Google Assistant ကို Android Marshmallow နဲ့ Nougat ဖုန်းတွေမှာ စသုံးနိုင်ပြီ

date_range 03 March 2017

Google Assistant ကို Android Marshmallow နဲ့ Nougat ဖုန်းတွေမှာ စသုံးနိုင်ပြီ

visibility 850 Views

                Google ဟာ MWC 2017 ပွဲမှာ ကြေငြာသွားတဲ့အတိုင်းပဲ Google Assistant ကို တခြား Android ဖုန်းတွေအတွက်ပါ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

                ယခုတစ်ပတ်၊ ကြာသပတေးနေ့ကစတင်ကာ “သတ်မှတ်ချက်ပြည့်မီတဲ့ Android ဖုန်းတွေ” အတွက် ထုတ်ပေးခဲ့တာဖြစ်ပြီး၊ လောလောဆည် US က Android user တွေပဲ ရရှိဦးမှာဖြစ်ပါတယ်။ US ပြီးရင် သြစတြးလျ၊ ကနေဒါနဲ့ ယူကေ တို့မှာ ရရှိမှာဖြစ်ပြီး၊ အာရှဘက်က User တွေအနေနဲ့ ဘယ်အချိန်လောက် ရရှိမလဲဆိုတာတော့ မသိရသေးပါဘူး။

“ Google Assistant က ခင်ဗျားရဲ့ နေ့စဥ်ဘဝကို ပိုမိုအဆင်ပြေချောမွေ့အောင် ကူညီပေးမှာပါ။ ဒီနေ့ကနေစပြီးတော့၊ Google Play Services ရှိတဲ့ Android 7.0 Nougat နဲ့ Android 6.0 Marshmallow ဖုန်းတွေမှာ စတင်အသုံးပြုနိုင်ပါပြီ။ စသုံးချင်တယ်ဆိုရင် Home ခလုတ်ကို ဖိထားလိုက်ရုံပါပဲ”

                လို့ Google က Blog မှာ ရေးသားဖော်ပြထားပါတယ်။

                Google Assistant အတွက် App တစ်ခု သီးသန့်ထပ် Download လုပ်စရာမလိုဘဲ၊ ကိုယ့်ဖုန်းမှာရပြီဆိုရင် Home ခလုတ်ကို ဖိထားလိုက်ရုံပါပဲ။ Assistant ရပြီဆိုရင်တော့ ကျနော်တို့အရင်ကသုံးနေတဲ့ Google Now ပျောက်သွားမှာဖြစ်ပြီး၊ ကိုယ့်ဖုန်းမှာ ရ,မရကို အခုပဲ Home ခလုတ်ကို ဖိပြီး စမ်းသပ်ကြည့်လိုက်ပါ။

References
NDTV
About Author
Assinged Tags
Google Google Assistant Android Applications Smartphones Nougat
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed