Integrated RX Vega M Graphic ပါဝင်မယ့် Intel 8th Gen Core CPU ကို အသုံးပြု ထားတဲ့ XPS 15 2-In-1 Laptop အသစ်ကို Dell မိတ်ဆက်

date_range 10 January 2018

Integrated RX Vega M Graphic ပါဝင်မယ့် Intel 8th Gen Core CPU ကို အသုံးပြု ထားတဲ့ XPS 15 2-In-1 Laptop အသစ်ကို Dell မိတ်ဆက်

visibility 520 Views

                မကြာသေးခင် အချိန်က Intel အနေနဲ့ AMD နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ Integrated RX Vega M Graphic ပါဝင်မယ့် Intel 8th Gen Core CPU  အသစ်ကို CES 2018 မှာ တရားဝင် မိတ်ဆက်ပေးခဲ့ပြီး Dell နဲ့ HP တို့ရဲ့ အသစ်ထွက်လာမယ့် Laptop တွေမှာ အသုံးပြုသွားမယ်လို့ ပြောခဲ့ပါတယ်။ ပြောခဲ့တဲ့အတိုင်းပါပဲ Dell အနေနဲ့ Intel 8th Gen Core CPU အသုံးပြုထားတဲ့ Dell XPS 15 2-In-1 Laptop အသစ်ကို CES 2018 မှာ တရားဝင် မိတ်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။


                Dell ကတော့ XPS 15 2-In-1 Laptop ကို သေးငယ်ပေမယ့် စွမ်းဆောင်ရည်မြင့်မားတဲ့ Laptop လို့ ကြွားလုံးထုတ်ထားပါတယ်။ အသစ်ထွက်ရှိထားတဲ့ Integrated Radeon RX Vega M Graphic ပါဝင်မယ့် Intel 8th Gen Core CPU ကို အသုံးပြုထားတဲ့ အတွက်ကြောင့် Motherboard အရွယ်အစားကို ၅၀ ရာခိုင်နှုန်း လျှော့ချပစ်လိုက်နိုင်တယ်လို့ Dell က ထပ်မံ ပြောကြား သွားခဲ့ပါတယ်။


                Dell XPS 15 2-In-1 Laptop အသစ်ကို Full-HD Display နဲ့ 4K UHD Display ဆိုပြီး အမျိုးအစား ၂ မျိုး ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Screen အမျိုးအစား ၂ ခုလုံးမှာ RGB Colour Gamut ကို ၁၀၀ ရာခိုင်နှုန်း Support လုပ်ပေးသွားမယ်လို့ သိရပါတယ်။ Dell XPS 15 2-In-1 Laptop တွေဟာ မျက်နှာပြင် အရွယ်အစား အနေနဲ့ ၁၅ လက်မ ရှိမှာဖြစ်ပြီး အထူကတော့ 16mm သာ ရှိမှာဖြစ်ပါတယ်။ 16mm သာ ထူတဲ့အတွက် အသစ် ထွက်ရှိလာမယ့် Dell XPS 15 2-In-1 Laptop အသစ်တွေဟာ MacBook Pro 2017 နီးပါး ပါးလွှာမှာပဲ ဖြစ်ပါတယ်။ Battery Life ကတော့ ၁၅ နာရီ ကြာခံမယ်လို့ Dell က ပြောထားပါတယ်။


                ဒါ့အပြင် Dell ရဲ့ Active Pen Stylus ကိုလည်း XPS 15 2-In-1 Laptop တွေမှာ Support လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Intel က အသစ် ထွက်ရှိထားတဲ့ 8th Gen Core CPU တွေကို Laptop တွေအတွက် Processor အမျိုးအစား ၃ မျိုး ထုတ်လုပ်ထားတာဖြစ်ပေမယ့် Dell XPS 15 2-In-1 Laptop မှာ အသုံးပြုထားတဲ့ Processor အမျိုးအစားကို တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။


                နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်က အသစ်ထွက်ရှိလာမယ့် XPS 15 2-In-1 Laptop တွေရဲ့ ကိုယ်ထည်ကိုသံလိုက်နဲ့ တည်ဆောက်ထားတဲ့အချက် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Active Pen ကို Laptop မှာ ကပ်ပြီး သယ်ဆောင်သွားလို့ ရနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် XPS 15 2-In-1 Laptop တွေမှာ Keyboard အတွက် MagLev Keyboard အသစ်ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ MagLev Keyboard အသစ်မှာ အရင်တုန်းက Keyboard တွေလို Scissor-Switch ဒါမှမဟုတ် Rubber Dome-Switch ကို အသုံးပြုထားတာမဟုတ်ပဲ သံလိုက်ကို အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Magnet-Switch ကို အသုံးပြုလိုက်တဲ့ အတွက် Key Travel Time ပိုမြန်သွားမှာ ဖြစ်ပြီး Portable အရသာကို ပိုမို ခံစားနိုင်လာမယ်လို့ Dell က ဆိုပါတယ်။

                XPS 15 2-In-1 Laptop ဟာဆိုရင် ၁၅.၆ လက်မ အရွယ်အစားရှိတဲ့ 2-In-1 Laptop တွေထဲမှာ အသေးဆုံးနဲ့ အပါးဆုံး Laptop တစ်လုံးဖြစ်တယ်လို့ Dell က ဆိုထားပါသေးတယ်။ Dell XPS 15 2-In-1 Laptop တွေကို ဧပြီလကနေ စတင်ပြီး အမေရိကန်နိုင်ငံမှာ အမေရိကန်ဒေါ်လာ ၁၂၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV Engadget
About Author
Assinged Tags
Dell Hybrid Laptop Dell Laptop Intel AMD AMD Graphics Dell XPS 15
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed