Intel ရဲ့ Bug တွေပါဝင်တဲ့ Spectre Fix တွေကို Disable လုပ်ပေးမယ့် Windows Update ကို အရေးပေါ် ထုတ်ပေးခဲ့ရတဲ့ Microsoft

date_range 30 January 2018

Intel ရဲ့ Bug တွေပါဝင်တဲ့ Spectre Fix တွေကို Disable လုပ်ပေးမယ့် Windows Update ကို အရေးပေါ် ထုတ်ပေးခဲ့ရတဲ့ Microsoft

visibility 240 Views

                Meltdown နဲ့ Spectre တို့ကြောင့် နည်းပညာကုမ္ပဏီတွေလည်း Fix တွေ အမြန်အဆန် ထုတ်ပေးနေရတယ် ဆိုပေမယ့် ထုတ်ပေးလိုက်တဲ့ Fix တွေကလည်း Bug တွေ ပါဝင်နေသေးတာကြောင့် အကြီးအကျယ် တိုင်ပါတ်နေကြရပါတယ်။ အဓိက Bug တွေကတော့ Boot တက်မလာတော့တာနဲ့ ခဏ၊ ခဏ Reboot ကျသွားတာပဲ ဖြစ်ပါတယ်။

                Microsoft အနေနဲ့ Boot တက်မလာတော့တဲ့ ပြဿနာရှိနေတာကြောင့် AMD Processor သုံး PC တွေအတွက် Security Patch ကို ရပ်ဆိုင်းခဲ့ရပြီး အခုအခါမှာလည်း Intel ရဲ့ Bug တွေပါဝင်တဲ့ Spectre Fix တွေကို Disable လုပ်ပေးမယ့် Windows Update ကို အရေးပေါ် ထုတ်ပေးရပြန်ပြီ ဖြစ်ပါတယ်။

                Intel အနေနဲ့လည်း အသုံးပြုသူတွေကို Bug တွေ ရှိ၊ မရှိ သေသေချာချာ စမ်းသပ်စစ်ဆေးပြီး Update လုပ်ဖို့ စိတ်ချရပြီဆိုမှ ထုတ်ပေးထားတဲ့ Fix တွေကို Update မလုပ်ကြဖို့ သတိပေးထားရပါတယ်။ Intel ဘက်က နှောင့်နှေးနေတာကို Microsoft ဘက်က မစောင့်ဆိုင်းနိုင်တော့ဘူး ထင်ပါတယ်။ Windows 7, Windows 8.1 နဲ့ Windows 10 အတွက် Software Update ကို ထုတ်ပေးလိုက်ပါတယ်။

                Microsoft ကတော့ အခုထုတ်ပေးလိုက်တဲ့ Software Update ဟာ Bug တွေ Error တွေ မပါဝင်အောင် သေသေချာချာ စမ်းသပ်စစ်ဆေးထားတာ ဖြစ်တဲ့အတွက် စိတ်ချလက်ချ Update လုပ်လို့ရတယ်လို့ ဆိုပါတယ်။ နောက်ပြီး Microsoft အနေနဲ့ အခု Software Update ကို Windows Update Catalog ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ထုတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

                ဒါ့ကြောင့် Update လုပ်ချင်တယ် ဆိုရင်တော့ Manual Download လုပ်မှ ရပါလိမ့်မယ်။ Microsoft အနေနဲ့ အခု Software Update နဲ့အတူ Registry Key Setting အသစ်ကိုလည်း ထုတ်ပေးခဲ့ပါသေးတယ်။ ဒီ Registry Key Setting အသစ်ကြောင့် Admin တွေဟာ Spectre Fix တွေကို Enable/Disable လုပ်နိုင်မယ်လို့လည်း သိရပါတယ်။

                Microsoft တောင်မှ တစ်လထဲမှာတင် Windows Update နှစ်ခါတိတိ ထုတ်ပေးခဲ့ရတယ် ဆိုတော့ Meltdown နဲ့ Spectre ကို အခုလက်ရှိ နည်းပညာလောကရဲ့ အမွှေစိန် အကြီးစားတွေလို့ ပြောလို့ရနေပြီး ကျွမ်းကျင်သူတွေကတော့ နောက်ထွက်လာမယ့် Software Update တွေဟာ သုံးစားမရတဲ့ Software Update တွေ ဖြစ်မလာဖို့ကိုတော့ မျှော်လင့်နေကြပါတယ်။

References
The Verge
About Author
Assinged Tags
Microsoft Fix Windows Update Bug Fixes Meltdown Spectre CPU Security Flaw
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed