Huawei Mate 9 မှာ Amazon ရဲ့ Digital Assistant “Alexa” ရပြီ

date_range 23 March 2017

Huawei Mate 9 မှာ Amazon ရဲ့ Digital Assistant “Alexa” ရပြီ

visibility 1100 Views

                Huawei က ထုတ်ထားတဲ့ စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးစမတ်ဖုန်းတစ်လုံးလို့ ဆိုနိုင်တဲ့ Mate 9 ဖုန်းမှာ အခုဆိုရင် Amazon ရဲ့ Digital Assistant ဖြစ်တဲ့ “Alexa” ကို စတင်အသုံးပြုနိုင်ပါပြီ။

                မကြာသေးခင်က Google ဟာ Google Assistant ကို Marshmallow နဲ့ Nougat ဖုန်းတွေအတွက် ထုတ်ပေးခဲ့သလို၊ Samsung ကလည်း ကိုယ်ပိုင် Digital Assistant “Bixby” ကို မနေ့ကတင် မိတ်ဆက်လိုက်တာကြောင့် ၂၀၁၇ ခုနှစ်ဟာ စမတ်ဖုန်း Digital Assistants တွေရဲ့ ခေတ်လို့ပြောရမှာပါ။

                Update လုပ်လိုက်တာနဲ့ Alexa ကို အသုံးပြုနိုင်မှာဖြစ်ပြီး၊ “Alexa” ကို App ကနေ စသုံးလို့ရတဲ့ ပထမဆုံး စမတ်ဖုန်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

                Huawei Mate 9 မှာ Alexa ရမယ်ဆိုတာကို ဖေဖော်ဝါရီလ ကတည်းက ကြေငြာခဲ့တာဖြစ်ပြီး၊ အခု မတ်လ ၂၂ ရက်နေ့က စတင်ကာ US က Mate 9 ကိုင်သူတွေမှာ အရင်ဆုံး ရသွားမှာဖြစ်ပါတယ်။

“ Huawei ရဲ့ Alexa App အသစ်ကနေ Mate 9 မှာ ပါပြီးသားဖြစ်တဲ့ ပြည့်စုံကောင်းမွန်တဲ့ Features အများအပြားကို အသံနဲ့တင် စေခိုင်းနိုင်မှာပါ။ Amazon နဲ့ ဆက်လက်ပူးပေါင်းပြီးလည်း အသံထိန်းချုပ် မိုဘိုင်းဖုန်းအသုံးပြုမှု စနစ်တွေကို ထပ်မံတီထွင်သွားဖို့ရှိပါတယ်” 

                လို့ Huawei USA ရဲ့ ဥက္ကဌဖြစ်သူ Zhendong Zhu က ပြောကြားခဲ့ပါတယ်။

                အခုမှ Android ဖုန်းတွေအတွက် စထုတ်တာဖြစ်တာကြောင့် Alexa ကို Google Assistant လိုမျိုး OS ရဲ့ ကြိုက်တဲ့နေရာကနေ ခေါ်သုံးနိုင်ဦးမှာမဟုတ်ဘဲ၊ App ထဲ ဝင်သုံးနိုင်ဦးမှာဖြစ်ပါတယ်။

                ဒီ့အပြင် တခြား Digital Assistants တွေဖြစ်တဲ့ Google Assistant, Cortana, Siri တို့လိုမျိုး အသံနဲ့ လှမ်းခေါ်နိုင်ဦးမှာမဟုတ်ဘဲ၊ App ထဲက Mic ခလုတ်လေးကိုပဲ နှိပ်ပြီး ပြောရဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီထက်ပိုကောင်းလာဖို့ ရှိတာကြောင့် Alexa ကလည်း စောင့်ကြည့်ရမယ့် Digital Assistant တစ်ခုပါ။

References
Android Central
About Author
Assinged Tags
Digital Assistant Huawei Amazon Intelligent Digital Assistant Huawei Mate 9 Alexa
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed