လက်ရှိအချိန်မှာ Meltdown, Spectre တို့နဲ့ ပက်သက်ပြီး တရားစွဲဆိုမှု ၃၂ ခုနဲ့ ရင်ဆိုင်နေရကြောင်း Intel ကြေငြာ

date_range 19 February 2018

လက်ရှိအချိန်မှာ Meltdown, Spectre တို့နဲ့ ပက်သက်ပြီး တရားစွဲဆိုမှု ၃၂ ခုနဲ့ ရင်ဆိုင်နေရကြောင်း Intel ကြေငြာ

visibility 440 Views

                ဒီနေ့မှာတော့ Intel အနေနဲ့ လက်ရှိအချိန်မှာ Intel ဟာ Meltdown, Spectre နဲ့ ပက်သက်လို့ တရားစွဲဆိုမှုပေါင်း ၃၂ ခုနဲ့ ရင်ဆိုင်နေရကြောင်း တရားဝင် ကြေငြာခဲ့ပါတယ်။ Intel Website မှာတော့

                “၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ Intel ဟာ အသုံးပြုတွေရဲ့ တန်ကြေးမြင့် တရားစွဲဆိုမှု ၃၀ ခုနဲ့ တန်ကြေးမြင့် လုံခြုံရေးဆိုင်ရာ တရားစွဲဆိုမှု ၂ ခု၊ စုစုပေါင်း ၃၂ ခုနဲ့ ရင်ဆိုင်နေရပါတယ်”

လို့ ရေးသားထားပါတယ်။

                ဒါတွေတင် မကသေးပါဘူး Intel မှာ ရှယ်ယာထည့်ဝင်ထားတဲ့ ရှယ်ယာရှင်တွေ တစ်ယောက်ချင်းစီကလည်း Meltdown နဲ့ Spectre တို့အကြောင်း အသုံးပြုသူတွေနဲ့ မီဒီယာတွေကို ဖွင့်မပြောရသေးခင် CEO Brian Krzanich က ရှယ်ယာတွေကို ထုတ်ရောင်းခဲ့တဲ့အတွက်ကြောင့် ကုမ္ပဏီတွင်း စစ်ဆေးမှုတွေလည်း ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

                အနာဂါတ်မှာလည်း Meltdown နဲ့ Spectre တို့နဲ့ ပက်သက်လို့ တရားစွဲဆိုမှုတွေ ရှိလာဦးမှာ ဖြစ်တဲ့အတွက် အခုတရားစွဲဆိုမှု အရေအတွက်က Intel အတွက်တော့ ရင်ခုန်စရာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီ Flaw နှစ်ခုကို အသုံးပြုသူတွေနဲ့ မီဒီယာတွေ စပြီး သိရှိခဲ့တဲ့ အချိန်တုန်းက Intel ဘက်က ပွင့်ပွင့်လင်းလင်း မရှိခဲ့တာကြောင့်လည်း ပိုဆိုးလာနိုင်ပါတယ်။

                Intel အနေနဲ့ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်နေရသလို Meltdown, Spectre တို့အတွက် Security Patch တွေ ထုတ်ပေးရာမှာလည်း အဆင်မပြေခဲ့ပါဘူး။ စစခြင်း ထုတ်ပေးခဲ့တဲ့ Patch တွေမှာ စက်ကို ခဏခဏ Reboot ချပစ်တဲ့ Bug တွေ ပါဝင်ခဲ့ပြီး အခုအချိန်ထိအောင်လည်း ဒီ Bug ကို မဖြေရှင်းနိုင်သေးပါဘူး။ ဒါကြောင့်လည်း စိတ်မရှည်တော့တဲ့ Microsoft ဘက်ကပဲ ဒီ Security Patch ကို Disable လုပ်ပစ်မယ့် Emergency Windows Update ကို ထုတ်ပေးခဲ့ရတာပါ။ 

                လက်ရှိအချိန်မှာတော့ Skylake Processor တွေအတွက် Firmware Update ပြန်ထုတ်ပေးနေပြီး Broadwell နဲ့ Haswell Processor တွေအတွက်ကိုတော့ ဆက်လက်စမ်းသပ်နေတုန်းပဲလို့ သိရပါတယ်။ Intel အနေနဲ့ Security Patch တွေမြန်မြန်နဲ့ မှန်မှန်ကန်ကန် ထုတ်ပေးနိုင်ဖို့အတွက် ကြိုးစားနေရသလို အနာဂါတ်မှာလည်း Meltdown, Spectre တို့လို Security Flaw အကြီးစားတွေကို ကြိုတင်သိရှိနိုင်စေဖို့အတွက် Bug Bounty Program ကိုလည်း တိုးချဲ့ထားတယ်လို့ သိရပါတယ်။

References
The Verge The Hacker News
About Author
Assinged Tags
Security Intel Processor CPU Software Update CPU Hijack Security Flaw Meltdown Spectre CPU Security Flaw
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed