Game ကစားဖို့အတွက် အသင့်တော်ဆုံး Graphic Setting အလိုအလျောက် ချိန်ပေး မယ့် Graphic Driver အသစ်ကို မိတ်ဆက်ပေးလိုက်တဲ့ Intel

date_range 19 February 2018

Game ကစားဖို့အတွက် အသင့်တော်ဆုံး Graphic Setting အလိုအလျောက် ချိန်ပေး မယ့် Graphic Driver အသစ်ကို မိတ်ဆက်ပေးလိုက်တဲ့ Intel

visibility 720 Views

                PC တွေ၊ Laptop တွေရဲ့ Processor မှာပါတဲ့ Built-In Graphic နဲ့ ဂိမ်းအကြီးတွေ ကစားဖို့ဆိုတော့ Graphic Setting ကို ကျွမ်းကျွမ်းကျင်ကျင် ချိန်နိုင်ဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Built-In Graphic တွေဟာ Standalone Graphic Card တွေလောက် မကောင်းမွန်လို့ပါပဲ။

                ဒါကြောင့်မို့လို့ ကျွန်တော်တို့ အနေနဲ့ Built-In Graphic ကို အသုံးပြုပြီး ဂိမ်းအကြီးတွေ ကစားမယ်ဆို ရင် ကျွန်တော်တို့ PC တွေ၊ Laptop တွေမှာ အဆင်ပြေတဲ့ Resolution နဲ့ အထစ်အငေါ့မရှိပဲ ကစား နိုင်ဖို့အတွက် Graphic Setting ကို ကျွမ်းကျွမ်းကျင်ကျင် ချိန်တတ်ဖို့ လိုအပ်တာပါ။

                ဒါပေမယ့် အခုအခါမှာတော့ Graphic Setting အကြောင်းကို ဘာမှနားမလည်ဘူး၊ ဂိမ်းပဲဆော့တတ် တယ် ဆိုတဲ့သူတွေ၊ ဂိမ်းအကြီးတွေဆော့ချင်တယ် ဒါပေမယ့် NVidia တွေ၊ Radeon Graphic Card တွေပါတဲ့ PC တွေ၊ Laptop တွေ ဝယ်ဖို့အဆင်မပြေဘူး၊ Built-In Graphics နဲ့ပဲ ဆော့လို့အဆင်ပြေတယ်ဆိုတဲ့ Gamer တွေအတွက်ပါ အဆင်ပြေစေမယ့် Graphic Driver သစ်ကို Intel က မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

                ဒီ Graphic Driver သစ်က သိပ်တော့ မထူးဆန်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Nvidia ရဲ့ GeForce Experience နဲ့ AMD ရဲ့ Adrenalin တို့လို Laptop ဒါမှမဟုတ် PC မှာ အသုံးပြုထားတဲ့ Graphic Card နဲ့ လိုက်ဖက်မယ့် Game Graphics Setting ကို အလိုအလျောက် ညှိပေးမယ့် Tool တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ Graphic Driver ဟာ ဂိမ်းကစားဖို့အတွက် ထုတ်လုပ်ထားတာ မဟုတ်တဲ့ Laptop တွေမှာပါ အဆင်ပြေတဲ့ Graphic Setting နဲ့ ဂိမ်းကစားနိုင်ဖို့အတွက် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                PC World မှ ဖေါ်ပြထားချက်များအရ အခု မိတ်ဆက်ပေးလိုက်တဲ့ Intel Graphic Control Center Software ကို Skylake (6th Gen) နဲ့အထက် Processor အားလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် Intel နဲ့ AMD ပူးပေါင်း ထုတ်လုပ်ထားတဲ့ Radeon Vega Graphic Built-In ပါဝင်မယ့် "Kaby Lake G" Processor အသုံးပြုထားတဲ့ Laptop တွေမှာပါ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ Intel ရဲ့ Kaby Lake G Processor ကို HP ရဲ့ Spectre x360 15၊ Dell ရဲ့ XPS 15 2-In-1 Laptop တွေမှာ အသုံးပြုထားပါတယ်။

                Intel ရဲ့ ပြောကြားချက်များအရ Graphics Driver နဲ့အတူ ပါဝင်လာတဲ့ Graphic Control Center ဟာ လက်ရှိအချိန်မှာ Beta Version အဆင့်သာ ရှိသေးတယ်လို့ သိရပါတယ်။ Beta အဆင့်သာ ရှိသေးတာကြောင့် လက်ရှိအချိန်မှာတော့ ဂိမ်းအားလုံးကို Support လုပ်ပေးနိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

                Battlefield 1, Battlefield 4, American Truck Simulator, Call Of Duty WWII, Destiny 2, Dota 2, GTA V, LOL, Overwatch, World Of Tanks စတဲ့ ဂိမ်းတွေကိုတော့ 6th Generation နဲ့ အထက် Processor တွေ အသုံးပြုထားတဲ့ PC တွေ၊ Laptop တွေမှာ Intel Graphic Control Center ကနေ တစ်ဆင့် Setting ချိန်နိုင်မှာဖြစ်ပြီး Graphic HD 620 နဲ့ အထက် အသုံးပြုထားတဲ့ Processor တွေဖြစ်တဲ့ 7th Gen (Kaby Lake), 8th Gen (Coffee Lake) Processor တွေမှာတော့ အထက်ပါ ဂိမ်းတွေ အပြင် Fortnite: Battle Royale, They Are Billions, Lost Sphear, Age Of Empires: Definitive Edition, Final Fantasy XII: The Zodiac Age HD, OK KO: Let’s Play Heroes, Subnautica, Legrand Legacy: Tale Of The Fatebounds, Dragon Ball Fighter Z စတဲ့ ဂိမ်းတွေ အတွက်ပါ Graphic Setting ချိန်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

                Intel ရဲ့ High-End Graphic ဖြစ်တဲ့ Iris Pro Graphic အသုံးပြုထားတဲ့ Processor တွေမှာတော့ အထက်မှာ ဖော်ပြထားတဲ့ ဂိမ်းတွေအပြင် Kingdom Come: Deliverance, Street Fighter V: Arcade Edition, Meta Gear Survive စတဲ့ ဂိမ်းတွေအတွက်ပါ Intel Graphic Control Center ကနေတစ်ဆင့် Setting ချိန်နိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာ မပါဝင်သေးတဲ့ ဂိမ်းတွေကိုလည်း မကြာမီ အချိန်အတွင်းမှာ ဖြည့်ပေးသွားမှာ ဖြစ်တယ်လို့ Intel က ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် gameplay.intel.com ကနေတစ်ဆင့် လက်ရှိအချိန်မှာ မပါဝင်သေးတဲ့ ဂိမ်းတွေအတွက် အသင့်တော်ဆုံး Graphic Setting ကို သွားရောက် လေ့လာနိုင်ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
The Verge PC World
About Author
Assinged Tags
Intel Graphics Card Graphics Settings Graphics Cards Kaby Lake G
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed