ရှေ့ကင်မရာနှစ်လုံး ပါဝင်တဲ့ Oppo F3 Plus စမတ်ဖုန်း ထွက်ရှိ

date_range 23 March 2017

ရှေ့ကင်မရာနှစ်လုံး ပါဝင်တဲ့ Oppo F3 Plus စမတ်ဖုန်း ထွက်ရှိ

visibility 1550 Views

                Oppo ဟာ Selfie မှ Selfie ဆိုတဲ့သူတွေအတွက် ရှေ့ကင်မရာနှစ်လုံးပါဝင်တဲ့ F3 Plus စမတ်ဖုန်းကို အိန္ဒိယနိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပါပြီ။

                မြန်မာနိုင်ငံမှာတော့ ယခုညနေ ၅ နာရီမှ မိတ်ဆက်မှာဖြစ်ပြီး၊ မိတ်ဆက်ပွဲကို Oppo ရဲ့ Facebook Page ကနေ Live ကြည့်ရှုနိုင်ပါတယ်။

                အိန္ဒိယမှာ မိတ်ဆက်သွားတဲ့ စျေးနှုန်းကတော့ ရူပီး ၃၀,၉၉၀ ( မြန်မာငွေ ခြောက်သိန်းခွဲဝန်းကျင်) ရှိပြီး၊ ဧပြီလ ၁ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကာလာကတော့ အနက်ရောင်နဲ့ ရွှေရောင်ဆိုပြီး နှစ်မျိုးရရှိမှာပါ။

                Oppo F3 Plus စမတ်ဖုန်းရဲ့ အဓိကထူးခြားချက်ကတော့ Dual-Selfie ကင်မရာပါ။ တခြားစမတ်ဖုန်း Brand တွေက Dual-Rear Camera ဖုန်းတွေ အပြိုင်အဆိုင် ထုတ်နေချိန်မှာ Oppo ကတော့ သူ့ရဲ့ထုံးစံအတိုင်း Selfie ဘုရင်လို့ ကြွေးကြော်ကာ Dual-Front Camera ဖုန်းကို မိတ်ဆက်လိုက်တာက နည်းနည်းတော့ ထူးခြားပါတယ်။ မိန်းကလေးတွေအကြိုက်ပဲ ဦးတည်ထားတဲ့ပုံလို့ ဆိုရမှာပါ။

                ရှေ့ကင်မရာနှစ်လုံးမှာ တစ်လုံးက f/2.0 ရှိတဲ့ 16-Megapixel  1/3.1 လက်မ ဆန်ဆာနဲ့ နောက်တစ်လုံးက မြင်ကွင်းကျယ် Group Selfie ပုံတွေရိုက်ကူးနိုင်မယ့် 120-degree-wide-angel Lens သုံး 8-Megapixel ဆန်ဆာနဲ့ ဖြစ်ပါတယ်။ User အနေနဲ့ ဘယ် lens ကို သုံးပြီး ရိုက်ချင်လဲဆိုတာ ရွေးချယ်လို့ရသလို၊ Smart Facial Recognition နည်းပညာကလည်း ကိုယ်ရိုက်ကူးမယ့်အနေအထားနဲ့ အသင့်တော်ဆုံး Lens ကို ရွေးချယ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ တခြား Camera Features တွေဖြစ်တဲ့ Selfie Panorama တို့ Beautify 4.0 ၊ Screen Flash နဲ့ Palm Shutter တို့လည်း ပါဝင်မှာပါ။

                နောက်ကင်မရာမှာတော့ Oppo R9s ဖုန်းမှာ သုံးစွဲထားတဲ့ f/1.9 Sony IMX 398 sensor သုံး 16-MP ကင်မရာကိုပဲ ပြန်လည်သုံးစွဲထားပါတယ်။

                စျေးက ခြောက်သိန်းခွဲလောက်ရှိပေမယ့် Processor ကတော့ စွမ်းဆောင်ရည်အလယ်အလတ်လောက်သာ ရှိတဲ့ 1.95GHz octa-core Snapdragon 652 Soc နဲ့ Adreno 510 GPU ကို အသုံးပြုထားတာကတော့ နည်းနည်းမေးခွန်းထုတ်စရာပါ။

                Oppo F3 Plus ရဲ့ မျက်နှာပြင်အကျယ်ကတော့ ၆ လက်မဖြစ်ပြီး၊ full-HD (1080 x 1920 pixels) Resolution ရှိပါမယ်။  RAM အနေနဲ့ 4GB အထိပါရှိမှာဖြစ်ပြီး၊ Storage ကတော့ 64GB on-board ပါ။

                Nano SIM နှစ်ကတ်ထိုး Dual-SIM စမတ်ဖုန်းဖြစ်ပြီး၊ Triple-Slot ဖြစ်တာကြောင့် SIM နှစ်ကတ်အသုံးပြုနေရင်လည်း microSD ကတ် (256GB အထိ) ထပ်စိုက်နိုင်မှာကတော့ အားသာချက်လို့ ပြောလို့ရပါတယ်။

                OS ကတော့Android 6.0 Marshmallow အခြေခံ ColorOS 3.0 နဲ့ပါပဲ။ Oppo အပါအဝင် တရုတ်စမတ်ဖုန်းတော်တော်များများမှာ Android Nougat အခြေခံ ကိုယ်ပိုင် Custom OS တွေ အခုထိ မသုံးနိုင်သေးတာကြောင့် Nougat နဲ့ ရဖို့တော့ မမျှော်လင့်ပါနဲ့ဦး။

                တခြား Features တွေအနေနဲ့ Oppo ကုမ္ပဏီရဲ့ ကိုယ်ပိုင်အားအမြန်သွင်းစနစ် VOOC Flash Charge နည်းပညာသုံး ဘက်ထရီပမာဏများတဲ့ 4000mAh ဘက်ထရီပါမယ်။ 4G VoLTE အသုံးပြုနိုင်မယ်။ တခြားဖုန်းအတွက်လိုအပ်တဲ့ Accelerometer, Ambiet Light sensor, Gyro, Magnetometer နဲ့ Proximity sensor တို့ ပါဝင်မှာပါ။


References
Gadgets NDTV
About Author
Assinged Tags
Smartphones OPPO Oppo F3 Plus Dual Front Camera Smartphone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed