Notebook 9 Pen, Notebook 9 (2018), Notebook 7 Spin (2018) တို့ကို အမေရိကန်နိုင်ငံမှာ Samsung စတင်ရောင်းချ

date_range 20 February 2018

Notebook 9 Pen, Notebook 9 (2018), Notebook 7 Spin (2018) တို့ကို အမေရိကန်နိုင်ငံမှာ Samsung စတင်ရောင်းချ

visibility 760 Views

                ယခုနှစ် အစောပိုင်း ဇန်နဝါရီလထဲမှာ ကျင်းပသွားခဲ့တဲ့ CES 2018 မှာ Samsung အနေနဲ့ Samsung Notebook 9 Pen, Notebook 9 (2018)Notebook 7 Spin (2018) စတဲ့ Notebook မော်ဒယ်သုံးမျိုးကို မိတ်ဆက်သွားခဲ့ပေမယ့် တရားဝင် ရောင်းချမယ့်နေ့ရက်ကိုတော့ ထုတ်ပြန် ကြေငြာခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် ကွေးနိုင်ခေါက်နိုင်တဲ့ Foldable စမတ်ဖုန်းကိုလည်း တိတ်တဆိတ် ပြသသွားခဲ့ပါသေးတယ်။

                ယခုအခါမှာတော့ CES 2018 မှာ မိတ်ဆက်ပေးခဲ့တဲ့ Samsung Notebook 9 Pen, Notebook 9 (2018), Notebook 7 Spin (2018) စတဲ့ Notebook မော်ဒယ်သုံးမျိုးကို အမေရိကန်နိုင်ငံမှာ စတင် ရောင်းချပေးလိုက်ပြီ ဖြစ်ပါတယ်။ Samsung အနေနဲ့ ၂၀၁၈ မတ်လ နောက်ဆုံးထားပြီး အခြား စျေးကွက်တွေမှာလည်း ဖြန့်ချီရောင်းချ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Notebook 9 Pen


                Samsung Notebook 9 Pen ဟာ 2-In-1 Laptop တစ်လုံးဖြစ်ပြီး ကိုယ်ထည်ပိုင်းအတွက် Metal 21 လို့ အမည်ပေးထားတဲ့ ကြာရှည်ခံ Magnesium Alloy ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Notebook 9 Pen ကို ၃၆၀ ဒီဂရီလှည့်လို့ရမှာ ဖြစ်ပြီး 2-In-1 ဖြစ်တာကြောင့် Laptop အနေနဲ့ပဲ ဖြစ်ဖြစ်၊ Tablet အနေနဲ့ပဲ ဖြစ်ဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစားအနေနဲ့ 310.5 x 206.6 x 14.5-16.5mm ရှိမှာဖြစ်ပြီး ၉၉၅ ဂရမ် အလေးချိန် ရှိတယ်လို့ သိရပါတယ်။


                Notebook 9 Pen ရဲ့ Display အတွက်ကိုတော့ ၁၃.၃ လက်မ အရွယ်အစားရှိ Full HD Display ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Processor ပိုင်းမှာတော့ Intel ရဲ့ 8th Generation Core i7 Processor ကို အသုံးပြုထားပါတယ်။ Graphic အနေနဲ့ကတော့ Intel HD Graphic သာ ပါဝင်မှာ ဖြစ်ပါတယ်။ RAM ကို 16GB အထိ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်သလို Storage ပိုင်းအတွက်ကိုလည်း 512GB NVMe PCI SSD အထိ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။


                Notebook 9 Pen မှာ Windows 10 OS Built-In ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Front-Facing IR Camera မှာ Windows Hello ကနေတစ်ဆင့် Facial Authentication အသုံးပြုနိုင် တဲ့ Feature အပြင် Fingerprint Sensor လည်း ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။


                Connectivity Options တွေအနေနဲ့ USB-C, USB 3.0, HDMI, uSD Card Slot, Headphone/ Microphone Jack နဲ့ DC-in တို့ ပါဝင်မှာ ဖြစ်ပါတယ်။ Notebook 9 Pen ဆိုတဲ့ အတိုင်း ၀.၇ မီလီမီတာ အရွယ်အစားရှိတဲ့ S Pen လည်း ပါဝင်မှာ ဖြစ်ပါတယ်။ Notebook 9 Pen ကို ကန်ဒေါ်လာ ၁,၄၀၀ (မြန်မာငွေ ၁၈ သိန်းခွဲ ဝန်းကျင်) နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Notebook 9 (2018)


                Samsung Notebook 9 (2018) ကို ၁၃.၃ လက်မ၊ ၁၅ လက်မ၊ စတဲ့ မော်ဒယ်နှစ်မျိုး အနေနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ကိုယ်ထည်ပိုင်းအတွက်ကိုတော့ မော်ဒယ်နှစ်မျိုးလုံးအတွက် Notebook 9 Pen မှာလိုပဲ Metal 21 ကိုပဲ အသုံးပြုထားပါတယ်။ ဒါ့အပြင် Samsung ရဲ့ အကြီးမားဆုံး Battery ဖြစ်တဲ့ 75Wh Hexacell Battery ကို အသုံးပြုထားပါတယ်။ Resolution ပိုင်းမှာတော့ မော်ဒယ်နှစ်ခုလုံးမှာ Full HD Resolution ရရှိမှာ ဖြစ်ပါတယ်။


                ၁၃.၃ လက်မ Notebook 9 (2018) မှာ Intel ရဲ့ 8th Generation Core i7 Processor ကို အသုံးပြု ထားပြီး Graphic အနေနဲ့ Intel HD Graphics သာ ပါဝင်မှာ ဖြစ်ပေမယ့် ၁၅ လက်မ မော်ဒယ်မှာတော့ 8th Generation Core i7 Processor နဲ့ အတူ NVIDIA ရဲ့ GeForce MX 150 Graphic ကို အသုံးပြု ထားပါတယ်။


                မော်ဒယ်နှစ်မျိုးလုံးမှာ Windows 10 OS Built-In ပါဝင်မှာ ဖြစ်ပြီး RAM 16GB အထိ ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်သလို SSD 1TB အထိ ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မော်ဒယ်နှစ်မျိုးလုံးမှာ 720P HD Front-Facing Camera ပါဝင်မှာ ဖြစ်ပြီး Security ပိုင်းအတွက် Fingerprint Scanner လည်းပါဝင်ဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။


                Notebook 9 (2018) ၁၃ လက်မ မော်ဒယ်ကို ကန်ဒေါ်လာ ၁,၂၀၀ (မြန်မာငွေ ၁၆ သိန်း ဝန်းကျင်) ကနေ စတင် ရောင်းချသွားမှာ ဖြစ်ပြီး ၁၅လက်မ မော်ဒယ်ကို ကန်ဒေါ်လာ ၁,၃၀၀ (မြန်မာငွေ ၁၇ သိန်း ၂ သောင်း ဝန်းကျင်) နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Notebook 7 Spin (2018)


                Notebook 7 Spin (2018) ဟာ ၂၀၁၆ တုန်းက မိတ်ဆက်ပေးခဲ့တဲ့ Notebook 7 Spin ကို Upgrade လုပ်ထားတဲ့ Notebook မော်ဒယ်သစ် ဖြစ်ပါတယ်။ အရင်ထွက်ရှိထားတဲ့ Notebook 7 Spin လို ၃၆၀ ဒီဂရီ လှည့်လို့ရမှာ ဖြစ်ပြီး Touchscreen ဖြစ်တဲ့အပြင် ဒီဇိုင်းပိုင်းမှာလည်း အရင်ဒီဇိုင်းကိုပဲ ဆက်လက် အသုံးပြုထားပါတယ်။


                Notebook 7 Spin (2018) မှာ ၁၃.၃ လက်မ အရွယ်အစားရှိ Full HD Resolution (1920 x 1080 Pixels) PLS Display ကို အသုံးပြုထားပါတယ်။ ကိုယ်ထည်ပိုင်းအတွက်ကိုတော့ A/C Metal Body ကို အသုံးပြုထားပါတယ်။ အရွယ်အစားအနေနဲ့ 315.8 x 215.4 x 18.5 mm ရှိမှာဖြစ်ပြီး ၁.၅၃ ကီလိုဂရမ် အလေးချိန်ရှိမှာ ဖြစ်ပါတယ်။


                Processor ကိုတော့ 8th Generation Intel Core i5 Processor အသုံးပြုထားပြီး RAM 8GB ပါဝင်မှာ ဖြစ်ပါတယ်။ Storage 256GB SSD ပါဝင်ပြီး Battery ပိုင်းမှာတော့ 43Wh Battery ကို အသုံးပြုထားပါတယ်။ Windows 10 OS Build-In ပါဝင်မှာ ဖြစ်ပြီး Connectivity Options တွေအနေနဲ့ USB-C, USB 3.0, USB 2.0, Headphone Jack နဲ့ HDMI Slot တို့ ပါဝင်မှာ ဖြစ်ပါတယ်။


                Samsung Notebook 7 Spin (2018) မှာ 1.5mm Keystroke, Curved Keycap စတဲ့ Feature တွေပါဝင်တဲ့ Backlit Keyboard ကို အသုံးပြုထားပြီး Precision Touchpad ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် Video Call ခေါ်ဆိုဖို့အတွက် VGA Front Camera တစ်လုံးလည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။ Security Feature တွေအနေနဲ့ Windows Hello ကိုအခြေခံထားတဲ့ Fingerprint Sensor အပြင် Privacy Folder ဆိုတဲ့ Feature တစ်ခုလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။


                Samsung Notebook 7 Spin (2018) နဲ့ တွဲဖက်ပြီး Active Pen ကို အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် Notebook 7 Spin နဲ့ အတူ Active Pen ကတော့ တွဲရက်ပါလာမှာ မဟုတ်ပါဘူး။ Active Pen အသုံးပြုချင်တယ် ဆိုရင်တော့ ထပ်ပြီးဝယ်ယူရမှာ ဖြစ်ပါတယ်။ Samsung Notebook 7 Spin (2018) ကို ကန်ဒေါ်လာ ၉၀၀ (မြန်မာငွေ ၁၂ သိန်း ဝန်းကျင်) နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။


This Article is contributed by Phyo Kyaw Swar.
References
GizMoChina Samsung Newsroom
About Author
Assinged Tags
Samsung Hybrid Laptop Notebook Samsung Notebook 7 Spin (2018) Samsung Notebook 9 Pen Samsung Notebook 9 (2018)
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed