iPhone SE ရဲ့ Storage ပမာဏကို 32GB နဲ့ 128GB ထိတိုးမြှင့်လိုက်တဲ့ Apple

date_range 22 March 2017

iPhone SE ရဲ့ Storage ပမာဏကို 32GB နဲ့ 128GB ထိတိုးမြှင့်လိုက်တဲ့ Apple

visibility 500 Views

                အရင်က iPhone SE ရဲ့ Storage ပမာဏဟာ အရမ်းနည်းတယ်လို့ ပြောရမှာပါ။ 16GB ဆိုတာ Power User တွေ၊ Mobile Game ဆော့မယ့်သူတွေအတွက်ကတော့ ငရဲပါပဲ။ Storage နေရာလေးလွတ်ဖို့ ခဏခဏ ဟို File လေးဖျက်လိုက်၊ ဒီ File လေး ဖျက်လိုက်လုပ်နေရတာဆိုတော့ လုံးဝအဆင်မပြေပါဘူး။ 

                အခုတော့ ဒီဒုက္ခကို Apple ကဖြေရှင်းပေးလိုက်ပါပြီ။ အရင် 16GB မော်ဒယ်ရဲ့ Storage ပမာဏကို 32GB၊ 64GB မော်ဒယ်လ်ရဲ့ Storage ပမာဏကို 128GB အထိတိုးပေးလိုက်ပြီ ဖြစ်ပါတယ်။ Storage ပမာဏတိုးလိုက်လို့ ဈေးကြီးမသွားပါဘူး။ ဈေးကတော့ အရင်ဈေးအတိုင်းပါပဲ။

                Storage ပမာဏပဲ တိုးပေးသွားမှာဖြစ်ပြီး ကျန်တဲ့ Specification တွေကတော့ ဒီအတိုင်းပဲရှိဦးမှာဖြစ်ပါတယ်။ iPhone လည်းကိုင်ချင်တယ်၊ အရင် iPhone ဒီဇိုင်းလေးကို ကြိုက်တယ်၊ အရမ်းကြီးတဲ့ဖုန်းတွေလည်း မကိုင်ချင်တဲ့သူတွေဟာ iPhone SE ကိုပဲကိုင်ကြပါတယ်။ အခုလိုမျိုး Storage ပမာဏတိုးပေးလိုက်တယ်ဆိုတော့ ဒီလိုလူမျိုးတွေအတွက် အရမ်းကိုအဆင်ပြေသွားမှာဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
iPhone iPhone SE
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed