အမှန်ခြစ်ပေးစရာတောင်မလိုတော့ဘဲ လူသားနဲ့ Bot ကို အလိုအလျောက်ခွဲခြားပေးမယ့် Google ရဲ့ reCAPTCHA စနစ်အသစ်

date_range 12 March 2017

အမှန်ခြစ်ပေးစရာတောင်မလိုတော့ဘဲ လူသားနဲ့ Bot ကို အလိုအလျောက်ခွဲခြားပေးမယ့် Google ရဲ့ reCAPTCHA စနစ်အသစ်

visibility 520 Views

                အင်တာနက်အသုံးပြုသူ တော်တော်များများ Sign Up ဝဘ်စာမျက်နှာတွေမှာ CAPTCHAs လို့ ခေါ်တဲ့ လူနဲ့ Bot ခွဲခြားစစ်ဆေးတဲ့စနစ်ကို အကြိမ်ပေါင်း ထောင်သောင်းချီမက တွေ့ဖူးကြမယ်လို့ ထင်ပါတယ်။

                အခုအသုံးပြုနေတဲ့လူက လူသားအစစ်တစ်ယောက် ဖြစ်ကြောင်း သက်သေပြဖို့အတွက် ပုံသဏ္ဍာန်ဖျက်ထားတဲ့ စာလုံး၊ နံပါတ်တွေကို အမှန်အတိုင်းပြန်ရေးပြရတာ၊ ဓာတ်ပုံလေးထောင့်ကွက်ထဲမှာ Object ပါတဲ့ ပုံတွေကိုပဲ ရွေးခိုင်းတာ စသဖြင့် စစ်ဆေးတဲ့နည်းလမ်းတွေအာလုံးကို CAPTCHA ( Completely Automated Public Turing Test to tell Computers And Humans Apart) လို့ ခေါ်ပါတယ်။

                CAPTCHA ဝန်ဆောင်မှုတွေထဲမှာ အသုံးအများဆုံးတစ်ခုကတော့ Google ရဲ့  noCAPTCHA reCAPTCHA ဆိုတဲ့ စနစ်ဖြစ်ပြီး၊ User တွေအတွက် အလွယ်ဆုံးနဲ့ အမြန်ဆုံးနည်းလမ်းပါ။ ဒီနည်းလမ်းမှာ User အနေနဲ့ စာဝှက်တွေဖြေနေစရာမလိုတော့ဘဲ “I’m not a robot” ဆိုတဲ့ box လေး ဘေးမှာပဲ အမှန်ခြစ်ပေးဖို့ လိုပါတယ်။


                ဒါပေမယ့် အခုအသစ် ထပ်မံမိတ်ဆက်လိုက်တဲ့ Google ရဲ့ reCAPTCHA စနစ်အသစ်မှာတော့ User အနေနဲ့ ဘာမှ လုပ်ပေးစရာမလိုတော့ပါဘူး။ အမှန်ခြစ်ပေးတဲ့ Box လေးတောင် လုံးဝပါဝင်လာတော့မှာမဟုတ်ဘဲ၊ လူနဲ့ Bot ကို Background မှာပဲ အလိုအလျောက် စစ်ဆေးခွဲခြားတော့မှာဖြစ်ပါတယ်။ Google က ယခုစနစ်အသစ်ကို “Invisible reCAPTCHA” လို့ အမည်ပေးထားပါတယ်။

                Google အနေနဲ့ ယခုစနစ်အသစ်ရဲ့ အလုပ်လုပ်ပုံကိုတော့ တိတိကျကျမရှင်းပြခဲ့ဘဲ၊ “Machine Learning နည်းပညာ နဲ့ ခြိမ်းခြောက်မှုအန္တရာယ်အသစ်တွေကို ကြိုတင်သိရှိနိုင်တဲ့ Advanced Risk Analysis နည်းပညာတို့ကို အသုံးချထားကြောင်း” ပဲ ပြောကြားခဲ့ပါတယ်။ ဒီစနစ် ဘယ်လိုအလုပ်လုပ်လဲဆိုတာကို တိတိကျကျ ရှင်းပြခဲ့ရင် Bot တီထွင်သူတွေက ကျော်ခွနိုင်မယ့်နည်းလမ်းတွေ အလွယ်တကူတွေ့သွားမှာ စိုးရိမ်တာကြောင့် ဖြစ်နိုင်ပါတယ်။

                Google ဟာ reCAPTCHA စနစ်ကို ၂၀၀၉ ခုနှစ်မှာ ဝယ်ယူခဲ့တာဖြစ်ပြီး၊ Developer တွေအနေနဲ့ သူတို့ရဲ့ websites တွေကို Spam နဲ့ Bot တိုက်ခိုက်မှုတွေကနေ ကာကွယ်နိင်အောင် အခမဲ့သုံးခွင့်ပေးထားပါတယ်။



References
Ars Technica
About Author
Assinged Tags
Google Security CAPTCHA
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed