှာ microSD ကတ် 256 GB အထိလည်း ထပ်စိုက်နိုင်မှာဖြစ်ပါတယ်။

                Huawei P10 ကော P10 Plus ရဲ့ ကျောကင်မရာနှစ်လုံးမှာ တစ်လုံးက monochrome အသေးစိတ်ရိုက်ကူးပေးမယ့် 20-megpixel sensor နဲ့ RGB ရိုက်ကူးပေးမယ့် 12-megapixel sensor ပါဝင်မှာပါ။ ဗီဒီယိုကို 4K Resolution အထိရိုက်ကူးနိုင်ပြီး၊ 3D မှတ်သားမှတ်သားမှုစနစ်၊ OIS ၊ 4-in-1 Hybrid Autofocus စနစ် တို့ပါဝင်လာပါတယ်။ ရှေ့ကင်မရာကတော့ f/1.9 ၊ 8-megapixel ကင်မရာဖြစ်ပါတယ်။

                P10 ကော P10 Plus မှာပါ Nano နဲ့ Nano/ microSD နှစ်ကတ်ထိုးသုံးနိုင်မှာဖြစ်ပြီး၊ Android 7.1 Nougat စနစ်အခြေခံ EMUI 5.1 OS နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။

                ဘက်ထရီအနေနဲ့ P10 ဖုန်းမှာ 3200mAh ဘက်ထရီပါဝင်ပြီး၊ မျက်နှာပြင်နည်းနည်းပိုကြီးတဲ့ P10 Plus အတွက်တော့ 3750mAh ဘက်ထရီပါဝင်မှာပါ။ အရင် P9 တုန်းကလိုပဲ ဖုန်းနှစ်မျိုးလုံးမှာ ‘SuperCharge’ ပါဝင်လာမှာဖြစ်ပါတယ်။

                စျေးနှုန်းတွေကတော့ Huawei P10 မော်ဒယ်ကို ၆၄၉ ယူရိုရှိပြီး၊ RAM 4GB P10 Plus က ၆၉၉ ယူရိုရှိမှာဖြစ်ပါတယ်။ RAM 6GB ပါဝင်တဲ့ P10 Plus ဆိုရင်တော့ ၇၉၉ ယူရိုအထိ ရှိမှာပါ။ မတ်လအတွင်း ကမ္ဘာ့နိုင်ငံအများအပြားမှာ ဝယ်ယူရရှိနိုင်မှာြဖစ်တယ်လို့ သိရပါတယ်။

References
Gadgets NDTV Engadget
About Author
Assinged Tags
Huawei Smartphones Huawei P10 Huawei P10 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed