Samsung Notebook 7 Spin (2018) Notebook အသစ်ကို မိတ်ဆက်ပေးလိုက်တဲ့ Samsung

date_range 11 January 2018

Samsung Notebook 7 Spin (2018) Notebook အသစ်ကို မိတ်ဆက်ပေးလိုက်တဲ့ Samsung

visibility 920 Views

                Samsung Electronics အနေနဲ့ Samsung Notebook 7 Spin (2018) ကို CES 2018 မကျင်းပမီမှာ ကြေငြာခဲ့ပြီး CES 2018 ပွဲမှာတော့ မိတ်ဆက်ပြသခဲ့ပါတယ်။ အသစ်ထွက်ရှိလာမယ့် Notebook 7 Spin (2018) ဟာ ၂၀၁၆ ခုနှစ်တုန်းက မိတ်ဆက်ပေးခဲ့တဲ့ Notebook 7 Spin ကို Upgrade ပြုလုပ်ထားတဲ့ Notebook မော်ဒယ်သစ် ဖြစ်ပါတယ်။

                အသစ်ထွက်ရှိလာမယ့် Notebook 7 Spin (2018) မှာ အရင်ထွက်ရှိထားတဲ့ Notebook 7 Spin လိုပဲ ၃၆၀ ဒီဂရီ လှည့်လို့ရမှာ ဖြစ်ပြီး Touchscreen အသုံးပြုထားမှာ ဖြစ်တဲ့အပြင် ဒီဇိုင်းပိုင်းမှာလည်း အရင်ဒီဇိုင်းကိုပဲ အသုံးပြုသွားမှာ ဖြစ်ပါတယ်။


                Notebook 7 Spin (2016) မော်ဒယ်ထက် ပိုပြီး ကောင်းမွန်သွားမယ့် အချက်တွေကတော့ Security ပိုင်းအတွက် Windows Hello ကိုအခြေခံထားတဲ့ Fingerprint Sensor ပါဝင်ပါမယ်။ Notes တွေ မှတ်သားဖို့ ဒါမှမဟုတ် Sketch တွေဆွဲဖို့အတွက် Active Pen အသုံးပြုနိုင်တဲ့ UI ပါဝင်လာမှာ ဖြစ်တဲ့အပြင် Studio Plus Software Built-In အနေနဲ့ ပါဝင်လာမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Notebook7 Spin(2018) နဲ့အတူ Active Pen တွဲရက်ပါလာမှာ မဟုတ်ပါဘူး။ Active Pen အသုံးပြုချင်တယ် ဆိုရင်တော့ ထပ်ပြီး ဝယ်ယူရမှာပဲ ဖြစ်ပါတယ်။

                Notebook 7 Spin (2018) မှာ နောက်ထပ် ပါဝင်လာတဲ့ Feature အသစ်တစ်ခုကတော့ တစ်ယောက် နဲ့ တစ်ယောက် စကားပြောတဲ့ အခါမျိုးမှာ ဒါမှမဟုတ် Meeting တွေမှာ Notes အနေနဲ့ ရေးမမှတ် ချင်ရင် Far Field Microphone ကို အသုံးပြုပြီး Voice Note အနေနဲ့ Record လုပ်ထားလို့ရမယ့် Voice Note Feature ဖြစ်ပါတယ်။ ဒါ့အပြင် Voice Note နဲ့ သိမ်းထားတဲ့ Voice Recording တွေကို Samsung Cloud မှာ သိမ်းထားလို့ ရဦးမှာပါ။


                Notebook 7 Spin (2018) ကို Notebook 7 Spin (2016) လို ၁၃.၃ လက်မ နဲ့ ၁၅.၆ လက်မ Display ဆိုပြီး Model နှစ်မျိုး အနေနဲ့ ထုတ်လုပ်ရောင်းချသွားမှာ မဟုတ်ပဲ ၁၃.၃ လက်မ Display မော်ဒယ် တစ်မျိုးတည်းသာ ရောင်းချသွားမှာပါ။

                Samsung Notebook 7 Spin (2018) မှာ ၁၃.၃လက်မ Full-HD (1920x1080 Pixels) PLS Display ကို အသုံးပြုထားပါတယ်။ Notebook ရဲ့ ကိုယ်ထည်ပိုင်းအတွက်ကိုတော့ A/C Metal Body ကို အသုံးပြုထားပါတယ်။ Processor ကိုတော့ 8th Generation Intel Core i5 Processor အသုံးပြု ထားပြီး RAM အနေနဲ့ 8GB ပါဝင်မှာ ဖြစ်ပါတယ်။ Storage Space အနေနဲ့ 256GB SSD ပါဝင်ပြီး Battery ပိုင်းမှာတော့ 43Wh Battery ကို အသုံးပြုထားမှာပါ။


                Samsung Notebook 7 Spin (2018) ဟာ အရွယ်အစား အနေနဲ့ 315.8 x 215.4 x 18.5 mm ရှိမှာ ဖြစ်ပြီး ၁.၅၃ ကီလိုဂရမ် အလေးချိန် ရှိမှာပဲ ဖြစ်ပါတယ်။ Connectivity ပိုင်းမှာတော့ USB Type-C Port 1 ခု၊ USB 3.0 Port 1 ခု၊ USB 2.0 Port 1 ခု၊ Microphone နဲ့ HDMI Port တို့ ပါဝင်မှာပဲ ဖြစ်ပါတယ်။

                Samsung Notebook 7 Spin (2018) မှာ 1.5mm Keystroke, Curved Keycap စတဲ့ Feature တွေပါတဲ့ Backlit Keyboard ကို အသုံးပြုထားပြီး Touchpad အတွက် Precision Touchpad ကို အသုံးပြုထားပါတယ်။ Video Call ခေါ်ဆိုနိုင်ဖို့အတွက်လည်း VGA Front Camera တစ်လုံး ပါဝင်မှာ ဖြစ်ပါတယ်။

                Security Feature တွေအနေနဲ့ Windows Hello ကိုအခြေခံထားတဲ့ Fingerprint Sensor အပြင် Privacy Folder ဆိုတဲ့ Feature တစ်ခုလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ Samsung Notebook 7 Spin (2018) 2-In-1 Laptop ကို ၂၀၁၈ အစောပိုင်းမှာ ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်ပေမယ့် တရားဝင် ဖြန့်ချီမယ့်ရက်နဲ့ စျေးနှုန်းကိုတော့ Samsung က ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။

This Article is contributed by Phyo Kyaw Swar.
References
Gadget NDTV
About Author
Assinged Tags
Samsung Notebook Samsung Notebook 7 Spin (2018)
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed