ပထမဆုံးမိုဘိုင်းဖုန်းဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့တာ ဒီနေ့မှာ ၁၂ နှစ်ပြည့်ခဲ့ပါပြီ

date_range 23 February 2017

ပထမဆုံးမိုဘိုင်းဖုန်းဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့တာ ဒီနေ့မှာ ၁၂ နှစ်ပြည့်ခဲ့ပါပြီ

visibility 1400 Views

မိုဘိုင်းဖုန်းတွေကို ကူးစက်နိုင်တဲ့ ပထမဆုံးဖုန်းဗိုင်းရပ်စ် “Cabir” ကို လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပါတယ်။

Cabir ဟာ Symbian OS သုံး Nokia နဲ့Sony Ericsson ဖုန်းတွေကို ကူးစက်ခဲ့တဲ့ malware တစ်ခုဖြစ်ပြီး၊ Bluetooth ကနေတဆင့် အဓိကကူးစက်ခဲ့တာပါ။

Cabir (Caribe လို့လည်းခေါ်တဲ့) ဗိုင်းရပ်စ်အကူးခံရတဲ့ဖုန်းတွေမှာ ဖွင့်လိုက်တိုင်း “Caribe” ဆိုတဲ့ မက်ဆေ့ပေါ်နေခဲ့ကာ၊ ဆိုးကျိုးအနေနဲ့ ဘက်ထရီအရမ်းအကုန်မြန်တာ၊ တခြား Bluetooth ဖွင့်ထားတဲ့ဖုန်းတစ်ခုခုကို ခဏခဏရှာခိုင်းတာတွေ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ တကယ်လို့ Bluetooth ချိတ်မိပြီဆိုတာနဲ့ ဗိုင်းရပ်စ်ဖိုင်ကို ချိတ်ထားတဲ့ဖုန်းဆီလှမ်းပို့ပြီး၊ တစ်ဖက်လူက ဖိုင်ကို Install လုပ်မိတာနဲ့ ဗိုင်းရပ်စ်ထပ်ကူးစက်တာဖြစ်ပါတယ်။

Cabir ဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့တုန်းက ရုပ်သံသတင်းတွေကတောင် အထူးတလည်ကြေငြာခဲ့ရတာကို အောက်ပါဗီဒီယိုမှာ ကြည့်နိုင်မှာပါ။


References
This Day in Tech History
About Author
Assinged Tags
Smartphones Virus Malwares Security
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed