Mac Support ပါဝင်လာတဲ့ Titan Xp Graphics Card အသစ်ကို Nvidia မိတ်ဆက်

date_range 07 April 2017

Mac Support ပါဝင်လာတဲ့ Titan Xp Graphics Card အသစ်ကို Nvidia မိတ်ဆက်

visibility 300 Views

                Nvidia ဟာ မနှစ်ကထွက်ရှိခဲ့တဲ့ Pascal Architecture သုံး Titan X ကတ်ကို Update လုပ်ထားတဲ့ Titan Xp Graphics Card အသစ်ကို ယနေ့ပဲ စတင် မိတ်ဆက်လိုက်ပါတယ်။ စျေးနှုန်းကတော့ ဒေါ်လာ ၁,၂၀၀ အထိရှိပြီး၊ မနှစ်ကထွက်ထားတဲ့ Titan X ကတ်စျေးနဲ့ အတူတူပါပဲ။

                ကမ္ဘာမှာ စွမ်းဆောင်ရည်အမြင့်ဆုံး Graphics Card လို့ Nvidia က ကြွေးကြော်ထားတဲ့ Titan Xp ဟာ Pascal Architecture GP102 Chip သုံး Graphics Card တစ်ခုဖြစ်ပြီး၊ unlocked လုပ်ပြီးသား CUDA cores 3,840 အထိ ပါရှိပါတယ်။ Titan Xp အရင်ထွက်ထားတဲ့ GTX 1080 Ti ကတ်တုန်းက 3,584 ပါရှိတာကြောင့် Cores အရေအတွက်ကတော့ သိပ်မကွာပါဘူး။

                Memory Speed မှာတော့ မနှစ်ကထွက်ထားတဲ့ Titan X ကတ်ထက် ပိုများလာတာတွေ့ရပြီး၊ 10GHz ကနေ 11.4 GHz အထိ ဖြစ်လာပါတယ်။ Memory ပမာဏကတော့ 12GB GDDR5X RAM ဆိုတော့ အတူတူပါပဲ။ Base Clock Speed က 1417MHz ကနေ Max Clock Speed က 1531MHz အထိ ရှိပါတယ်။ 

                ဒီနှစ်ထွက်လာတဲ့ Titan card ရဲ့ ထူးခြားတာကတော့ Pascal Beta Drivers တွေနဲ့အတူ Mac Support ပေးလိုက်တာပါ။ Pascal Beta Drivers တွေကို 10-Series ကတ်တွေအကုန်လုံးအတွက်လည်း ထုတ်ပေးမှာဖြစ်ပြီး၊ ယခုလ (ဧပြီ) အတွင်း ထုတ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

                Apple ဘက်ကလည်း Hardware Upgrade ပိုအဆင်ပြေပြေလုပ်လို့ရတဲ့ Mac Pro တွေကို ထုတ်ပေးဖို့ ရှိတယ်ဆိုတော့ Nvidia ဘက်ကလည်း ဒီလို Performance အမြင့်ဆုံး Graphics Card တွေကို Mac Support ပေးလိုက်တာက Mac ပရိတ်သတ်တွေ သဘောကျမှာပါ။

                Titan Xp ကတ်ကို အလူမီနီယံကို အရည်ကြိုပြီး ပုံစံလောင်းသွင်းထားတဲ့ ကိုယ်ထည်နဲ့ ပြုလုပ်ထားကာ၊ Vapor Chamber Cooling နည်းပညာပါ  ပါဝင်မှာဖြစ်ပြီး၊ ယနေ့ပဲ Nvidia Website ကနေ ဝယ်ယူနိုင်ပါပြီ။ Titan Xp ကတ်အသစ်ရဲ့ Specifications အပြည့်အစုံကို Nvidia Website မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

References
Ars Technica
About Author
Assinged Tags
Nvidia Mac Pro Nvidia Titan Xp Graphics Card
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed