Integrated Radeon RX Vega Graphic ပါဝင်မယ့် Intel 8th Gen Core CPU တွေကို CES 2018 မှာ တရားဝင် မိတ်ဆက်ပေးလိုက်တဲ့ Intel

date_range 08 January 2018

Integrated Radeon RX Vega Graphic ပါဝင်မယ့် Intel 8th Gen Core CPU တွေကို CES 2018 မှာ တရားဝင် မိတ်ဆက်ပေးလိုက်တဲ့ Intel

visibility 560 Views

                Intel အနေနဲ့  ၂၀၁၇ နိုဝင်ဘာလထဲက AMD နဲ့ ပူးပေါင်းပြီး Integrated Radeon Graphic ပါဝင်တဲ့ Mobile 8th Gen Core CPU တွေကို ထုတ်လုပ်တော့မယ်လို့ ကြေငြာထားခဲ့သလို မကြာသေးမီအချိန်ကလည်း Intel India မှာ Core i7-8809G နဲ့ ပတ်သတ်တဲ့ အချက်အလက်တချို့ကို မှားယွင်းဖေါ်ပြခဲ့မိတဲ့ Intel ဟာ မနေ့က ကျင်းပခဲ့တဲ့ CES 2018 ပွဲမှာ Integrated Radeon RX Vega Graphic ပါဝင်မယ့် Intel 8th Gen Core CPU တွေနဲ့ ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကို တရားဝင် မိတ်ဆက်ပေးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

                Radeon RX Vega M Graphic ပါဝင်တဲ့ 8 Gen Core Processors တွေကို G-Series Processor တွေလို့ အမည်ပေးထားပြီး Processor အမျိုးအစား ၅ မျိုး ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်ပါတယ်။ RX Vega M GL Graphic Card ပါဝင်တဲ့ Processor သုံးမျိုးကို Gaming Laptop တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပြီး RX Vega M GH Graphic ပါဝင်တဲ့ Processor ၂ မျိုးကိုတော့ Desktop Version မှာ အသုံးပြုလို့ ရနိုင်မှာ ဖြစ်ပါတယ်။ အမျိုးအစား ၅မျိုးလုံးမှာ Radeon RX Vega M Graphic အပြင် Intel ရဲ့ HD Graphic 630 လည်း Built-In အနေနဲ့ ပါဝင်မှာ ဖြစ်ပါတယ်။ Radeon Vega Graphic ကို GPU အသုံးပြုမှု လိုအပ်တဲ့ အချိန်တွေမှာ အသုံးပြုသွားမှာဖြစ်ပြီး GPU အသုံးပြုမှု သိပ်မလိုအပ်တဲ့ နေရာတွေမှာ Intel HD Graphic 630 ကို အသုံးပြု ပေးသွားမှာပဲ ဖြစ်ပါတယ်။


                Desktop Version Processor ၂ မျိုး အတွက် ပါဝါစားနှုန်းကို 100W သတ်မှတ်ထားပြီး High-End Laptop တွေမှာ အသုံးပြုနိုင်မယ့် Processor ၃ မျိုးအတွက် ကိုတော့ ပါဝါစားနှုန်း 65W သတ်မှတ်ထားပါတယ်။ အသစ်ထွက်ရှိလာမယ့် Processor ၅ မျိုးလုံးမှာ 8 Gen Core CPU နဲ့ AMD Graphic Card နှစ်ခုလုံး ပါဝင်မှာ ဖြစ်တာကြောင့် အရင် Intel က ထုတ်လုပ်ထားတဲ့ Processor တွေနဲ့ ယှဥ်မယ်ဆိုရင် အရွယ်အစားပိုင်းမှာ သိသိသာသာ ကြီးမားနေမှာ ဖြစ်ပေမယ့် Processor အမျိုးအစား ၅ မျိုးလုံးရဲ့ အရွယ်အစားကတော့ တူညီမယ်လို့ သိရပါတယ်။

 

                လွန်ခဲ့တဲ့ သုံးနှစ်က ထွက်ရှိထားတဲ့ Core i7-4720 CPU နဲ့အတူ Nvidia GeForce GTX 950M ပါဝင်တဲ့ Laptop တွေထက် အခုအသစ် ထွက်ရှိလာမယ့် Processor တွေဟာ Productivity ပိုင်းမှာ ၁.၆ ဆ၊ Graphics ပိုင်းမှာ ၂.၃ ဆ၊ Video Transcoding ပိုင်းမှာ ၆.၇ ဆ စသည်ဖြင့် ပိုမို မြန်ဆန်မှာ ဖြစ်သလို Core i5-7850 နဲ့ GeForce GTX 1050 အသုံးပြုထားတဲ့ System ထက်တောင် Overall Performance မှာ ၁.၄ ဆ ပိုမိုကောင်းမွန်တယ်လို့ Intel က ဆိုထားပါတယ်။


                Processor အမျိုးအစား ၅ မျိုးထဲက ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ Core i7-8809G ဟာဆိုရင် Desktop Version G-Series Processor တစ်ခု ဖြစ်ပြီး ကောလာဟလတွေမှာ ပေါက်ကြားခဲ့တဲ့ Specifications တွေအတိုင်း ထွက်ပေါ်လာခဲ့ပါတယ်။ Base Frequency 3.1 GHz, Boost Frequency 4.2 GHz ကို Support လုပ်ပေးသွားမှာဖြစ်သလို Overclock လုပ်လို့ ရနိုင်မှာပဲ ဖြစ်ပါတယ်။ Desktop Version G-Series Processor တွေထဲက နောက်ထပ် Processor တစ်ခုဖြစ်တဲ့ Core i7-8709G Processor မှာတော့ Base Frequency 3.1GHz, Boost Frequency 4.1GHz အထိ Support လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် Core i7-8709G ကို Overclock လုပ်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ Core i7-8809G နဲ့ Core i7-8709G Processor နှစ်မျိုးလုံးမှာ Hyper-Threading နည်းပညာ အသုံးပြုထားတဲ့ CPU Core လေးခုပါဝင်မှာဖြစ်ပြီး Cache Memory 8MB ပါဝင်မှာ ဖြစ်ပါတယ်။ Graphic ပိုင်းမှာတော့ Processor နှစ်မျိုးလုံးအတွက် 1063MHz နဲ့ 1190MHz ကြားမှာ Run နိုင်မယ့် 1536 Stream Processors တွေထည့်သွင်းထားပြီး Compute Units ၂၄ ခု ပါဝင်တဲ့ RX Vega M GH GPU ကို အသုံးပြုထားပါတယ်။


                Laptop တွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Core i7-8706G, Core i7-8705G, Core i5-8305G တို့မှာတော့ Hyper-Threading နည်းပညာအသုံးပြုထားတဲ့ Quad-Core Processor တွေကို အသုံးပြုထားပါတယ်။ i7-8706G နဲ့ i7-8705G တို့မှာတော့ Base Frequency 3.1GHz, Boost Frequency 4.1GHz ကို Support လုပ်ပေးသွားမှာဖြစ်ပြီး Cache Memory 8MB ပါဝင်မှာ ဖြစ်ပါတယ်။ i5-8305G မှာ Base Frequency 2.8GHz, Boost Frequency 3.8GHz ကို Support လုပ်ပေးသွားမှာဖြစ်ပါတယ်။ Cache Memory အနေနဲ့ 6MB ပါဝင်မှာပါ။ Processor ၃ မျိုးလုံးအတွက် Graphic ပိုင်းမှာ 931MHz နဲ့ 1011MHz ကြား Run နိုင်မယ့် 1280 Stream Processors တွေထည့်သွင်းထားပြီး Compute Unit ၂၀ ခု ပါဝင်တဲ့ Radeon RX Vega M GL GPU ကို အသုံးပြုထားပါတယ်။ အသစ်ထွက်ရှိလာမယ့် Processor အမျိုးအစား ၅ မျိုးလုံးမှာ Core i7-8706G တစ်မျိုးသာ Intel ရဲ့ vPro Technology ကို Support လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။


                အသစ်ထွက်ရှိလာမယ့် Processor ငါးမျိုးလုံး အနေနဲ့ DDR4-2400 RAM Channel ၂ ခု ကို Support လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။Radeon Vega M GPU အမျိုးအစား ၂ မျိုးလုံး မှာ HBM2 Memory 4 GB ပါဝင်မှာ ဖြစ်ပါတယ်။ GPU ကို PCIe 3.0 လမ်းကြောင်း ရှစ်ခုကနေတစ်ဆင့် CPU Cores တွေနဲ့ ချိတ်ဆက်ထားပါတယ်။ GPU အမျိုးအစား ၂ ခုလုံး အနေနဲ့ 4K Display ၆ ခု ကို Support လုပ်ပေးနိုင်မှာဖြစ်ပြီး နောက်ထပ် Additional Display ၃ ခု ကိုတော့ Intel GPU က Support လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် GPU အမျိုးအစား ၂ မျိုးလုံးအတွက် AMD ရဲ့ Radeon Software Adrenalin Edition Driver Features တွေအားလုံးကို Support လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ GPU Efficiency ပိုမို ကောင်းမွန်စေရန်အတွက် Radeon Chill, GPU Overclocking လုပ်ဖို့အတွက် Wattman, Screen Recording အတွက် Radeon ReLive, Display Refresh Rate ပိုမို ကောင်းမွန်စေဖို့ Freesync စတဲ့ Feature တွေကို အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။


                အခုအချိန်မှာတော့ Core i7-8706G, Core i7-8705G, Core i5-8305G Processor အသုံးပြုထားတဲ့ Laptop တွေကို Dell နဲ့ HP တို့က 2-in-1 Laptop တွေအနေနဲ့ ပထမဆုံး ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ Specifications နဲ့ စျေးနှုန်းကိုတော့ တရားဝင် ထုတ်ပြန် ကြေငြာခြင်း မရှိသေးပါဘူး။ Core i7-8809G နဲ့ Core i7-8709G ဟာဆိုရင် Desktop Version လို့ပြောထားပေမယ့် ပုံမှန် Motherboard တွေမှာ ထည့်သွင်းအသုံးပြုလို့ရနိုင်မှာမဟုတ်ပါဘူး။ BGA Package အနေနဲ့ပဲ ဝယ်ယူလို့ရနိုင်မှာပဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ Core i7-8809G နဲ့ Core i7-8709G တို့ကို Onboard Processor အနေနဲ့ ရောင်းချသွားမှာပဲ ဖြစ်ပါတယ်။


                ဒါ့အပြင် Core i7-8809G နဲ့ Core i7-8705G Processor တွေကို Intel ရဲ့ NUC (Mini PC) အနေနဲ့လည်း ရောင်းချသွားမှာ ဖြစ်ပါတယ်။ Intel ရဲ့ NUC မျိုးဆက်သစ်ဖြစ်လာမယ့် Hades Canyon ဟာ ၂၀၁၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Intel ရဲ့ NUC အမျိုးအစား Skull Canyon ထက် အရွယ်အစားပိုင်းမှာ ပိုကြီးပြီး ပိုရှည်သွားမှာ ဖြစ်ပါတယ်။ Hades Canyon ကို 100W Core i7-8809G + RX Vega M GH Graphics, 65W Core i7-8705G + RX Vega M GL Graphics စတဲ့ Version ၂ မျိုး (NUC8i7HVK, NUC8i7HNK) အနေနဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ NUC8i7HVK ဟာဆိုရင် Intel ရဲ့ အသေးငယ်ဆုံး VR အသုံးပြုနိုင်တဲ့ PC တစ်လုံးဖြစ်ပြီး ခေတ်ပေါ်ဂိမ်းတွေကို 1920x1080 Resolution မှာ 60fps အကျော်ထိရရှိအောင် စွမ်းဆောင်နိုင်တယ်လို့ သိရပါတယ်။


                Version ၂ မျိုးလုံးမှာ DDR4 2400 RAM Slot နှစ်ခုပါဝင်မှာဖြစ်ပြီး M.2 PCIe SSD Slot ၂ ခု ပါဝင်မှာဖြစ်ပါတယ်။ Model 2 ခုလုံးရဲ့ Back Panel မှာ Thunderbolt Port (40Gbps) 2 ခု၊ Gigabit Ethernet Port 2 ခု၊ Mini Display Port 2 ခု၊ USB 3.1 Type-A Port 3 ခု၊ HDMI Port တစ်ခု နဲ့ hybrid 3.5mm/optical Audio Jack တစ်ခုပါဝင်မှာပဲ ဖြစ်ပါတယ်။ Front Panel မှာတော့ USB Type-C, USB Type-A, Charging အတွက် USB Type-A, HDMI Port, Headphone Jack နဲ့ SDXC Slot တို့ပါဝင်ပါတယ်။ Intel အနေနဲ့ အသစ်ထွက်ရှိလာမယ့် NUC Model အသစ်နှစ်ခု ကို ဘယ်အချိန်မှာ ရောင်းချသွားမယ်ဆိုတာကိုတော့ တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။


This Article is contributed by Phyo Kyaw Swar. 
References
Gadgets NDTV Engadget
About Author
Assinged Tags
Intel Processor Intel Core i7 Intel 8th Generation Intel Core
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed