‘Rent Once, Watch Anywhere’ ဆိုတဲ့ Feature လေးပါဝင်တဲ့ iTunes 12.6 ကို Release လုပ်လိုက်တဲ့ Apple

date_range 22 March 2017

‘Rent Once, Watch Anywhere’ ဆိုတဲ့ Feature လေးပါဝင်တဲ့ iTunes 12.6 ကို Release လုပ်လိုက်တဲ့ Apple

visibility 200 Views

                အနီရောင် iPhone 7 နဲ့ 7 Plus ကို မိတ်ဆက်ခြင်းiPhone SE ရဲ့ Storage ပမာဏကို တိုးမြှင့်ပေးခြင်းiPad မျိုးဆက်အသစ်ကို မိတ်ဆက်ခြင်း၊ စတာတွေကို လုပ်ခဲ့တဲ့ Apple ဟာ ထပ်မံပြီးတော့ ‘Rent Once, Watch Anywhere’ ဆိုတဲ့ Feature လေးပါဝင်တဲ့ iTunes 12.6 ကို Release လုပ်လိုက်ပါပြီ။

                ဒီ Feature အသစ်လေးဟာ iTunes မှာ ရုပ်ရှင်တွေ ဌားယူကြည့်ရှုသူများအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ အရင်က Device တစ်ခုကနေ ဌားရမ်းထားတဲ့ရုပ်ရှင်ကို တခြား Device တစ်ခုမှာ ပြန်လည်ကြည့်ရှုလို့မရပါဘူး။ အခု Apple ပြောပုံအရကတော့ Device တစ်ခုကနေ ဌားရမ်းပြီးသားရုပ်ရှင်ကို တခြား Device မှာလည်း ပြန်လည်ကြည့်ရှုလို့ရမှာ ဖြစ်ပါတယ်။

                ဒီ Feature လေးကိုအသုံးပြုဖို့ iOS 10.3 နဲ့ tvOS 10.2 တို့လိုအပ်မှာဖြစ်ပါတယ်။ ခက်တာက OS နှစ်ခုလုံးက Beta Version တွေပဲ ရှိနေသေးလို့ ဖြစ်ပါတယ်။ ဒီ Feature လေးကြောင့်ပဲ များမကြာမှီကာလအတွင်းမှာတော့ iOS 10.3 နဲ့ tvOS 10.2 တို့ ထွက်ရှိလာမယ်လို့တော့ ခန့်မှန်းရပါတယ်။

                ဌားရမ်းကြည့်ရှုတဲ့ကြာချိန်ကို Apple ဘက်က ကန့်သတ်မှုတွေရှိနေပေမယ့်လည်း၊ ဒီ Feature အသစ်လေးဟာဟာတော့ iTunes ကနေ ရုပ်ရှင်တွေဌားရမ်းကြည့်ရှုနေကြတဲ့ သူတွေအတွက်ကတော့ အဆင်ပြေသွားမယ့် Feature လေးဖြစ်ပါတယ်။ 

                ဌားရမ်းကြည့်ရှုတဲ့ကြာချိန်ဆိုတာ ဥပမာအနေနဲ့ပြောရရင် ကျနော်တို့အခွေဌားဆိုင်ကနေ ဌားရမ်းကြည့်ရှုသလိုပါပဲ။ တစ်ရက်စာဌားရင် ဘယ်လောက်၊ ရက်လွန်ကြေးက ဘယ်လောက်ပေါ့။ iTunes 12.6 ကို MacApp Store ကနေ ဒီနေ့ပဲ Download လုပ်လို့ရပြီ ဖြစ်ပါတယ်။

References
9to5Mac
About Author
Assinged Tags
iPhone iPad iTunes
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed