iPad Air 2 ကို ပိုပြီးဈေးချိုတဲ့ iPad မျိုးဆက်သစ်နဲ့ အစားထိုးလိုက်တဲ့ Apple

date_range 22 March 2017

iPad Air 2 ကို ပိုပြီးဈေးချိုတဲ့ iPad မျိုးဆက်သစ်နဲ့ အစားထိုးလိုက်တဲ့ Apple

visibility 1300 Views

                Apple က သူတို့ရဲ့ iPad Lineup ကို နည်းနည်းလေးပြုပြင်လိုက်ပါတယ်။ အရင်ရောင်းနေနဲ့ iPad Air 2 ကို Apple Online Store ကနေ အနားပေးလိုက်ပြီး သူ့နေရာမှာ ၉.၇ လက်မ iPad နဲ့ အစားထိုးလိုက်ပါတယ်။ အခုအစားထိုးလိုက်တဲ့ iPad က မျိုးဆက်သစ် iPad ဖြစ်ပြီး မိတ်ဆက်ပွဲတွေ၊ ဘာတွေမလုပ်ပဲ Apple Online Store မှာတင် မိတ်ဆက်လိုက်တာဖြစ်ပါတယ်။

                မျိုးဆက်သစ် iPad သာဆိုတာပါ၊ နာမည်အသစ်တစ်ခုအနေနဲ့ သက်သက်မပေးထားပါဘူး။ iPad လို့ပဲခေါ်ပါတယ် Apple ကတော့။ အခုမျိုးဆက်သစ်လေးက အရင် iPad Air 2 ထက် အနည်းငယ်ပိုကြီးသလို ပိုလည်းပါးသွားပါတယ်။ အရင် iPad Air 2 က ၇.၅ မီလီမီတာ အထူရှိတယ်ဆိုပေမယ့်၊ အခု iPad ကတော့ ၆.၁ မီလီမီတာသာ ထူပါတော့တယ်။ 

                အလေးချိန်အနေနဲ့ iPad Air 2 Wi-Fi မော်ဒယ်လ်တုန်းက ၄၆၉ ဂရမ်ရှိခဲ့ပေမယ့် iPad မှာတော့ ၄၃၇ ဂရမ်ပဲရှိတော့တာကြောင့် ပိုပြီးလည်း ပေါ့ပါးသွားပါတယ်။ iPad ရဲ့ အမြင့်နဲ့ အကျယ်ကတော့ iPad Air 2 နဲ့ အတူတူပါပဲ။ Processor ကတော့ 64-bit A9 Chip ကိုသုံးထားတာကြောင့် iPad Air 2 ထက်တော့ မြန်မှာသေချာပါတယ်။

                ဒီနေရာမှာ တစ်ခုမေးစရာရှိတာက ဈေးနှုန်းပါပဲ။ ဈေးနှုန်းအနေနဲ့ 32GB Wi-Fi မော်ဒယ်လ်က အမေရိကန်ဒေါ်လာ ၃၂၉ ဒေါ်လာ၊ 32GB Wi-fi and Cellular မော်ဒယ်က အမေရိကန်ဒေါ်လာ ၄၅၉ ဒေါ်လာ၊ စသည်ဖြင့် ကျသင့်မှာဆိုတော့ ဈေးလည်းပိုချိုသွားပါတယ်။

                ဒီလိုဈေးနှုန်းတွေလျော့ရောင်းရတာကလည်း အကြောင်းရှိပါတယ်။ ကျဆင်းနေတဲ့ ဝယ်လိုအားကို ပြန်လည်မြှင့်တင်ချင်လို့ ဒီလိုမျိုးလုပ်လိုက်တာပဲဖြစ်ပါတယ် (Apple Product တွေ ဝယ်လိုအားကျဆင်းသွားကြောင်း ရေးသားထားတဲ့ ဆောင်းပါးလေးကို ဒီလင့်ခ် မှာဖတ်ရှုနိုင်ပါတယ်)။ ကျွမ်းကျင်သူတွေကတော့ ဒီနှစ်ထဲမှာ Apple က သူတို့ရဲ့  iPad Lineup ကို အပြောင်းအလဲအလုပ်များလိမ့်မယ့်လို့ ပြောထားကြပါတယ်။

References
The Verge
About Author
Assinged Tags
iPad iPad Air 2
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed